ကမ္ဘာပေါ်မှာ ရုပ်ရှင်ကို မကြိုက်တဲ့သူဆိုတာ မရှိပါဘူး။ တီဗီဖန်သားပြင်မှာ ရုပ်ရှင်ဆိုပြီး
ပေါ်လာတဲ့အချိန်မှစပြီး ကလေးလူကြီးမရွေး နှစ်သက်ခဲ့ကြတာလည်း အမှန်ပဲဖြစ်ပါတယ်။
ကြည့်လိုက်တဲ့ ရုပ်ရှင်တိုင်းမှာ ရသတစ်မျိုးစီ ကျန်ရစ်ခဲ့ပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory မှ ဘ၀ခွန်အားပေးစေမည့် ရုပ်ရှင် ၅ မျိုးကို တင်ဆက်ပေးလိုက်ပါတယ်။
1. The Pursuit of Happyness
The Pursuit of Happyness ရုပ်ရှင်ဇာတ်ကားကတော့ ဘ၀ကို ကြိုးစားရုန်းကန်ပြီး ပိုက်ဆံရှာဖွေနေရတဲ့ အရောင်းစာရေးအဖေနှင့် သူ၏ သားလေးအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Gabriele Muccino က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
2. Good Will Hunting
သင်္ချာဘာသာရပ်ကို မွေးရာပါတော်သော်လည်း ပတ်ဝန်းကျင်၏ အရောင်ဆိုးမှုကြောင့် ဆိုးသွမ်းနေသော လူငယ်တစ်ယောက်ကို စိတ်ပညာအထူးကုဆရာဝန်တစ်ယောက်က လမ်းမှန်သို့ ရောက်ရှိသွားရန် ကူညီပေးခဲ့ကြောင်းကို ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Gus Van Sant မှ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
3. 3 Idiots
လမ်းပျောက်နေတဲ့ သူငယ်ချင်း ၂ ယောက်ကို လမ်းမှန်သို့ ပြန်ရောက်စေရန် ကူညီပေးခဲ့သည့် သူငယ်ချင်းနှင့် သူ့ဘ၀အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်ပါတယ်။
လူငယ်ဘ၀ ပျော်ရွှင်ဖွယ်ရာ တက္ကသိုလ်နေ့ရက်များနှင့် စိန်ခေါ်မှုများကို ဇာတ်အိမ်ခိုင်ခိုင် ဖွဲ့စည်းထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Rajkumar Hirani က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
4. Coach Carter
ဆိုးသွမ်းနေတဲ့ ဘတ်စကတ်ဘော အဖွဲ့ဝင်လူငယ်တစ်စုကို လမ်းကြောင်းမှန်သို့ ရောက်ရှိစေရန် တည့်မတ်ပေး ခဲ့သည့် နည်းပြတစ်ဦးအကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Thomas Carter က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
5. Rocky
လက်ဝှေ့သမားအသေးစားလေး တစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ရှားပါးလှတဲ့အခွင့်အရေးတစ်ခုကို လက်မလွှတ်ဘဲ သူ့ထက် အဆမတန်အင်အားကြီးမားသော ရန်သူတစ်ယောက်ကို ယှဉ်ပြိုင်ခဲ့သည့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
၁၉၇၆ ခုနှစ်တွင် ရိုက်ကူးထားပြီး ဒါရိုက်တာ John G.Avildsen မှ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Source: IMDb