-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကွန်ပျူတာလုပ်ငန်းကို Foxconn ပိုင်ဆိုင်တဲ့ Sharp ထံ ရောင်းချခဲ့တဲ့ Toshiba

ကွန်ပျူတာလုပ်ငန်းကို Foxconn ပိုင်ဆိုင်တဲ့ Sharp ထံ ရောင်းချခဲ့တဲ့ Toshiba google.com

Toshiba ဟာ Laptop လုပ်ငန်းမှာ ရှေ့ဆောင်တီထွင်သူဖြစ်ခဲ့ပေမဲ့ ကုမ္ပဏီရဲ့ ကျဆင်းနေတဲ့ ကွန်ပျူတာလုပ်ငန်းကို Foxconn ပိုင်ဆိုင်တဲ့ Sharp ဆီ ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Toshiba ရဲ့ ကွန်ပျူတာလုပ်ငန်းအတွင်းက ရှယ်ယာ 80% ကို

ယန်း ၄ ဘီလီယံ(ဒေါ်လာ ၃၆ သန်း)နဲ့ ရောင်းချသွားမယ်လို့ ဘဏ္ဍာရေးထုတ်ပြန်ချက်အရ သိရပါတယ်။

အခုအရောင်းအ၀ယ် သဘောတူညီချက်ကို အောက်တိုဘာလမှာ အပြီးသတ်ဖို့ အစီအစဉ် ရေးစွဲထားပါတယ်။

ဂျပန်ကုမ္ပဏီ Toshiba ဟာ အမြတ်အစွန်းတွေကို အစီရင်ခံစာမှာ မမှန်မကန်ဖော်ပြခဲ့တဲ့အရှုပ်တော်ပုံနဲ့ ကွန်ပျူတာဈေးကွက် တိုးတက်မှုနှုန်း အားနည်းသွားတဲ့ ကိစ္စတွေကြောင့်

2015 ခုနှစ်နောက်ပိုင်းမှာ လုပ်ငန်းကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့ ကြိုးစားနေပါတယ်။

Toshiba ဟာ ကုန်ကျစရိတ်တွေကို ဖြတ်တောက်ဖို့ 2015 ခုနှစ်မှာ အလုပ်အကိုင် ၇၈၀၀ ကျော်ကို လျှော့ချလိုက်ပါတယ်။

Toshiba ရဲ့ ကွန်ပျူတာလုပ်ငန်းအနေနဲ့ လုပ်ငန်းရှင်တွေဆီ ထုတ်ကုန်ပေါင်းများစွာ ရောင်းချပြီး ၀င်ငွေရရှိဖို့ ကြိုးစားခဲ့ပါတယ်။

ကုမ္ပဏီရဲ့ ကွန်ပျူတာလုပ်ငန်းအတွက်ကော်ပိုရိတ်တန်ဖိုး ပိုမိုရှာဖွေဖို့ ရှယ်ယာအများစုကို Sharp ထံ ရောင်းချခဲ့တယ်လို့ ဇွန်လ ၅ ရက်(အင်္ဂါနေ့)က Toshiba ကပြောခဲ့ပါတယ်။

ရှယ်ယာလွှဲပြောင်းမှုအပြီးမှာ Toshiba အနေနဲ့ ကွန်ပျူတာထုတ်ကုန်တွေနဲ့ (Toshiba Client SolutionCo.) က

ဒီဇိုင်းထုတ်လုပ်ပြီး ရောင်းချတဲ့ equiement အတွက် အမှတ်တံဆိပ် လိုင်စင်တွေကို ဆက်လက်ထောက်ပံ့သွားမယ် လို့ ဘဏ္ဍာရေးထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

အခု အရောင်းအ၀ယ်ဟာ Sharp ကို ကွန်ပျူတာဈေးကွက်ထဲ ပြန်လည်ဝင်ရောက်ဖို့ လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်။

Sharp ဟာ 2010 ခုနှစ်မှာ ကွန်ပျူတာဈေးကွက်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ Sharp ဟာ ဘဏ္ဍာရေးအရ ရုန်းကန်နေရတဲ့ ဂျပန်ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။

2016 ခုနှစ်မှာ Sharp ကို ထိုင်ဝမ်အခြေစိုက် iPhone တပ်ဆင်ထုတ်လုပ်ရေးကုမ္ပဏီ Foxconn Technology Goup က ဒေါ်လာ ၃.၈ ဘီလီယံနဲ့ ၀ယ်ယူခဲ့ပါတယ်။

Read-ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ်ကို ပြသနိုင်တဲ့ကြော်ငြာ

Source; Internet

Read times
Rate this item
(1 Vote)