Google Adsense ကို Blogger တွေက Google advertisement မှာတစ်ဆင့် ပိုက်ဆံရဖို့ အတွက် အဓိက အသုံးပြုနေကြတာ ဖြစ်ပါတယ်။
အသွားအလာကို နဲနဲ ရှင်းပြပေး ချင်ပါတယ်။ စီးပွားရေးလုပ်နေတဲ့ Companies တွေ က သူတို့ Product and Service ကြောင်းကို Google က တစ်ဆင့် ကြော်ငြာထည့်တာ ဖြစ်ပါတယ်။ ဒီလို ကြော်ငြာထည့်တာက အပြင်က Advertise တွေ ဖြစ်တဲ့ Poster ဆိုင်းဘုတ် တွေ ထက်ပို ထိရောက်ပါတယ်။ အကြောင်းက Companies က ကြော်ငြာထည့်တာ အများအားဖြင့် Display (ကြော်ငြာ ကို ပေါ်ခိုင်းယုံသက်သက်) ထက် PPC (Pay Per Click – ကြော်ငြာကို တစ်ချက် click တိုင်း ပေးရတဲ့ ပိုက်ဆံ) ကို အသုံးပြုတာများလို့ ပါ။
တစ်နည်းနဲ့ ပြောရရင်တော့ သင့်ကြော်ငြာကို စိတ် ဝင်စားသူတွေကို သင့်ကြော်ငြာကို သတိထား သိချင်တဲ့ စိတ် နဲ့ click လုပ်မှ ဖြစ်တဲ့အတွက်ပါ။ စိတ်ဝင် မစားသူတွေကတော့ သင့်ကြော်ငြာကို အလကား နေ click မယ် မထင်ပါဘူး။ ဒါကြောင့် စိတ်မဝင်စားတဲ့ သူတွေအတွက်တော့ ငွေကုန်ကျခံစရာအကြောင်း မရှိလို့ပါပဲ။ ဒီနေရာမှာ အပြင်က ကြော်ငြာတွေဖြစ်တဲ့ ဆိုင်းဘုတ်တွေ ထက်သာပါတယ်။ ဆိုင်းဘုတ် တွေကတော့ စိတ်ဝင်စားသူနဲ့ စိတ်မဝင်စားသူတွေ အတွက်ပါ ပိုက်ဆံပေးရပါတယ်။ အဲလို အကျိုးရှိရှိနဲ့ Target တဲ့ Customer တွေဆီ ထိရောက် အောင် ကူညီပေးတဲ့အတွက် Google Adwords မှာကြော် ငြာတွ တစ်နေ့ ပြီးတစ်နေ့  ပိုပိုထည့်လာကြတာကို တွေ့ ရပါတယ်။ Google ရဲ့  Adwords ကြော်ငြာ လုပ်ပုံက လဲ လူတိုင်းကို Track လုပ်ထားပြီး သင့် ကြော်ငြာကို စိတ်ဝင်စားတဲ့ Customer တွေဆီ တိုက်ရိုက် ပို့ပေးလို့ပါပဲ။
ဒီနေရာမှာ Google အတွက် စဉ်းစားစရာ တစ်ခုဖြစ်လာပါတယ်။ နေ့နဲ့ည ပိုပိုများလာတဲ့ကြော်ငြာတွေ ကို ဘယ်မှာ ပေါ်စေမလဲ ဘယ်မှာ ဖော်ပြပေးရမလဲ။ Google အတွက် နေရာလိုလာပါတယ်။ အဲဒီ အတွက်ကြောင့် Google က Google Adsense ကို အသုံးပြုလာပါတယ်။ တစ်နည်းပြောရရင် လူတွေ ကြော်ငြာ တွေ များများလုပ်လာအောင် ဆွဲဆောင်တဲ့ နည်းတစ်မျိးပါ။ အဲလို blog or website တွေ များလာလေလေ အဲ Blog or website တွေက Google Adsense တွေ နဲ့ချိတ်ဆက်ထားပြီးရင် Google အတွက် သူတို့ Google Adwords မှာ ကြော်ငြာလာထည့်တဲ့ သူတွေအတွက် အဲကြော်ငြာတွေကို ဖော်ပြပေး Display လုပ်ရမယ့်နေရာ ပိုရလာတော့ Google အတွက် Advertise တွေ ကို ပေါ်စေမဲ့ Display လုပ်လို့ရ မယ့်နေရာ ပိုရသွားစေတာ ဖြစ်ပါတယ်။ Google က Advertisement Company တစ်ခုလိုပါဘဲ။ Google ရဲ့ ဝင်ငွေ 70% ကျော်လောက် ကလဲ Google Adwords ဖြစ်တဲ့ Advertisement က ရတာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ Google က Google Adwords က ကြော်ငြာတွေ ကို blogger တွေရဲ့ Blog မှာ ဖြစ်စေ Website တစ်ခုခုမှာ ဖြစ်စေ Display ဖော်ပြပေါ်စေတဲ့အတွက် သူတို့ကို ပိုက်ဆံ ပေးဖို့လိုပါတယ်။ ဒါက Display ခ ဖြစ်ပါတယ်။ အဲ advertisement display ကို visitor တွေက Click လုပ်လိုက်ရင် သာမန် Display ထက် Pay Per Click နဲ့ Blogger တွေပိုက်ဆံ ပိုရမှာ ဖြစ်ပါတယ်။ အဲလို Google မှာ တစ်ဆင့် Advertisement လုပ်နိုင်ဖို့အတွက် Google က Google Adsense ကို တီထွင် လိုက်ခြင်း ဖြစ်ပါတယ်။ ကိုယ့် Site ကို Google Adsense နဲ့ ချိတ်ဆက်လိုက်ပြီးရင် သင့်ရဲ့  Visitor အနည်းအများပေါ်မူတည်ပြီး Google က တစ်ဆင့်ပိုက်ဆံရတာ ဖြစ်ပါတယ်။ သင့် Site မှာ Visitor ပိုများလေလေ သင့် website မှာ ကြော်ငြာ လူကြည့် ပိုများလေလေ သင့်ဝင်ငွေ က များလေလေပါဘဲ။ သင့် Website မှာ အဓိက Visitor များဖို့လိုပါတယ်။
Source: Dicmim