-->
×
Warning
JUser: :_load: Unable to load user with ID: 29
ကြော်ငြာတွေကို ကြော်ငြာပါ
ကြော်ငြာတွေကို ကြော်ငြာပါ google.com
Read-ကမ္ဘာကျော် အမှတ်တံဆိပ်တွေ Franchise –(လုပ်ငန်းခွဲ) ဘယ်လိုထူထောင်ကြသလဲ... ? ? ?
Unicode Version
သင့်ကြော်ငြာသည် ကြော်ငြာတစ်ခု တကယ်ဖြစ်ပါသလား။ ကြော်ငြာတစ်ခု တစ်ကယ်ဖြစ်ဖို့ရာ အာရုံစူးစိုက်ခံရဖို့ နဲ့ ဂရုပြုခံရဖို့ အလွန်အရေးကြီးပါတယ်။ ယခုခေတ်မှာဆို ကြောငြာနိုင်မယ့် နေရာ၊ အရင်းအမြစ်တွေ အလွန်များပြားလာနေပါပြီ။ ကြော်ငြာတွေထဲမှာဆိုလျှင် digital နည်းပညာကို အသုံးပြုပြီး ကြောငြာတာတွေကလည်း အလွန်ခေတ်စားလာပါပြီ။
သို့သော သာမန်ရိုးကျ ကြော်ငြာခြင်းတွေကိုလည်း အသုံးပြုနေဆဲပါ။ ကိုယ့်ကုန်ပစ္စည်းနဲ့သင့်တော်မယ့် နေရာကို ရွေးချယ်တတ်ဖို့တော့လိုပါတယ်။ အကယ်၍ ပုံနှိပ်ကြော်ငြာဖြစ်ပါက အလိုလိုဂရုပြုခံရသော နေရာဖြစ်ရန် လိုအပ်လိုသည်။ ဆိုလိုသည်မှာ ယာဘက်ခြမ်း စာမျက်နှာ၏ ယာဘက်အပေါ်ထောင့်နေရာ ဖြစ်ရမယ်။ ရုပ်မြင်သံကြား ကြော်ငြာဖြစ်ပါက ပရိတ်သတ်အများဆုံးကြည့်သည့် အစီအစဉ်တွင် ဖြစ်ရမည်။
စိတ်ဝင်တစားဖြစ်ခံရဖို့လည်း လိုသည်။ မိမိသန်ရာသန်ရာ ကဏ္ဍကို စိတ်ဝင်တစားဖြစ်မိတတ်သည့် သဘာဝကို အသုံးချရမည်။ စိတ်ဝင်စားမှုကို ဖြစ်ပေါစေသော စကားလုံးများဖြစ်သည့် free ၊ အခမဲ့၊လျှော့စျေး စသော စကားလုံးများကိုလည်း သုံးစွဲသင့်သည်။
သင့်ကြော်ငြာသည် ကုန်ပစ္စည်းကို သုံးလိုသောဆန္ဒဖြစ်ပေါ်စေရန်လည်း လိုအပ်ပါတယ်။ မိမိကြော်ငြာသည့် ပစ္စည်းကိုဖြစ်စေ၊ ၀န်ဆောင်မှုကို ဖြစ်စေ သုံးစွဲရန်အတွက် ယုံကြည်စိတ်ချရမှုကို ကြော်ငြာသုံးပြီး ထူထောင်ရန် အရေးကြီးပါတယ်။ ဖြစ်နိုင်ပါက ပစ္စည်းစျေးနှုန်းကိုပါ ဖော်ပြသင့်သည်။ ထိုသို့သော ဂုဏ်သတ္တိများနှင့် ပြည့်စုံသော ကြော်ငြာသည် ကြော်ငြာတစ်ခု တကယ်ဖြစ်ပြီဟု ဆိုနိုင်ပါတယ်။
Read times
Rate this item
(1 Vote)