-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေအာင္ျမင္တဲ့လုပ္ငန္းေတြမွာ ရွိတဲ့ ဝန္ထမ္းအမ်ိဳးအစားမ်ား

ေအာင္ျမင္တဲ့လုပ္ငန္းေတြမွာ ရွိတဲ့ ဝန္ထမ္းအမ်ိဳးအစားမ်ား google.com

ေအာင္ျမင္တဲ့လုပ္ငန္းဌာနေတြ ၊အသင္းၾကီးေတြမွာ မတူညီတဲ့ စြမ္းရည္အမ်ိဳးမ်ိဳး ေပါင္းစပ္ပါဝင္ေနပါတယ္၊ အဲဒီမွာပါဝင္တဲ့အဖြဲ႔သားတစ္ဦးခ်င္းက သူတို႔တာဝန္ယူလုပ္ေဆာင္ေနတဲ့ လုပ္ငန္းမွာမတူညီတဲ့ အရည္အေသြး တစ္မ်ိဳးစီနဲ႔

ပါဝင္လုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္။ အဲဒီမတူညီတဲ့စြမ္းရည္ေတြကို အခ်ိဳးညီညီ ေပါင္းစပ္ႏိုင္တဲ့ မန္ေနဂ်ာတစ္ေယာက္ဟာ တကယ့္ေအာင္ျမင္မႈ႕ကို ေဖာ္ေဆာင္ေပးႏိုင္တဲ့လုပ္ငန္းဌာန၊ အသင္းရဲ႕ကိုယ္ပိုင္ စြမ္းအားစုတစ္ရပ္ကို ဖန္တီးႏိုင္ပါတယ္။

သုေတသနျပဳလုပ္ခ်က္အရ အသင္းတစ္သင္းမွာပါဝင္သူေတြဟာ လူအမ်ိဳးအစား (ဝန္ထမ္းအမ်ိဳးအစား) ကိုးမ်ိဳးရွိတယ္လို႔ဆိုပါတယ္။ ဒါဆို က်ြန္ေတာ္တို႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ ပရိတ္သတ္ႀကီးေကာ ဘယ္၀န္ထမ္း အမ်ိဳးအစားထဲမွာ ပါေနလဲခင္ဗ်ာ

 

(၁) လုပ္ငန္းျပီးစီးေအာင္ ေဆာင္ရြက္တက္သူ (Implementer)

သူတို႔ဟာ အသင္းတစ္သင္းရဲ႕ လက္ေတြ႕က်က် စည္းရံုးေရးသမား ျဖစ္ပါတယ္။

(၂) ညွိႏိႈင္းေဆာင္ရြက္တက္သူ (Co-ordinator)

တရားဝင္ခန္႔အပ္ထားတဲ့ ဦးေဆာင္သူ ေတြမဟုတ္သည့္တိုင္ အသင္းတစ္သင္းမွာ အလိုေလ်ာက္ျဖစ္ေပၚတဲ့ ေခါင္းေဆာင္ေတြျဖစ္ပါတယ္

(၃) ပံုေဖာ္သူ (Shaper)

အသင္းတစ္သင္းမွာ အဓိကလႈပ္ရွားေဆာင္ရြတ္သူျဖစ္ျပီး မ်ားေသာအားျဖင့္ ဦးေဆာင္သူ တရားဝင္ခန္႔အပ္ထားသူျဖစ္ပါတယ္။

(၄) အမာခံအျဖစ္ ျမွဳပ္ႏွံထားသူ (Plant)

အသင္းနဲ႔ပတ္သက္တဲ့ လုပ္ငန္းမွန္သမွ်ကို ၾကံစည္ေတြးေတာ ေဖာ္ထုတ္တက္သူ၊ ပင္ကိုအားျဖင့္ အေတြးအေခၚေကာင္းသူျဖစ္ပါတယ္။

(၅) လိုအပ္တဲ့အကူအညီကို စံုစမ္းရွာေဖြတက္သူ (Resource Investigator)

အသင္းတစ္သင္းရဲ႕ဆက္ဆံေရး ၊ တာဝန္ခံျဖစ္ျပီး ျပင္ပမွာရွိတဲ့ စြမ္းအားအရင္းအျမစ္၊ အကူအညီေတြနဲ႔ အဆက္အသြယ္ေကာင္းရွိသူျဖစ္ပါတယ္။

 

(၆) လုပ္ငန္းေဆာင္ရြတ္မႈကို ေစာင့္ၾကည့္စစ္ေဆးသူ (Monitor, Evaluator)

အသင္း၊အလုပ္ဌာနရဲ႕ တရားသူၾကီးလို လုပ္ေဆာင္တက္ျပီး မ်ားေသာအားျဖင့္ လုပ္ငန္းေဆာင္ရြတ္မႈေတြမွာ ကိုယ္တိုင္ပါဝင္မႈမရွိသေလာက္ျဖစ္ပါတယ္။ ဒါေပမဲ့ လုပ္ငန္းေတြကို ေစာင့္ၾကည့္အကဲျဖတ္ျပီး ဓမၼဓိဌာန္က်က် သံုးသပ္ေပးသူျဖစ္ပါတယ္။

(၇) ပူေပါင္းေဆာင္ရြတ္တက္သူ (Team Worker)

အသင္းတစ္ခုလံုး ေျပေျပျပစ္ျပစ္နဲ႔ သဟဇာတျဖစ္ေအာင္ ေပါင္းစည္းေပးတက္သူျဖစ္ျပီး က်န္ဝန္ထမ္းေတြက သူကို အသင္းရဲ႕ ေကာ္ဘူး လို႔ေခၚပါတယ္။

(၈) အလုပ္ကိုလက္စသတ္သူ၊ ဒါမွမဟုတ္ အျပီးသတ္တဲ့အထိ လုပ္ဆာင္တက္သူ (Completer, Finisher)

အသင္းရဲ႕လုပ္ငန္းစစ္ေဆးသူျဖစ္ျပီး သူ႕သေဘာနဲ႔သူ လုပ္ငန္းျပီးဆံုးရမည့္ရက္နဲ႔ လုပ္ငန္းအေသးစိတ္ကို လိုက္လံၾကပ္မတ္ေဆာင္ရြတ္သူျဖစ္ပါတယ္။

(၉) အထူးကၽြမ္းက်င္သူ (Specialist)

အသင္းရဲ႕ ကၽြမ္းက်င္ပညာရွင္ျဖစ္ျပီး လိုအပ္တဲ့အသိပညာ၊ ဗဟုသုတနဲ႔ နည္းပညာေတြကို ေပးအပ္သူ ျဖစ္ပါတယ္။

အေအာင္ျမင္ဆံုးအသင္းတစ္သင္း၊ ဌာနတစ္ခုအေၾကာင္းကို ျပန္ျပီးစဥ္းစားၾကည့္ပါ။ အဲဒီအသင္းမွာပါဝင္ေနတဲ့ အဖြဲ႕သားေတြရဲ႕ အရည္အေသြး ဘယ္ေလာက္ထိအမ်ိဳးအစားစံုလင္ပါသလဲ။ အထက္မွာေဖာ္ျပခဲ့တဲ့ ဝန္ထမ္းအမ်ိဳးအစားကိုၾကည့္ျပီး မိမိကဘယ္လိုတာဝန္မ်ိဳး ထမ္းေဆာင္ခဲ့သလဲ၊ မိမိရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြက ဘယ္လိုတာဝန္အမ်ိဳးအစားေတြ ထမ္းေဆာင္ခဲ့သလဲဆိုတာကို စဥ္းစားၾကည့္ပါ။

Credit; OKTECH

(Unicode Version)

အောင်မြင်တဲ့လုပ်ငန်းဌာနတွေ ၊အသင်းကြီးတွေမှာ မတူညီတဲ့ စွမ်းရည်အမျိုးမျိုး ပေါင်းစပ်ပါဝင်နေပါတယ်၊ အဲဒီမှာပါဝင်တဲ့အဖွဲ့သားတစ်ဦးချင်းက သူတို့တာဝန်ယူလုပ်ဆောင်နေတဲ့ လုပ်ငန်းမှာမတူညီတဲ့ အရည်အသွေး တစ်မျိုးစီနဲ့ ပါဝင်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အဲဒီမတူညီတဲ့စွမ်းရည်တွေကို အချိုးညီညီ ပေါင်းစပ်နိုင်တဲ့ မန်နေဂျာတစ်ယောက်ဟာ တကယ့်အောင်မြင်မှု့ကို ဖော်ဆောင်ပေးနိုင်တဲ့လုပ်ငန်းဌာန၊ အသင်းရဲ့ကိုယ်ပိုင် စွမ်းအားစုတစ်ရပ်ကို ဖန်တီးနိုင်ပါတယ်။
သုတေသနပြုလုပ်ချက်အရ အသင်းတစ်သင်းမှာပါဝင်သူတွေဟာ လူအမျိုးအစား (ဝန်ထမ်းအမျိုးအစား) ကိုးမျိုးရှိတယ်လို့ဆိုပါတယ်။ ဒါဆို ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက် ပရိတ်သတ်ကြီးကော ဘယ်ဝန်ထမ်း အမျိုးအစားထဲမှာ ပါနေလဲခင်ဗျာ
(၁) လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်တက်သူ (Implementer)
သူတို့ဟာ အသင်းတစ်သင်းရဲ့ လက်တွေ့ကျကျ စည်းရုံးရေးသမား ဖြစ်ပါတယ်။

(၂) ညှိနှိုင်းဆောင်ရွက်တက်သူ (Co-ordinator)
တရားဝင်ခန့်အပ်ထားတဲ့ ဦးဆောင်သူ တွေမဟုတ်သည့်တိုင် အသင်းတစ်သင်းမှာ အလိုလျောက်ဖြစ်ပေါ်တဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်

(၃) ပုံဖော်သူ (Shaper)
အသင်းတစ်သင်းမှာ အဓိကလှုပ်ရှားဆောင်ရွတ်သူဖြစ်ပြီး များသောအားဖြင့် ဦးဆောင်သူ တရားဝင်ခန့်အပ်ထားသူဖြစ်ပါတယ်။

(၄) အမာခံအဖြစ် မြှုပ်နှံထားသူ (Plant)
အသင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းမှန်သမျှကို ကြံစည်တွေးတော ဖော်ထုတ်တက်သူ၊ ပင်ကိုအားဖြင့် အတွေးအခေါ်ကောင်းသူဖြစ်ပါတယ်။

(၅) လိုအပ်တဲ့အကူအညီကို စုံစမ်းရှာဖွေတက်သူ (Resource Investigator)
အသင်းတစ်သင်းရဲ့ဆက်ဆံရေး ၊ တာဝန်ခံဖြစ်ပြီး ပြင်ပမှာရှိတဲ့ စွမ်းအားအရင်းအမြစ်၊ အကူအညီတွေနဲ့ အဆက်အသွယ်ကောင်းရှိသူဖြစ်ပါတယ်။

(၆) လုပ်ငန်းဆောင်ရွတ်မှုကို စောင့်ကြည့်စစ်ဆေးသူ (Monitor, Evaluator)
အသင်း၊အလုပ်ဌာနရဲ့ တရားသူကြီးလို လုပ်ဆောင်တက်ပြီး များသောအားဖြင့် လုပ်ငန်းဆောင်ရွတ်မှုတွေမှာ ကိုယ်တိုင်ပါဝင်မှုမရှိသလောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းတွေကို စောင့်ကြည့်အကဲဖြတ်ပြီး ဓမ္မဓိဌာန်ကျကျ သုံးသပ်ပေးသူဖြစ်ပါတယ်။

(၇) ပူပေါင်းဆောင်ရွတ်တက်သူ (Team Worker)
အသင်းတစ်ခုလုံး ပြေပြေပြစ်ပြစ်နဲ့ သဟဇာတဖြစ်အောင် ပေါင်းစည်းပေးတက်သူဖြစ်ပြီး ကျန်ဝန်ထမ်းတွေက သူကို အသင်းရဲ့ ကော်ဘူး လို့ခေါ်ပါတယ်။

(၈) အလုပ်ကိုလက်စသတ်သူ၊ ဒါမှမဟုတ် အပြီးသတ်တဲ့အထိ လုပ်ဆာင်တက်သူ (Completer, Finisher)
အသင်းရဲ့လုပ်ငန်းစစ်ဆေးသူဖြစ်ပြီး သူ့သဘောနဲ့သူ လုပ်ငန်းပြီးဆုံးရမည့်ရက်နဲ့ လုပ်ငန်းအသေးစိတ်ကို လိုက်လံကြပ်မတ်ဆောင်ရွတ်သူဖြစ်ပါတယ်။

(၉) အထူးကျွမ်းကျင်သူ (Specialist)
အသင်းရဲ့ ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး လိုအပ်တဲ့အသိပညာ၊ ဗဟုသုတနဲ့ နည်းပညာတွေကို ပေးအပ်သူ ဖြစ်ပါတယ်။
အအောင်မြင်ဆုံးအသင်းတစ်သင်း၊ ဌာနတစ်ခုအကြောင်းကို ပြန်ပြီးစဉ်းစားကြည့်ပါ။ အဲဒီအသင်းမှာပါဝင်နေတဲ့ အဖွဲ့သားတွေရဲ့ အရည်အသွေး ဘယ်လောက်ထိအမျိုးအစားစုံလင်ပါသလဲ။ အထက်မှာဖော်ပြခဲ့တဲ့ ဝန်ထမ်းအမျိုးအစားကိုကြည့်ပြီး မိမိကဘယ်လိုတာဝန်မျိုး ထမ်းဆောင်ခဲ့သလဲ၊ မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုတာဝန်အမျိုးအစားတွေ ထမ်းဆောင်ခဲ့သလဲဆိုတာကို စဉ်းစားကြည့်ပါ။

Credit; OKTECH

Read times
Rate this item
(0 votes)