-->
×

Warning

JUser: :_load: Unable to load user with ID: 29





 


 


 


 


 


 


 

Messi ပါဝင်ထားတဲ့ Pepsi မှ ကြော်ငြာ အသစ်

 

------------

 


 


 


 


 


 

Cinema Halls(ရုပ်ရှင်ရုံများ(၃၇)ခုကိုရှာရန်နှိပ်ပါ၊)

 

>>> Unicode <<<

 

Forever 21 ရဲ့ ပိုင်ရှင် အသစ် ရဲ့ ခြေလှမ်း

------------

 

လက်လီ အရောင်း ဆိုင်ဖြစ်တဲ့ Forever 21 ဟာ စီးပွားရေးလုပ်ငန်းကို တိုးချဲ့ နေတယ်သိရပြီး ၊ ကမ္ဘာနှင့်တစ်လွှား ခြေချ ဖို့ စီစဉ်ပြီးသားပါ။

 

Forever 21 ရဲ့ ပိုင်ရှင်အသစ်ဟာ ၎င်းတို့ရဲ့ US မှာ ရှိတဲ့ ဆိုင်တွေကို ပိတ်သိမ်းထားရာမှ ပြန်လည် ဖွင့် လှစ်ရန် အတွက် အသစ်ခန့်အပ်ထားသော Chief executive officer လက်အောက်တွင်ထားရှိကာ စတင်လုပ်ဆောင်တော့ မှာပါ။

 

၎င်းရဲ့ CEO ဖြစ်သူ Jamie Salter ပြောကြားချက်အရ Simon လုပ်ငန်းစု နဲ့ Brookfield လုပ်ငန်းစု တို့ဟာ အမေရိက ရှိ ၄၄၈ ဆိုင်ကို တက်နိုင်သလောက်ပြန်လည် ဖွင့်လစ်မယ်သိရပြီး Forever 21 ဟာ CEO နေရာ ချထားဖို့ အတွက် လူ ၃ ဦးကို အင်တာဗျူးနေပါတယ်။

 

ထိုသုံးဦးထဲက ထိုက်တန်တဲ့ သူက သိပ်မကြာခင်မှာ CEO ဖြစ်လာမှာပါ။ Forever 21 ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက မြေနေရာ ဈေး ထပ်ဆင့် တက်မှု့ တွေကြောင့် ဒေဝါလီခံခဲ့ရပြီး ကမ္ဘာ့ ဈေးကွက်မှာ ဆုံးရှုံးမှု့ တွေများစွာ ရခဲ့ ပါတယ်

 

Forever 21 တင်မက ပါဘူး သူတို့နဲ့ အတူ ပြိုင်ဘက် လုပ်ငန်းစုတွေဖြစ်တဲ့ အခြား လက်လီ အရောင်းဆိုင်တွေလဲ မကြာ သေး မှီ နှစ်က ပိတ်ခဲ့ရပါတယ်။ယခု လက်ရှိပိုင်ရှင်ဟာ ၈၁ မီလီယံ နဲ့ သဘောတူညီ ပေးဝယ်ခဲ့တာပါ။

 

အခုဆိုရင် Forever 21 ကနေပြီး လက်ဝတ်ရတနာ လက်ကားအရောင်း , ဖိနပ် , ပိုက်ဆံအိတ် စတာတွေကိုပါ စတင်မိတ်ဆက်တော့ မှာပါလို့ ၎င်းရဲ့ CEO ဖြစ်သူ Jamie Salter ကပြောကြားထားပါတယ်။

 

Jamie Salter ရဲ့ ထပ်မံ ပြောကြားချက် အရတော့ အခြား နာမည်ရ Brand တွေနဲ့ လည်း ပူးပေါင်းဖို့ အစီအစဉ်ရှိပါတယ်တဲ့။ထို့အပြင် ABG နဲ့ ပူးပေါင်းပြီး ယခင်ခေတ် Celebrity တွေအထူးပြု Product တွေလည်း ထုတ်လုပ်အုံးမှာပါတဲ့။

 

တကယ့်ကို အမိုက်စား တီထွင် ဖန်တီးမှု့ တွေ Forever 21 က ပြု လုပ်တော့ မှာဖြစ်ပြီး ယခင် Hollywood မှ မင်းသမီးကြီး မာရလင် မွန်ရိုး , Hollywood မှ မင်းသားကြီး ဖြစ်တဲ့ Elvis Presley စတဲ့ သူတွေကို အထူးပြု Product ထုတ်အုံးမှာပါတဲ့။

 

သေဆုံးသွားပြီဖြစ်သော Audrey Hepburn ကို ပြန်လည်သရုပ်ဆောင်ခိုင်းထားတဲ့ Galaxy ကြော်ငြာ

 

ကမ္ဘာ့ နင့်တစ်လွှားချဲ့ ထွင်ခြင်း
------------

 

အခု Forever 21 ရဲ့ ပိုင်ရှင် အသစ်ဟာဆိုရင်တော့ လော့ အိမ်ဂျလိစ့် မြို့ ကနေစပြီး ဥရောပ , တောင်အမေရိက , တရုပ် , အရှေ့ အလယ်ပိုင်း နဲ့ အရှေ့ အာရှ နိုင်ငံများ အထိပါ ဆက်လက်ဆိုင်ခွဲများဖွင့် လှစ်သွားဖို့ ရည်ရွယ်နေပါတယ်တဲ့။

 

ထို့အပြင် လက်တင်အမေရိက မှာရော , ကာရေဘီယံ နဲ့ ဖိလစ်ပိုင်တို့ တွင်ပါ ပါတနာ ရှစ်နဲ့ ဆက်လက် ဖွင့်လှစ်ဖို့ ကြိုးစားမယ်သိရပါတယ်။

 

Jamie Salter ရဲ့ ပြောကြားချက်ကတော့ အမေရိက ရဲ့ ယခင်က Forever 21 မရှိတဲ့ မြို့တွေမှာ ၎င်းတို့ အနေနဲ့ ဆိုင်ခွဲတွေ ထက်မံ ဖွင့် ချင်တယ် လို့ပြောကြားထားပါတယ်။

 

ထို့အပြင် Forever 21 Brand ဟာ ၎င်းတို့ ပြု လုပ်ထားတဲ့ Market Research အရ ဆို တစ်ကမ္ဘာ့ လုံးက လူတိုင်းအပေါ် လွမ်းမိုး မှု့ ရှိတာ တွေ့ရတယ်။ ၎င်းတို့ Brand ကိုအားပေးတဲ့ customer တွေက Brand ကို ချစ်ကြတယ်တဲ့။

 

ထိုပုံအတိုင်းကြည့်ရရင်တော့ Forever 21 က ပြန်လည် ဦးမော့ လာမည့် ပုံပဲ ဆိုကာ ကမ္ဘာ့ လက်လီ အရောင်း ဆိုင်များ အသင်း ၏ စီမံ ခန့်ခွဲ မှု့ နှင့် အကြံပေးရေး အရာ ရှိ Greg Portell က ကောက်ချက်ချ ထားတာတွေ့ရပါတယ်။

 

Source From Bloomberg News

Myanmar Advertising Directory 

Read times
Rate this item
(0 votes)