-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာလုပ်ငန်းတွေမှာ အသုံးအများဆုံး TTL Marketing

ကြော်ငြာလုပ်ငန်းတွေမှာ အသုံးအများဆုံး TTL Marketing google

ကြော်ငြာလုပ်ငန်းတွေမှာ TTL ( Through-the-Line Marketing ) ဆိုတာ ကုန်အမှတ်တံဆိပ်ကို ပိုပြီး ကျယ်ပြန့်စေမယ့်၊ ရောင်းရစေမယ့် တိုက်ရိုက်နည်းလမ်းတွေကို သုံးတဲ့ အထိရောက်ဆုံး

Integrated Marketing ပဲ ဖြစ်ပါတယ်။ အခုဆိုရင် TTL ကို စီးပွားရေးလုပ်ငန်းတိုင်းလိုလို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါပြီ။

 

TTL Marketing လုပ်ငန်းတွေထဲမှာ တီဗွီ၊ ရေဒီယို၊ သတင်းစာ၊ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေမှာ ကြော်ငြာခြင်း၊ SMS နဲ့ အီးမေးများ ပေးပို့ ကြော်ငြာခြင်း၊ ကုန်စည်ပြပွဲနဲ့Road-show များ ပြုလုပ်ခြင်း၊ အရောင်းစင်တာတွေမှာ ပရိုမိုးရှင်းများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဝေခြင်း၊ ကုန်ပစ္စည်း နမူနာများ ပေးဝေခြင်း စတာတွေ ပါဝင်ပါတယ်။

TTL Marketing ဆိုတာ ATL နဲ့ BTL မားကတ်တင်းနည်းလမ်းတွေ ပေါင်းစပ်ထားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေက ATL ကို သီးသန့်လုပ်ပြီး တချို့ ကုမ္ပဏီတွေကတော့ BTLတစ်ခုထဲပဲ သီးသန့် လုပ်ဆောင်တာမျိုး ရှိပါတယ်။

ATL Marketing က ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူအမြောက်အမြားကို ကြော်ငြာတဲ့ ပုံစံမျိုးပါ။ စီးပွားရေးလုပ်ငန်း၊ ထုတ်ကုန်ပစ္စည်းတွေ ရေရှည် တည်တံ့ကောင်းမွန်ဖို့၊ Brand တည်ဆောက်ဖို့နဲ့ လူသိများလာစေဖို့အတွက် သုံးကြပါတယ်။

တီဗွီ၊ ရေဒီယို၊ သတင်းစာ၊ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေမှာ ကြော်ငြာတာ၊ SMS နဲ့ အီးမေးမားကတ်တင်း၊ ကုန်စည်ပြပွဲနဲ့Road-show တွေ ကျင်းပတာ၊ အရောင်းစင်တာတွေမှာ ပရိုမိုးရှင်း ပြုလုပ်တာတွေက ATL ထဲမှာ ပါဝင်ပါတယ်။

BTL Marketing ကတော့ ကုမ္ပဏီအနေနဲ့ မိမိတို့ ရောင်းချလိုတဲ့ သီးသန့်လူတစ်စုကိုပဲ အဓိကထားလုပ်တဲ့ မားကတ်တင်းမျိုး ဖြစ်ပါတယ်။ နေရာတစ်ခုမှာ လက်ကမ်းစာစောင်ဝေခြင်း၊ Target ထားတဲ့လူတစ်စုကိုပဲ Facebook မှာ ကြော်ငြာခြင်း၊ သီးသန့်လုပ်ငန်းစုကို တယ်လီဖုန်း မားကတ်တင်းလုပ်ခြင်းမျိုး စတာတွေ ဖြစ်ပါတယ်။

Credit - Advertising Note

Myanmar Advertising Directory

Read More…မိမိရဲ့ ပေ့ခ်ျမှာ ပို့စ်တွေ တစ်နေ့တစ်မျိုး မရိုးအောင် တင်ချင်တဲ့ သူတွေအတွက် Tips များ

Read times
Rate this item
(2 votes)