-->
×

Warning

JUser: :_load: Unable to load user with ID: 29


Wonder Woman ဇာတ်ကားမှ စွန့်ဦးတီထွင်သူများအတွက် သင်ယူနိုင်သည့်အချက်များ

Wonder Woman ဇာတ်ကားမှ စွန့်ဦးတီထွင်သူများအတွက် သင်ယူနိုင်သည့်အချက်များ Google

Wonder Woman ဆိုတာနဲ့ စာဖတ်ပရိတ်သတ်ကြီးလည်း တစ်ပြိုင်နက်သန်သန်မာမာညှို့အားကောင်းကောင်းနှင့် သူရဲကောင်းမင်းသမီးအကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင် ဇာတ်ကားကို တန်းမြင်မိမှာပါ။ ထိုဇာတ်ကားဟာ ကမ္ဘာကျော်လူကြိုက်များခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး လူကြိုက်များရခြင်းအကြောင်း အရင်းထဲမှ အဓိကအချက်ကတော့ ဇာတ်လမ်းမှတစ်ဆင့် သင်ခန်းစာယူစရာအချက်အလက်များစွာရှိခြင်းပဲဖြစ်ပါတယ်။

ယနေ့ Myanmar Directory မှ Wonder Woman ဇာတ်ကားမှ စွန့်ဦးတီထွင်သူများအတွက် သင်ယူနိုင်သည့် အချက်များကို တင်ပြပေးလိုက်ပါတယ်။

၁။ သူတစ်ပါးရဲ့လွှမ်းမိုးမှုကိုမခံယူပါနှင့်

Wonder Woman ဇာတ်ကားထဲမှာ မင်းသမီးက သူမ၏စွန့်စားခန်းအတွက် သူမနေထိုင်ကြီးပြင်းခဲ့သော အမျိုးသမီးကျွန်းဆွယ်မှ စတင်ထွက်ခွာခဲ့ပါတယ်။

ထိုသို့ထွက်ခွာချိန်မှာ သူမဘေးပတ်ဝန်းကျင်တွင်ရှိသော မိတ်ဆွေအပေါင်းအသင်းဆွေမျိုးများက မသွားရောက်ရန် တားမြစ်ခဲ့ကြပါတယ်။ သို့သော်လည်း သူမက စွန့်ဦးတီထွင်စိတ်ရှိသူတစ်ယောက်ပီပီ သူမ၏ ကျွန်းဆွယ်ကို စွန့်ခွာကာ ယုံကြည်မှုတစ်ခု အတွက် ဆွဲဆွဲမြဲမြဲ ဇွဲမလျှော့ဘဲ လုပ်ဆောင်ခဲ့ပါတယ်။

၂။ သနားကြင်နာခြင်းက ခွန်အားတစ်မျိုးဖြစ်ခြင်း

Wonder Women ဇာတ်ကားထဲတွင် မင်းသမီးက သူ့ထက်ယှဉ်ပြိုင်နိုင်စွမ်းအလွန်ကြီးမားတဲ့ ရန်သူနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ သို့သော်လည်း သူမ၏ ကမ္ဘာ့မြေလူသားများအပေါ်သနားကြင်နာခြင်းက စွမ်းအားပိုမိုကြီးမားစေကာ ရန်သူကို အလဲထိုးလိုက်နိုင်ပါတယ်။

၃။ အမျိုးသား အမျိုးသမီး လိင်ခွဲခြားမှုမရှိခြင်း

Wonder Woman ဇာတ်ကားဟာ အကောင်းဆုံး အမျိုးသမီးလူစွမ်းကောင်းရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ရုပ်ရှင်ဖန်တီးမှုဒါရိုက်တာကိုယ်တိုင်အမျိုးသမီးဖြစ်သည့်အတွက် အမျိုးသမီးများ၏ အစွမ်းကို ရှင်းလင်းစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။

ထို့ပြင် ရုပ်ရှင်ဇာတ်လမ်းမှစတင်၍ အမျိုးသမီးများလည်း ခေါင်းဆောင်တစ်ဦးအနေနှင့် ဦးဆောင်နိုင်ကြောင်း ရှင်းလင်းစွာသင်ခန်းစာပြသွားသော ရုပ်ရှင်လည်းဖြစ်ပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(1 Vote)