-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမၻာေက်ာ္ အမွတ္တံဆိပ္ေတြ Franchise –(လုပ္ငန္းခြဲ) ဘယ္လုိထူေထာင္ၾကသလဲ... ? ? ?

ကမၻာေက်ာ္ အမွတ္တံဆိပ္ေတြ Franchise –(လုပ္ငန္းခြဲ) ဘယ္လုိထူေထာင္ၾကသလဲ... ? ? ? google.com

ယေန႔ေခတ္ ကမၻာမွာ ႏုိင္ငံအႏွံ႔ကုိ ေစ်းကြက္ျဖန္႔က်က္ထုိးေဖာက္ေနတဲ့ KFC, Burger King, McDonald’s, Pizza Hut စတဲ့ စီးပြားေရးလုပ္ငန္းေတြရဲ႕ အဓိက မဟာဗ်ဴဟာေတြဟာ (Franchise - လုပ္ငန္းခြဲ) ေပးျခင္းပဲျဖစ္ပါတယ္။

ဘာေၾကာင့္ ယေန႔ေခတ္ ကမၻာေက်ာ္ Brand ေတြ ျဖစ္လာသလဲဆုိရင္ ေစ်းကြက္မဟာဗ်ဴဟာ ေၾကာင့္ျဖစ္ပါတယ္။ Strategy ဆုိတာ ေစ်းကြက္အေပၚ မမူတည္ပါဘူး၊ ဖန္တီးမႈအေပၚမွာသာ မူတည္ပါတယ္၊ ျဖစ္ေနတဲ့ ေစ်းကြက္အေျခအေနကုိ ဘယ္လုိ ထိုးေဖာက္၀င္ေရာက္ျပီး ေအာင္ျမင္ေအာင္ ဖန္တီးမလဲဆုိတာ Strategy ရဲ႕ ေဖာ္ေဆာင္မႈပင္ျဖစ္ပါတယ္။

ယေန႔ေခတ္ ဘာေၾကာင့္ ကမၻာေက်ာ္ အမွတ္တံဆိပ္ေတြက Franchise လုပ္ငန္းေတြကုိ ထူေထာင္ၿပီး၊ အက်ိဳးေက်းဇူးေတြ ဘာေတြျဖစ္လာသလဲဆုိတဲ့ အခ်က္ေတြကေတာ့…

လုပ္ငန္းခြဲေပးသည့္ စီးပြားေရးလည္း ပုိမုိတုိးတက္သလုိ၊ လုပ္ငန္းခြဲယူသည့္ Franchisee မွာလည္း လုပ္ငန္းစတင္မႈ အခက္အခဲမ်ား၊ ေစ်းကြက္က်ရႈံးႏုိင္မႈ အေျခအေနမ်ား လုံး၀မရွိေတာ့ပဲ၊ ေအာင္ျမင္မႈ ရရွိၿပီးေသာ လုပ္ငန္းမဟာဗ်ဴဟာျဖင့္ အဆင့္သင့္ေဆာင္ရြက္ႏုိင္မႈ အားသာခ်က္မ်ား၊ ROI လုပ္ငန္း အက်ိဳးအျမတ္ အခ်ိန္တုိအတြင္းရရွိႏုိင္မႈ၊ ေစ်းကြက္၀ယ္လုိအား ပိုမုိရရွိႏုိင္မႈႏွင့္ ေဖာက္သည္မ်ား ပုိမုိယုံၾကည္မႈရွိျခင္းႏွင့္ ေရရွည္စီးပြားေရးပုံစံသုိ႔ Brand, System, Partner အားလုံး၏ တျပိဳင္တည္း ေစ်းကြက္ထုိးေဖာက္မႈျဖင့္ လုပ္ငန္းတုိးတက္မႈသုိ႔ ေသခ်ာေပါက္ ေအာင္ျမင္ႏုိင္မွာျဖစ္ပါတယ္။

Franchise Business (လုပ္ငန္းခြဲေတြ ဘယ္လုိထူေထာင္ၾကသလဲ) အဓိက (အခ်က္ - ၃ ခ်က္) ကုိ ေလ့လာျပီး ဖန္တီးတည္ေဆာက္ရမွာျဖစ္ပါတယ္။

(၁) Franchising - လုပ္ငန္းခြဲေထာင္မႈကုိ ဘယ္လုိစနစ္မ်ားႏွင့္ လည္ပတ္မလဲဆုိတဲ့ လုပ္ငန္းပုံစံရွိျခင္း

(၂) Franchisor - လုပ္ငန္းခြဲေပးမည့္ ပင္မစီးပြားေရး ပုိင္ရွင္မွ လုပ္ငန္းစနစ္မ်ား လမ္းညႊန္္ထားရွိျခင္း

(၃) Franchisee - လုပ္ငန္းခြဲယူမည့္သူမွ လုိက္နာေဆာင္ရြက္မည့္ သေဘာတူညီမႈမ်ားထားရွိျခင္း

Franchise လုပ္ငန္းတခု ေအာင္ျမင္မႈဆုိရာမွာ. Franchising စနစ္ေတြေရာ၊ Franchisor လုပ္ငန္းပုိင္ရွင္၏ လမ္းညႊန္မႈေရာ၊ Franchisee လုပ္ငန္းခြဲယူမည့္သူ၏ လုပ္ငန္းေဖာ္ေဆာင္မႈ စတဲ့ အခ်က္ (၃-ခ်က္) စလံုး အားသာမွသာ ေအာင္ျမင္မွာျဖစ္ပါတယ္။

Read-လုပ္ငန္းတစ္ခု စတင္တဲ႔အခါ ဘာေတြစဥ္းစားသင့္လဲ

Franchise Business (လုပ္ငန္းခြဲေတြ ထူေထာင္သည့္အခါ) Franchisor လုပ္ငန္းပုိင္ရွင္ႏွင့္ Franchisee လုပ္ငန္းခြဲယူမည့္သူအၾကား အေျခခံရွိထားသင့္တဲ့ အခ်က္မ်ား

- Franchise System (လုပ္ငန္းခြဲထူေထာင္မည့္ စနစ္မ်ားကုိ ေရးဆြဲလမ္းညႊန္ျခင္း)

- Franchise Partner (လုပ္ငန္းခြဲထူေထာင္မည့္ လုပ္ကုိင္ဖက္ကုိ ေရြးခ်ယ္ျခင္း)

- Franchise Rules (လုပ္ငန္းခြဲထူေထာင္မည့္ စည္းကမ္းမ်ား သတ္မွတ္ျခင္း)

- Franchise Share (လုပ္ငန္းခြဲထူေထာင္မည့္ အက်ိဳးအျမတ္မ်ား သတ္မွတ္ျခင္း)

- Franchise Control KPI (လုပ္ငန္းခြဲထူေထာင္မည့္ ထိန္းခ်ဳပ္မႈပုံစံ ေအာင္ျမင္မႈစံနႈန္းမ်ားရွိျခင္း)

- Franchise Contract (လုပ္ငန္းခြဲထူေထာင္မည့္ စာခ်ဳပ္စာတမ္းမ်ား ထားရွိျခင္း)

ေနာင္မွာ တုိးတက္လာေတာ့မဲ့ အနာဂတ္စီးပြားေရးအခြင့္အလမ္းမ်ားစြာမွာ…

- ေအာင္ျမင္တဲ့ လုပ္ငန္းမ်ားကုိ ထူေထာင္ၿပီး လုပ္ငန္းခြဲေပးမည့္ Franchisor သူေတြအတြက္

တျခားေသာ ေအာင္ျမင္တဲ့ လုပ္ငန္းခြဲမ်ားယူၿပီး စီးပြားေရးလုပ္မည့္ Franchisee သူေတြ အတြက္ ယခုတင္ျပထားတဲ့ Franchising လုပ္ငန္းခြဲထူေထာင္မႈ နည္းလမ္းေတြဟာ (အနာဂတ္) မွာ မ်ားစြာအသုံး၀င္လာမွာပါ။

စီးပြားေရးမွာ အေရးၾကီးတဲ့အရာ (၂-ခု) ပါပဲ - Innovation (ဆန္းသစ္တီထြင္ျခင္း) ႏွင့္ Marketing (ေစ်းကြက္ေဖာ္ေဆာင္ျခင္း) ျဖစ္တယ္လုိ႔ - စီးပြားေရးပညာရွင္ၾကီး Peter Drucker မွ ဆုိထားပါတယ္...

Credit; ဇင္ျဖိဳးပုိင္ (MESI Institute)

(Unicode Version)

ယနေ့ခေတ် ကမ္ဘာမှာ နိုင်ငံအနှံ့ကို စျေးကွက်ဖြန့်ကျက်ထိုးဖောက်နေတဲ့ KFC, Burger King, McDonald’s, Pizza Hub စတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အဓိက မဟာဗျူဟာတွေဟာ (Franchise - လုပ်ငန်းခွဲ) ပေးခြင်းပဲဖြစ်ပါတယ်။
ဘာကြောင့် ယနေ့ခေတ် ကမ္ဘာကျော် Brand တွေ ဖြစ်လာသလဲဆိုရင် စျေးကွက်မဟာဗျူဟာ ကြောင့်ဖြစ်ပါတယ်။ Strategy ဆိုတာ စျေးကွက်အပေါ် မမူတည်ပါဘူး၊ ဖန်တီးမှုအပေါ်မှာသာ မူတည်ပါတယ်၊ ဖြစ်နေတဲ့ စျေးကွက်အခြေအနေကို ဘယ်လို ထိုးဖောက်ဝင်ရောက်ပြီး အောင်မြင်အောင် ဖန်တီးမလဲဆိုတာ Strategy ရဲ့ ဖော်ဆောင်မှုပင်ဖြစ်ပါတယ်။
ယနေ့ခေတ် ဘာကြောင့် ကမ္ဘာကျော် အမှတ်တံဆိပ်တွေက Franchise လုပ်ငန်းတွေကို ထူထောင်ပြီး၊ အကျိုးကျေးဇူးတွေ ဘာတွေဖြစ်လာသလဲဆိုတဲ့ အချက်တွေကတော့…
လုပ်ငန်းခွဲပေးသည့် စီးပွားရေးလည်း ပိုမိုတိုးတက်သလို၊ လုပ်ငန်းခွဲယူသည့် Franchisee မှာလည်း လုပ်ငန်းစတင်မှု အခက်အခဲများ၊ စျေးကွက်ကျရှုံးနိုင်မှု အခြေအနေများ လုံးဝမရှိတော့ပဲ၊ အောင်မြင်မှု ရရှိပြီးသော လုပ်ငန်းမဟာဗျူဟာဖြင့် အဆင့်သင့်ဆောင်ရွက်နိုင်မှု အားသာချက်များ၊ ROI လုပ်ငန်း အကျိုးအမြတ် အချိန်တိုအတွင်းရရှိနိုင်မှု၊ စျေးကွက်ဝယ်လိုအား ပိုမိုရရှိနိုင်မှုနှင့် ဖောက်သည်များ ပိုမိုယုံကြည်မှုရှိခြင်းနှင့် ရေရှည်စီးပွားရေးပုံစံသို့ Brand, System, Partner အားလုံး၏ တပြိုင်တည်း စျေးကွက်ထိုးဖောက်မှုဖြင့် လုပ်ငန်းတိုးတက်မှုသို့ သေချာပေါက် အောင်မြင်နိုင်မှာဖြစ်ပါတယ်။
Franchise Business (လုပ်ငန်းခွဲတွေ ဘယ်လိုထူထောင်ကြသလဲ) အဓိက (အချက် - ၃ ချက်) ကို လေ့လာပြီး ဖန်တီးတည်ဆောက်ရမှာဖြစ်ပါတယ်။
(၁) Franchising - လုပ်ငန်းခွဲထောင်မှုကို ဘယ်လိုစနစ်များနှင့် လည်ပတ်မလဲဆိုတဲ့ လုပ်ငန်းပုံစံရှိခြင်း
(၂) Franchisor - လုပ်ငန်းခွဲပေးမည့် ပင်မစီးပွားရေး ပိုင်ရှင်မှ လုပ်ငန်းစနစ်များ လမ်းညွှန််ထားရှိခြင်း
(၃) Franchisee - လုပ်ငန်းခွဲယူမည့်သူမှ လိုက်နာဆောင်ရွက်မည့် သဘောတူညီမှုများထားရှိခြင်း
Franchise လုပ်ငန်းတခု အောင်မြင်မှုဆိုရာမှာ. Franchising စနစ်တွေရော၊ Franchisor လုပ်ငန်းပိုင်ရှင်၏ လမ်းညွှန်မှုရော၊ Franchisee လုပ်ငန်းခွဲယူမည့်သူ၏ လုပ်ငန်းဖော်ဆောင်မှု စတဲ့ အချက် (၃-ချက်) စလုံး အားသာမှသာ အောင်မြင်မှာဖြစ်ပါတယ်။

Franchise Business (လုပ်ငန်းခွဲတွေ ထူထောင်သည့်အခါ) Franchisor လုပ်ငန်းပိုင်ရှင်နှင့် Franchisee လုပ်ငန်းခွဲယူမည့်သူအကြား အခြေခံရှိထားသင့်တဲ့ အချက်များ
- Franchise System (လုပ်ငန်းခွဲထူထောင်မည့် စနစ်များကို ရေးဆွဲလမ်းညွှန်ခြင်း)
- Franchise Partner (လုပ်ငန်းခွဲထူထောင်မည့် လုပ်ကိုင်ဖက်ကို ရွေးချယ်ခြင်း)
- Franchise Rules (လုပ်ငန်းခွဲထူထောင်မည့် စည်းကမ်းများ သတ်မှတ်ခြင်း)
- Franchise Share (လုပ်ငန်းခွဲထူထောင်မည့် အကျိုးအမြတ်များ သတ်မှတ်ခြင်း)
- Franchise Control KPI (လုပ်ငန်းခွဲထူထောင်မည့် ထိန်းချုပ်မှုပုံစံ အောင်မြင်မှုစံနှုန်းများရှိခြင်း)
- Franchise Contract (လုပ်ငန်းခွဲထူထောင်မည့် စာချုပ်စာတမ်းများ ထားရှိခြင်း)
နောင်မှာ တိုးတက်လာတော့မဲ့ အနာဂတ်စီးပွားရေးအခွင့်အလမ်းများစွာမှာ…
- အောင်မြင်တဲ့ လုပ်ငန်းများကို ထူထောင်ပြီး လုပ်ငန်းခွဲပေးမည့် Franchisor သူတွေအတွက်
တခြားသော အောင်မြင်တဲ့ လုပ်ငန်းခွဲများယူပြီး စီးပွားရေးလုပ်မည့် Franchisee သူတွေ အတွက် ယခုတင်ပြထားတဲ့ Franchising လုပ်ငန်းခွဲထူထောင်မှု နည်းလမ်းတွေဟာ (အနာဂတ်) မှာ များစွာအသုံးဝင်လာမှာပါ။
စီးပွားရေးမှာ အရေးကြီးတဲ့အရာ (၂-ခု) ပါပဲ - Innovation (ဆန်းသစ်တီထွင်ခြင်း) နှင့် Marketing (စျေးကွက်ဖော်ဆောင်ခြင်း) ဖြစ်တယ်လို့ - စီးပွားရေးပညာရှင်ကြီး Peter Drucker မှ ဆိုထားပါတယ်...
Credit; ဇင်ဖြိုးပိုင် (MESI Institute)

Read times
Rate this item
(0 votes)