-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဦးေႏွာက္ဆိုတာ မွတ္ဖို႔လား ေတြးဖို႔လား

ဦးေႏွာက္ဆိုတာ မွတ္ဖို႔လား ေတြးဖို႔လား google.com

ကမာၻေပၚမွာ ေမာ္ေတာ္ကားကို ပထမဆံုးတီထြင္ထုတ္လုပ္ခဲ့တဲ့ မီလ်ံနာသူေဌးႀကီး ဟင္နရီဖို႔ဒ္ကို ခ်ီကာဂိုထရီဘြန္းသတင္းစာႀကီးက "နလပိန္းတံုး" လို႔ ေရးသားေဖၚျပခဲ့လို႔ သူေဌးႀကီးဖို႔ဒ္က သတင္းစာတိုက္ကို တရားစြဲပါတယ္။ တရားရံုးေတာ္ရဲ႕ တရားခြင္မွာ သူေဌးႀကီးက

သတင္းစာတိုက္က သတင္းေထာက္ေတြကို သူ႔ကို 'နလပိန္းတံုး' 'ဘာမွ မသိသူ' လို႔ ေရးသားေဖၚျပခဲ့တာ မွန္ကန္ေၾကာင္းကို သက္ေသျပခိုင္းပါတယ္။ သတင္းေထာက္ေတြက သူေဌးႀကီးကို လူတိုင္းနီးပါး ေျဖႏိုင္တဲ့ ခုလို ေမးခြန္းေလးေတြ ေမးၾကတယ္။

- "အေမရိကန္ႏိုင္ငံရဲ႕ ပထမဆံုးဗိုလ္ခ်ဳပ္ႀကီးဟာ ဘယ္သူလဲ"

- "အေမရိကန္ျပည္တြင္းစစ္ ဘယ္ႏွခုႏွစ္မွာ စတင္ျဖစ္ပြားခဲ့သလဲ" စတာေတြပါ။

သူေဌးႀကီးဟာ ငယ္စဥ္က ေက်ာင္းမေနခဲ့ဖူးလို႔ အဲဒီေမးခြန္းေတြကို မေျဖႏိုင္ပါဘူး။ သတင္းေထာက္ေတြကလည္း ေမးခြန္းေတြ ထပ္ေမးၾကတယ္။ သူတို႔ေမးခြန္းေတြကို မေျဖႏိုင္တဲ့ သူေဌးႀကီးဟာ စိတ္တိုလာၿပီး သူတို႔ကို ခုလို ေျပာလိုက္ပါတယ္။

- "မင္းတို႔ ေမးတဲ့ ေမးခြန္းေတြကို ငါ မေျဖႏိုင္ပါဘူး။ ဒါေပမဲ့ အဲဒီေမးခြန္းေတြကို ၂ မိနစ္အတြင္းေျဖႏိုင္ၾကတဲ့ လူေတြ ငါ့မွာ ရွိတယ္။ မင္းတို႔ အဲဒီအေျဖေတြကို သိခ်င္ရင္ ငါ အခု ေခၚေပးမယ္"တဲ့။

ကမၻာေက်ာ္သိပၸံပညာရွင္ႀကီး အဲလ္ဘတ္အိုင္းစတုိင္းကုိ သတင္းေထာက္ေတြက ေမးခြန္းတစ္ခု ေမးတယ္။ ေမးခြန္းက လြယ္လြယ္ေလးပါ။ တစ္မုိင္မွာ ေပေပါင္း ဘယ္ေလာက္ရွိသလဲတဲ႔။ အုိင္းစတုိင္း မေျဖႏိုင္ပါဘူး။ ေက်ာင္းသားတစ္ေယာက္ လြယ္လြယ္ကူကူ ေျဖႏုိင္တာေလးကိုေတာင္ ကမၻာေက်ာ္သိပၸံပညာရွင္ႀကီး မေျဖႏုိင္ဘူးဆုိၿပီး သတင္းေထာက္ေတြက သူ႔ကိုဟားတုိက္ ေလွာင္ေျပာင္ၾကတယ္။ အိုင္းစတုိင္းက သူတို႔ကို ခုလုိျပန္ေျပာလုိက္တယ္။ 

"ဒီေမးခြန္းရဲ႕အေျဖကို ငါမသိဘူး။ သိစရာလည္းမလုိဘူး။ ဘာေၾကာင့္လဲဆုိေတာ႔ အဲဒီအေျဖကို သခ်ာၤစာအုပ္မွာ တစ္မိနစ္အတြင္း ရွာလို႔ရတယ္။ ဒီလို လြယ္လြယ္ကူကူ ရွာလုိ႔ရတဲ႔ အေၾကာင္းအရာကို ငါ့ေခါင္းထဲမွာ ဘယ္ေတာ့မွ ထည္႔မထားဘူး "တဲ႔။

အိုင္းစတိုင္းနဲ႔ ဟင္နရီဖို႔ဒ္တို႔ဟာ အေထြေထြ ဗဟုသုတ သတင္းအခ်က္အလက္ေတြကို ေခါင္းထဲထည့္ထားဖို႔ စိတ္မဝင္စားၾကဘူး။ သူတို႔စိတ္ဝင္စားၾကတာက သတင္းအခ်က္အလက္ေတြကို ဘယ္လို အသံုးခ်မလဲဆိုတာပါ။

Read-သင္ဘယ္ႏွႀကိမ္ ႀကိဳးစားၿပီးၿပီလဲ

ဒီအျဖစ္အပ်က္ႏွစ္ခုဟာ ကၽြန္ေတာ္တို႔ကို မွတ္သားစရာ အသိႏွစ္ခုေပးခဲ့ပါတယ္။ အဲဒါေတြက

- (၁)ဦးေႏွာက္ဆိုတာ အခ်က္အလက္ေတြကို သိုမွီးသိမ္းဆည္းထားရမယ့္ စတိုတစ္ခုမဟုတ္ပါ။ စဥ္းစားေတြေတာအၾကံထုတ္ရမယ့္ အရာပါ

- (၂) စာအုပ္ထဲမွာ လြယ္လြယ္ကူကူ ရွာလို႔ ရတာဲ့ အခ်က္အလက္ေတြကို ေခါင္းထဲမွာ သိမ္းမထားပါနဲ႔။ မလိုတာေတြ မွတ္ထားတာမ်ားလာရင္ ဦးေႏွာက္ဟာ မေတြးတတ္ မစဥ္းစားတတ္ေတာ့ဘူး။

Credit to; Bamaw Thein Pe

(Unicode  Version)

ကမ္ဘာပေါ်မှာ မော်တော်ကားကို ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့တဲ့ မီလျံနာသူဌေးကြီး ဟင်နရီဖို့ဒ်ကို ချီကာဂိုထရီဘွန်းသတင်းစာကြီးက "နလပိန်းတုံး" လို့ ရေးသားဖေါ်ပြခဲ့လို့ သူဌေးကြီးဖို့ဒ်က သတင်းစာတိုက်ကို တရားစွဲပါတယ်။ တရားရုံးတော်ရဲ့ တရားခွင်မှာ သူဌေးကြီးက သတင်းစာတိုက်က သတင်းထောက်တွေကို သူ့ကို 'နလပိန်းတုံး' 'ဘာမှ မသိသူ' လို့ ရေးသားဖေါ်ပြခဲ့တာ မှန်ကန်ကြောင်းကို သက်သေပြခိုင်းပါတယ်။ သတင်းထောက်တွေက သူဌေးကြီးကို လူတိုင်းနီးပါး ဖြေနိုင်တဲ့ ခုလို မေးခွန်းလေးတွေ မေးကြတယ်။
- "အမေရိကန်နိုင်ငံရဲ့ ပထမဆုံးဗိုလ်ချုပ်ကြီးဟာ ဘယ်သူလဲ"
- "အမေရိကန်ပြည်တွင်းစစ် ဘယ်နှခုနှစ်မှာ စတင်ဖြစ်ပွားခဲ့သလဲ" စတာတွေပါ။
သူဌေးကြီးဟာ ငယ်စဉ်က ကျောင်းမနေခဲ့ဖူးလို့ အဲဒီမေးခွန်းတွေကို မဖြေနိုင်ပါဘူး။ သတင်းထောက်တွေကလည်း မေးခွန်းတွေ ထပ်မေးကြတယ်။ သူတို့မေးခွန်းတွေကို မဖြေနိုင်တဲ့ သူဌေးကြီးဟာ စိတ်တိုလာပြီး သူတို့ကို ခုလို ပြောလိုက်ပါတယ်။
- "မင်းတို့ မေးတဲ့ မေးခွန်းတွေကို ငါ မဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမေးခွန်းတွေကို ၂ မိနစ်အတွင်းဖြေနိုင်ကြတဲ့ လူတွေ ငါ့မှာ ရှိတယ်။ မင်းတို့ အဲဒီအဖြေတွေကို သိချင်ရင် ငါ အခု ခေါ်ပေးမယ်"တဲ့။
အိုင်းစတိုင်းနဲ့ ဟင်နရီဖို့ဒ်တို့ဟာ အထွေထွေ ဗဟုသုတ သတင်းအချက်အလက်တွေကို ခေါင်းထဲထည့်ထားဖို့ စိတ်မဝင်စားကြဘူး။ သူတို့စိတ်ဝင်စားကြတာက သတင်းအချက်အလက်တွေကို ဘယ်လို အသုံးချမလဲဆိုတာပါ။
ဒီအဖြစ်အပျက်နှစ်ခုဟာ ကျွန်တော်တို့ကို မှတ်သားစရာ အသိနှစ်ခုပေးခဲ့ပါတယ်။ အဲဒါတွေက
- (၁)ဦးနှောက်ဆိုတာ အချက်အလက်တွေကို သိုမှီးသိမ်းဆည်းထားရမယ့် စတိုတစ်ခုမဟုတ်ပါ။ စဉ်းစားတွေတောအကြံထုတ်ရမယ့် အရာပါ
- (၂) စာအုပ်ထဲမှာ လွယ်လွယ်ကူကူ ရှာလို့ ရတာဲ့ အချက်အလက်တွေကို ခေါင်းထဲမှာ သိမ်းမထားပါနဲ့။ မလိုတာတွေ မှတ်ထားတာများလာရင် ဦးနှောက်ဟာ မတွေးတတ် မစဉ်းစားတတ်တော့ဘူး။
Credit to; Bamaw Thein Pe

Read times
Rate this item
(3 votes)