-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိကုန်ပစ္စည်းအတွက် Customer ရှာရန်နည်းလမ်း(၄)ခု

မိမိကုန်ပစ္စည်းအတွက် Customer ရှာရန်နည်းလမ်း(၄)ခု Google

အချို့အချို့ သော စီးပွားရေးလုပ်ငန်းများဟာ Customer မရှိတော့ ပုံမှန်မလည်ပတ်နိုင်ပါဘူး။

ဆိုလိုတာက Customer မရတဲ့ပြဿနာဖြစ်ပါတယ်။ ဒီတော့ မိမိကုန်ပစ္စည်းအတွက် Customer ရှာဖွေနိုင်မယ့်နည်းလမ်း ယေဘုယျနည်းလမ်း(၄)ခုကို ဖော်ပြလိုက်ရပါတယ်။

(၁) Advertising

ကြော်ငြာရပါမယ်။ ကြော်ငြာမယ်ဆိုရင် သိထားရမှာက ငွေကြေးခပ်များများကုန်မှ Customer သိမယ်ဆိုတဲ့ အချက်မဟုတ်ပါဘူး။ Type of Customer, Location of Customer နဲ့ Number of Customer ကို သေချာစစ်ဆေးလို့ အသင့်တော်ဆုံးနေရာမှာ Advertise လုပ်ရမှာဖြစ်ပါတယ်။ ဥပမာ ဘောလုံးကွင်းအနီးအနားမှာ အားကစားပစ္စည်းကြော်ငြာတာမျိုး၊ နည်းပညာဂျာနယ်မှာ နည်းပညာပစ္စည်းဆိုင် ကြော်ငြာတာမျိုးတို့ ဖြစ်ပါတယ်။ ဒါတောင်မှာ ဘေလ်ဘုတ်လား၊ ပိုစတာလား၊ သတင်းစာဆောင် ကြော်ငြာလား၊ လက်ကမ်း စာဆောင်လား၊ တီဗီ ကြော်ငြာလား၊ ရေဒီယိုလား ..ဘယ်နည်းလမ်းက ကိုယ်လိုအပ်တဲ့ Customer အရေအတွက်ကို ရောက်စေလဲဆိုတာကို သေချာ လေ့လာထားဖို့ လိုအပ်ပါတယ်။

(၂) Networking and Referrals

ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင် ဆိုသလိုပါပဲ။ Networking and Referrals ကလည်း အင်မတန်ထိရောက်တဲ့ Customer ရရန်နည်းလမ်း ဖြစ်ပါတယ်။
ဝယ်ပြီးတဲ့ Customer တွေက တစ်ဆင့်စကားတစ်ဆင့်ပါးမယ်။ ကိုယ်နဲ့တွဲလုပ်ဖူးတဲ့ လုပ်ငန်းရှင်တွေဆီကနေ ဆက်စပ်လို့ Customer တွေရရှိမယ်။ ၎င်းတို့မှ တစ်ဆင့်ပိုမိုကျယ်ပြန့်တဲ့ Networking ဖြစ်လာပြီး ဘေလ်ဘုတ်တင် ကြော်ငြာစရာတောင် မလိုတော့ပါဘူး။ မြန်မာပြည်ကို ဝင်လာတဲ့အချို့  ဈေးကြီးဆေးတွေဆိုရင် တီဗီကြော်ငြာ၊ ဘာကြော်ငြာမှ မလုပ်ပဲ Networking and Referrals ရှာဖွေတဲ့ နည်းလမ်းကိုသာ အသုံးချသွားခြင်း ဖြစ်ပါတယ်။ Customer တစ်ယောက် ရှာနိုင်ရင် Percentage ဘယ်လောက် အစရှိသဖြင့် ခွဲတမ်းချစနစ်ကြောင့်လည်း Network ပိုလို့တောင်ကျယ်ပြန့် သွားပါတယ်။

Read More>>>Likes အရေအတွက်တွေကို ဖျောက်ပစ်ဖို့ စမ်းသပ်နေတဲ့ Facebook

(၃) Teaming up

Teaming up လုပ်ဖို့ လိုအပ်ပါတယ်။ ကုန်ပစ္စည်းကုမ္မဏီတစ်ခုက သူ့ကုန်ပစ္စည်းအရောင်းထွက်ဖို့အတွက် နည်းအမျိုးမျိုးအသုံးပြုတဲ့အခါအမှာ မိမိကုန်ပစ္စည်းကိုတွဲပါစေတဲ့ သဘောဖြစ်ပါတယ်။
သို့တည်းမဟုတ် မိမိကုန်ပစ္စည်းကိုရောင်းချတဲ့အခါ သူ့ကုန်ပစ္စည်းကိုပါ တွဲထုတ်ပေးတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဥပမာ - အဝတ်ဘယ်နှစ်ထည်ဝယ်သူကို မီးဖိုချောင်သုံးဖို့ ခွက်၊ပန်းကန်ေ ပးခြင်း ပြုလုပ်မှုက ခွက်၊ ပန်းကန်တို့ကိုလည်း တစ်ခါတည်းရောင်းထွက်စေပါတယ်။ ဒီမှာ ဈေးသတ်မှတ်မှုအတွက် team လုပ်မယ် ကုမ္မဏီနဲ့ သေချာ တိုင်ပင်ရပါမယ်။ ကိုယ့် ပစ္စည်းကို Free ပေးမှာလား၊ Expense ဖုန်းလောက် ပြန်ရစေမလား အစရှိသဖြင့် တိုင်ပင်ပြီး ...တစ်ဖက်က ကုန်ပစ္စည်းကို ဈေးနည်းနည်းတင်ခိုင်းလိုက်တာမျိုး သို့မဟုတ် တွဲဝယ်ရင်ဒီတစ်ဈေးအစရှိသဖြင့် သတ်မှတ်နိုင်ဖို့ လိုအပ်ပါတယ်။

Designers [Logo/Trademark] (လိုဂိုများအပ်နှံနိုင်သည့်ဒီဇိုင်နာလုပ်ငန်းမျာ(၇)းခုရှာရန်နှိပ်ပါ။)

(၄) Strategic Alliances

မဟာမိတ်ဖွဲ့ဖို့ ဖြစ်ပါတယ်။ ဥပမာ ကိုယ်က Web Design နဲ့ Graphic Design လုပ်တာဆိုရင် ကြော်ငြာအေဂျင်စီတစ်ခုနဲ့ မဟာမိတ်ဖွဲ့ထားဖို့လိုအပ်ပါတယ်။ သူ့ဘက်က Customer ရရင် ကိုယ်နဲ့ ပေါင်းလုပ်မယ်။ ကိုယ့်ဘက်က Customer ရရင် သူနဲ့ ပေါင်းလုပ်မယ် အစရှိသဖြင့် အချင်းချင်း အပြန်အလှန် Refer လုပ်ခြင်း ဖြင့်လည်း Customer ရရှိစေပါတယ်။ ဒီလောက်ဆိုရင် စီးပွားစွန့်ဦးကြိုးစားတည်ထောင်နေသူတို့ Customer ရှာဖွေလို့ရမယ့် ယေဘုယျနည်းလမ်းကိုသိရှိပြီလို့ မျှော်လင့်ပါတယ်။

Credit; အောင်ခမ်း (TSJ team)

 

Read times
Rate this item
(2 votes)