-->
×

Warning

JUser: :_load: Unable to load user with ID: 29


KFC နှင့်ပတ်သတ်၍ ဂျပန်နိုင်ငံ မှ စိတ်ဝင်စားဖွယ်ရာများ နှင့် KFC ဂျပန် ကြော်ငြာ

KFC နှင့်ပတ်သတ်၍ ဂျပန်နိုင်ငံ မှ စိတ်ဝင်စားဖွယ်ရာများ နှင့် KFC ဂျပန် ကြော်ငြာ google

ဂျပန်နိုင်ငံတစ်လွှားမှာ ခရစ်စမတ်အချိန်အခါတွင် မိသားစုတို့ KFC အတူ ထိုင်စားကြသည့်ဓလေ့မှာ စိတ်ဝင်စားစရာ အလွန်ကောင်းသည်။

KFC ဟု အလွယ်ခေါ်ကြသည့် Kentucky Fried Chicken သည် အမေရိကန် အသင့်စား စားစရာဖြစ်သည်။ ဂျပန်ရိုးရာအစားအစာ မဟုတ်ချေ။ ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြသည်။ ခရစ်စမတ်ကာလတွင် စားလေ့စားထ ရှိသည်မှာ ကြက်ဆင်ဖြစ်သည်။ ကြက်ကြော် မဟုတ်ချေ။ သို့ပါလျက် ခရစ်ယာန်ဘာသာဝင်တို့၏ ခရစ်စမတ် အချိန်အခါတွင် အမေရိကန် အသင့်စား အစားအစာ ကြက်ကြော်ကို ဂျပန်နိုင်ငံတွင် ဂျပန်မိသားစုတို့က အစဉ်အလာတစ်ခုအဖြစ် မိသားစု အတူစားကြသည်။

 

ကုန်စည်တစ်ခု၏ brand သည် ဓလေ့ထုံးတမ်းတစ်ခု ဖြစ်သွားအောင် ထိုးဖောက်နေရာယူလိုက်ပြီး အစဉ်အလာတစ်ခုအဖြစ် ဆက်လက် တည်တံ့နိုင်သောအခါ မည်သို့မည်ပုံ ရောင်းအားကောင်းနိုင်ပုံအတွက် KFC သည် စံပြနမူနာတစ်ခု ဖြစ်သည်။ ခရစ်စမတ်အကြိုဖြစ်သည့် ဒီဇင်ဘာလ ၂၄ ရက်တွင် ဂျပန်နိုင်ငံတွင် KFC ရောင်းအားသည် ခါတိုင်းထက် ၃ ဆ မှ ၁၀ ဆ အထိ မြင့်တက်သည်။ KFC Japan မှ ထုတ်ပြန်သည့် စာရင်းအင်းအရ ၂၀၁၈ ခုနှစ်တွင် ဒီဇင်ဘာလ ၂၀ မှ ၂၅ ရက်အတွင်း ရောင်းအားမှာ ၆.၉ ဘီလျံယန်း(အမေရိကန်ဒေါ်လာ ၆၃ သန်းဝန်းကျင်) ရှိခဲ့သည်။

 

KFC ၏ ပထမဆုံးဆိုင်ကို ၁၉၇၀ ခုနှစ်တွင် နာဂိုယ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဆိုင်ပေါင်း ၃၂၄ ဆိုင် ဖွင့်လှစ်ထားပြီ ဖြစ်သည်။ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ဆိုင်ပေါင်း ၃၀ တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အကြမ်းအားဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် ရောင်းအား ရှိပေရာ ခရစ်စမတ်အချိန်အခါ ၆ ရက်ရောင်းအားသည် တစ်နှစ်တာရောင်းအား၏ သုံးပုံတစ်ပုံနီးပါးဖြစ်သည်။

 

ဂျပန်နိုင်ငံတစ်လွှားရှိ မိသားစုများသည် ခရစ်စမတ်ချိန်ခါတွင် KFC မှ ခရစ်စမတ် အထူးထုတ်ဖြစ်သော “Party Barrel” ကို ဝယ်ယူစားသောက်ကြသည်။ မိသားစု စားသုံးရန် လောက်ငသည့် အရွယ်အစားဖြင့် “Party Barrel” ကို စီစဉ်ပေးထားသည်။ ဒီဇင်ဘာ ၂၃ နှင့် ၂၄ တို့တွင် KFC ဆိုင်များ၌ “Party Barrel” ကို ဝယ်ယူရန် တန်းစီနေသော လူတန်းကို တွေ့ကြရမည် ဖြစ်သည်။

 

မည်သို့ အစပြုခဲ့သနည်း။

========


KFC ကို ဂျပန်သို့ စတင်သယ်ဆောင်လာသူမှာ တာကီရှီ အိုကာဝါရာ Takeshi Okawara ဖြစ်သည်။ သူသည် ဂျပန်နိုင်ငံ၏ ပထမဆုံး KFC ဆိုင်၏ မန်နေဂျာဖြစ်သည်။
သူက ဂျပန်နိုင်ငံ အိုစာကာမြို့တွင် ကျင်းပသော 970 World Expo တွင် KFC နမူနာဆိုင် ပြခန်းကို ကြည့်ရှုလေ့လာသည်။ ထိုဆိုင်တွင် KFC ကို အသက် ၆၀ ကျော်မှ KFC ဖြင့် မဟာအောင်မြင်မှု ရရှိခဲ့သောသူ ဖြစ်ပြီး KFC ကို စတင်ထူထောင်သူလည်းဖြစ်သည့် အမေရိကန်သား ကာနယ်ဆင်းဒါးနှင့် တွေ့ဆုံပြောဆိုခွင့် ကြုံကြိုက်ခဲ့သည်။ အိုကာဝါရာကို ဂျပန်နိုင်ငံ KFC လုပ်ငန်းခွဲတွင် အုပ်ချုပ်ရေးအရာရှိ လုပ်ကိုင်ရန် ကာနယ်ဆင်းဒါးက ကမ်းလှမ်းသည်။ အိုကာဝါရာက ငြင်းသည်။ သူက KFC ဆိုင်တစ်ဆိုင် ဖွင့်လှစ်လုပ်ကိုင်ခွင့် တောင်းခံသည်။ ထိုဆိုင်သည် ဂျပန်နိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်မည့်ဆိုင် ဖြစ်မည်။

“အဲဒီလို လုပ်ရင် ကျွန်တော် သင်ယူနိုင်မည်။ စားလို့ကောင်းတဲ့ ကြက်ကြော်တွေ ဘယ်လိုလုပ်သလဲ သိရမယ်။ ဒီတော့ ဘာမှ မရှိသေးတဲ့ အဖြစ်ကနေ စတင်ရမှာကို ကျွန်တော် ဝန်မလေးဘူး” ဟု အိုကာဝါရာက မီဒီယာတစ်ခုနှင့် တွေ့ဆုံရာ၌ ပြောပြသည်။


KFC ပထမဆုံးဆိုင်ကို နာဂိုရာတွင် ၁၉၇၀ ခုနှစ်တွင် အိုကာဝါရာ စတင်ဖွင့်လှစ်လိုက်သည်။ ဆိုင်ခန်းငှားခပင်လျှင် အနိုင်နိုင် ဖြစ်ရသည့်အထိ ရောင်းအား အခြေအနေက ဆိုးဝါးသည်။ နေစရာအိမ်လည်း မရှိတော့ချေ။ ဆိုင်မီးဖိုချောင်တွင် ဂျုံအိတ်များပေါ်မှာ သူ အိပ်ရသည်။
“ဒီဆိုင်မှာ ဘာရောင်းနေသလဲဆိုတာ သိတဲ့သူ မရှိသလောက်ပဲ။ ဆိုင်ရှေ့မှာ အမိုးအဖီထုတ်ထားတာ အဖြူနဲ့ အနီး အစင်းတွေနဲ့ KFC ရဲ့ အရောင်နှစ်ရောင်ကို သုံးထားတော့ တချို့သူတွေက ဆိုင်ထဲ ဝင်လာပြီး ဆံပင်ညှပ်ဆိုင် ထင်လို့ ဝင်လာတာလို့ ပြောကြတယ်။ ချောကလက် ရောင်းတာလားလို့ မေးတဲ့သူတွေလည်း ရှိတယ်” သို့တိုင်အောင် အိုကာဝါရာ လက်မလျှော့ခဲ့ချေ။ ကာနယ်ဆင်းဒါး ကြက်ကြော် စားလို့ကောင်းတာ သေချာနေသည်။ “ကျွန်တော် မြည်းကြည့်လိုက်တိုင်း အရသာက ကောင်းနေတယ်။ ဒီလုပ်ငန်းက အိုကေမှာပါလို့ ယုံကြည်စိတ်ချမှု တိုးသွားတယ်” ဟု သူက ပြောပြသည်။ သို့သော် ဆိုင်က ပြုတ်လုပြုတ်ခင် ဖြစ်နေပြီ။


ထိုသို့ရှိရာမှ ကယ်တင်ခြင်းကို မလှမ်းမကမ်းတွင် တည်ရှိသော ကက်သိုလစ်ကျောင်းမှ မယ်သီလရှင်တစ်ဦးက ပြုပေးခဲ့သည်ကို ကြုံကြိုက်သည်။
ကက်သိုလစ်ကျောင်းမှာ ခရစ်စမတ်ပွဲ ကျင်းပမည်။ သူ့ဆိုင်မှ ကြက်ကြော်ဖြင့် ဧည့်ခံမည်။ ထို့အတွက် အိုကာဝါရာက ခရစ်စမတ်ဘိုးဘိုးကြီးအဖြစ် ဝတ်စားဆင်ယင်ပြီး ပွဲမှာ မူကြိုကလေးများကို ဧည့်ခံပေးရမည်ဟု ဆိုလာသည်ကို အိုကာဝါရာက သဘောတူလိုက်သည်။ သူ့က ခရစ်စမတ်ဘိုးဘိုးကြီး စန်တာကလော့အဖြစ် ဝတ်ဆင်ပြီး ပွဲတက်ရာ သူ့ကို စန်ဆာ စံ ဟု ဂျပန်စကားဖြင့် ကလေးများက ခေါ်ကြသည်။ သူက ပွဲမှာ ကပြဖျော်ဖြေရ လူကြိုက် များသည်။ ကနေရင်း သီချင်းထဲ ဆိုင်ကို ထည့်ကြော်ငြာသည်။ ဆိုင်၏ brand ဖြစ်သော KFC ကို ထည့်သုံးဖြစ်သည်။ “ကျွန်တော် ကပြတယ်။ ကြက်ကြော်ထည့်ထားတဲ့ ဘူးဝိုင်းကြီးကို လက်တစ်ဘက်မှာ ပိုက်ထားတယ်။ ပါးစပ်က သီချင်း အော်ဆိုတယ်။ ကင်တွတ်ကီ ခရစ်စမတ်၊ ကင်တွတ်ကီ ခရစ်စမတ်၊ ဟက်ပီး ဟက်ပီး ကင်တွတ်ကီ ခရစ်စမတ် . . . ကျွန်တော့ဘာသာ လက်တန်း သီချင်းစပ်ပြီး ဆိုတယ်။ ကတယ်။ ကလေးတွေ သဘောကျကြတယ်”

 

မကြာခင်မှာပင် နောက်ထပ် မူလတန်းကျောင်းတစ်ကျောင်းကလည်း အလားတူပင် လုပ်ကိုင်ရာ သူ့ဆိုင်ကို ခရစ်စမတ်က ကယ်တင်နိုင်ဖွယ် ရှိကြောင်း အိုကာဝါရာ သတိပြုမိလိုက်သည်။ မြောက်ဝင်ရိုးစွန်း ရေခဲနေသည့် နှင်းထုဒေသမှ ရောက်လာသော ခရစ်စမတ်ဘိုးဘိုးကြီးကို ကလေးများ နှစ်သက်ကြသည်။ မိဘများက သဘောကျကြသည်။ ခရစ်စမတ်သည် ဂျပန်တို့အကြား နေရာယူထားပြီးပြီ ဖြစ်သည်။ လိုနေသည်မှာ ခရစ်စမတ် အကြိုတွင် စားသောက်လေ့ရှိသည့် ကြက်ဆင် ဖြစ်သည်ဟု သူ တွေးမိသည်။ ကြက်ဆင်အစား သူရောင်းချနေသည့် KFC ကြက်ကြော် အစားထိုးနိုင်လျှင် သူ့ဆိုင် အလုပ်ဖြစ်ပြီဟု စိတ်ကူးရသည်။ ဂျပန်မိသားစုတို့သည် တီဗီနှင့် ရုပ်ရှင်တို့မှတစ်ဆင့် ကြက်ဆင်စားသည့် ခရစ်စမတ် အစဉ်အလာကို သိထားကြသော်လည်း အိမ်မှာ ကြက်ဆင် စီစဉ်ဖို့ဆိုသည်မှာ လွယ်ကူသောအလုပ် မဟုတ်ချေ။ သို့ဖြစ်ရာ စန်တာစံက ကြက်ကျော်ဖြင့် အစားထိုးပေးဖို့ ကြံစည်လုပ်ကိုင်သည်။ စီးပွားကျနေသည်ကို ဆန်းသစ်တီထွင်ခြင်း INNOVATION ဖြင့် သူက ဖောက်ထွက်လိုက်သည်။ ပြုတ်လုနီးပါး ဖြစ်နေသော သူ့ဆိုင်နှင့် သေလုနီးပါးဖြစ်နေသော Brand တို့ကို ပြန်လည် အသက်သွင်းပေးနိုင်ခဲ့သည်။

 

Spotify မှ ၂၀၂၀ ထဲတွင် နိုင်ငံရေးကြော်ငြာများ ခေတ္တ ရပ်ဆိုင်းထားမည်

 

သူက ဘာကို ဆန်းစစ်တီထွင်လိုက်သနည်း။
=======


ခရစ်စမတ်ကို ရောင်ပြန်ဟပ်ပေးထားသည့် “Party Barrels” ကို သူ စီစဉ်ပြီး ရောင်းချသည်။ ဆိုင်ကိုလည်း ကာနယ်ဆန်းဒါးက ခရစ်စမတ်ဘိုးဘိုးကြီး စန်ဆာစံအဖြစ် အလှဆင်သည်။ KFC ၏ အမှတ်တံဆိပ်သည် ကာနယ်ဆန်းဒါးပုံကို အသုံးပြုထားပေရာ ကာနယ်ဆန်းဒါးသည်လည်း မုတ်ဆိတ်အရှည် ထားသူ ဖြစ်သဖြင့် ပုံမှားရိုက်ဖို့ အဆင်ပြေနေစေသည်။ အံဝင်ခွင်ကျ ဖြစ်နေတော့သည်။

 

Christmas “Party Barrels” ဆိုသော စကားလုံးသည် ဂျပန်နိုင်ငံတစ်လွှား လူသိများသည့် စားစရာရောင်းကုန် ဖြစ်သွားသည်အထိ အောင်မြင်မှု ရရှိသည်။ KFC Japan သည် ဆိုင်ခွဲများ ထပ်မံဖွင့်လှစ်ခဲ့သည်။ “Kentucky for Christmas” ကမ်ပိန်းကို လုပ်ဆောင်သည်။ အိုကာဝါရာသည် KFC Japan ၏ CEO ဖြစ်လာသည်။ ခရစ်စမတ်နှင့် “Party Barrels” သည် ဂျပန်မိသားစုတို့အကြား တွဲလုံးတစ်ခုအဖြစ် ဓလေ့ထုံးတမ်း ဖြစ်သွားသည်။ ကြက်ဆင်သည် ကြက်ကြော် ဖြစ်သွားသည်။ မုတ်ဆိတ်ရှည် ကာနယ် ဆန်းဒါးသည် စန်တာစံ ဖြစ်သွားသည်။

 

KFC Japan သည် ခရစ်စမတ်ရောက်တိုင်း ဂျပန်စားသုံးသူဦးရေ သုံးသန်းခွဲကျော်တို့ စားသောက်ကြရန် party barrels ခုရေ သုံးသိန်း + Christmas pack ၈ သိန်း ရောင်းချရသည်။

ဂျပန် KFC မှ Marketing သမား များသည် အကင်းပါးလွယ်သည် နောက်ပိုင်းတွင် ကလေးတွေ သာမက အမျိုးသား နှင့် လူငယ်ပရိသတ်များကို ပစ်မှတ်ထားကာ အဆိုပါ စင်တာကလော့ ဝတ်စုံ ကို ဂျာပန် Model မလေး ငယ်ငယ်ချောချောလေးများကို ကလေး များ ကြား တွင် ကခုန်ခိုင်းကာ ကြော်ငြာရိုက်ကူး Marketing ဆင်း ပြန်သည်။

 

2000 ခုနှစ်များ ကတည်းက ထိုကဲ့သို့ KFC ကြော်ငြာများမှာ အနောက်နိုင်ငံများအထိ ရေပန်းစားလှ သည်
၂၀၁၉ ခုနှစ်မှာ ဂျပန် KFC မှာအမေရိကန်ဒေါ်လာ 74,344 သန်းရရှိထားသည်။

 

KFC က ဂျပန်မဖြူဖြူချောချောလေးနဲ့ ရိုက်ကူးထားတဲ့ ကြော်ငြာလေးကို ကြည့်ကြရအောင်!!

 

 

<<<ZAWGYI>>>

 

KFC ႏွင့္ပတ္သတ္၍ ဂ်ပန္ႏိုင္ငံ မွ စိတ္ဝင္စားဖြယ္ရာမ်ား ႏွင့္ KFC ဂ်ပန္ ေၾကာ္ျငာ

==========================

 

ဂ်ပန္ႏိုင္ငံတစ္လႊားမွာ ခရစ္စမတ္အခ်ိန္အခါတြင္ မိသားစုတို႔ KFC အတူ ထိုင္စားၾကသည့္ဓေလ့မွာ စိတ္ဝင္စားစရာ အလြန္ေကာင္းသည္။ KFC ဟု အလြယ္ေခၚၾကသည့္ Kentucky Fried Chicken သည္ အေမရိကန္ အသင့္စား စားစရာျဖစ္သည္။ ဂ်ပန္႐ိုးရာအစားအစာ မဟုတ္ေခ်။ ဂ်ပန္ႏိုင္ငံတြင္ ဗုဒၶဘာသာဝင္ အမ်ားစု ေနထိုင္ၾကသည္။ ခရစ္စမတ္ကာလတြင္ စားေလ့စားထ ရွိသည္မွာ ၾကက္ဆင္ျဖစ္သည္။ ၾကက္ေၾကာ္ မဟုတ္ေခ်။ သို႔ပါလ်က္ ခရစ္ယာန္ဘာသာဝင္တို႔၏ ခရစ္စမတ္ အခ်ိန္အခါတြင္ အေမရိကန္ အသင့္စား အစားအစာ ၾကက္ေၾကာ္ကို ဂ်ပန္ႏိုင္ငံတြင္ ဂ်ပန္မိသားစုတို႔က အစဥ္အလာတစ္ခုအျဖစ္ မိသားစု အတူစားၾကသည္။

 

ကုန္စည္တစ္ခု၏ brand သည္ ဓေလ့ထုံးတမ္းတစ္ခု ျဖစ္သြားေအာင္ ထိုးေဖာက္ေနရာယူလိုက္ၿပီး အစဥ္အလာတစ္ခုအျဖစ္ ဆက္လက္ တည္တံ့ႏိုင္ေသာအခါ မည္သို႔မည္ပုံ ေရာင္းအားေကာင္းႏိုင္ပုံအတြက္ KFC သည္ စံျပနမူနာတစ္ခု ျဖစ္သည္။ ခရစ္စမတ္အႀကိဳျဖစ္သည့္ ဒီဇင္ဘာလ ၂၄ ရက္တြင္ ဂ်ပန္ႏိုင္ငံတြင္ KFC ေရာင္းအားသည္ ခါတိုင္းထက္ ၃ ဆ မွ ၁၀ ဆ အထိ ျမင့္တက္သည္။ KFC Japan မွ ထုတ္ျပန္သည့္ စာရင္းအင္းအရ ၂၀၁၈ ခုႏွစ္တြင္ ဒီဇင္ဘာလ ၂၀ မွ ၂၅ ရက္အတြင္း ေရာင္းအားမွာ ၆.၉ ဘီလ်ံယန္း(အေမရိကန္ေဒၚလာ ၆၃ သန္းဝန္းက်င္) ရွိခဲ့သည္။

 

KFC ၏ ပထမဆုံးဆိုင္ကို ၁၉၇၀ ခုႏွစ္တြင္ နာဂိုယ၌ စတင္ဖြင့္လွစ္ခဲ့သည္။ ၁၉၈၁ ခုႏွစ္တြင္ ဆိုင္ေပါင္း ၃၂၄ ဆိုင္ ဖြင့္လွစ္ထားၿပီ ျဖစ္သည္။ ပ်မ္းမွ်အားျဖင့္ တစ္ႏွစ္လွ်င္ ဆိုင္ေပါင္း ၃၀ တိုးခ်ဲ႕ဖြင့္လွစ္ခဲ့ျခင္း ျဖစ္သည္။ အၾကမ္းအားျဖင့္ ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္း ၂၀၀ ဝန္းက်င္ ေရာင္းအား ရွိေပရာ ခရစ္စမတ္အခ်ိန္အခါ ၆ ရက္ေရာင္းအားသည္ တစ္ႏွစ္တာေရာင္းအား၏ သုံးပုံတစ္ပုံနီးပါးျဖစ္သည္။

 

ဂ်ပန္ႏိုင္ငံတစ္လႊားရွိ မိသားစုမ်ားသည္ ခရစ္စမတ္ခ်ိန္ခါတြင္ KFC မွ ခရစ္စမတ္ အထူးထုတ္ျဖစ္ေသာ “Party Barrel” ကို ဝယ္ယူစားေသာက္ၾကသည္။ မိသားစု စားသုံးရန္ ေလာက္ငသည့္ အ႐ြယ္အစားျဖင့္ “Party Barrel” ကို စီစဥ္ေပးထားသည္။ ဒီဇင္ဘာ ၂၃ ႏွင့္ ၂၄ တို႔တြင္ KFC ဆိုင္မ်ား၌ “Party Barrel” ကို ဝယ္ယူရန္ တန္းစီေနေသာ လူတန္းကို ေတြ႕ၾကရမည္ ျဖစ္သည္။

 

မည္သို႔ အစျပဳခဲ့သနည္း။

========


KFC ကို ဂ်ပန္သို႔ စတင္သယ္ေဆာင္လာသူမွာ တာကီရွီ အိုကာဝါရာ Takeshi Okawara ျဖစ္သည္။ သူသည္ ဂ်ပန္ႏိုင္ငံ၏ ပထမဆုံး KFC ဆိုင္၏ မန္ေနဂ်ာျဖစ္သည္။
သူက ဂ်ပန္ႏိုင္ငံ အိုစာကာၿမိဳ႕တြင္ က်င္းပေသာ 970 World Expo တြင္ KFC နမူနာဆိုင္ ျပခန္းကို ၾကည့္ရႈေလ့လာသည္။ ထိုဆိုင္တြင္ KFC ကို အသက္ ၆၀ ေက်ာ္မွ KFC ျဖင့္ မဟာေအာင္ျမင္မႈ ရရွိခဲ့ေသာသူ ျဖစ္ၿပီး KFC ကို စတင္ထူေထာင္သူလည္းျဖစ္သည့္ အေမရိကန္သား ကာနယ္ဆင္းဒါးႏွင့္ ေတြ႕ဆုံေျပာဆိုခြင့္ ႀကဳံႀကိဳက္ခဲ့သည္။ အိုကာဝါရာကို ဂ်ပန္ႏိုင္ငံ KFC လုပ္ငန္းခြဲတြင္ အုပ္ခ်ဳပ္ေရးအရာရွိ လုပ္ကိုင္ရန္ ကာနယ္ဆင္းဒါးက ကမ္းလွမ္းသည္။ အိုကာဝါရာက ျငင္းသည္။ သူက KFC ဆိုင္တစ္ဆိုင္ ဖြင့္လွစ္လုပ္ကိုင္ခြင့္ ေတာင္းခံသည္။ ထိုဆိုင္သည္ ဂ်ပန္ႏိုင္ငံတြင္ ပထမဆုံး ဖြင့္လွစ္မည့္ဆိုင္ ျဖစ္မည္။

“အဲဒီလို လုပ္ရင္ ကြၽန္ေတာ္ သင္ယူႏိုင္မည္။ စားလို႔ေကာင္းတဲ့ ၾကက္ေၾကာ္ေတြ ဘယ္လိုလုပ္သလဲ သိရမယ္။ ဒီေတာ့ ဘာမွ မရွိေသးတဲ့ အျဖစ္ကေန စတင္ရမွာကို ကြၽန္ေတာ္ ဝန္မေလးဘူး” ဟု အိုကာဝါရာက မီဒီယာတစ္ခုႏွင့္ ေတြ႕ဆုံရာ၌ ေျပာျပသည္။
KFC ပထမဆုံးဆိုင္ကို နာဂိုရာတြင္ ၁၉၇၀ ခုႏွစ္တြင္ အိုကာဝါရာ စတင္ဖြင့္လွစ္လိုက္သည္။ ဆိုင္ခန္းငွားခပင္လွ်င္ အႏိုင္ႏိုင္ ျဖစ္ရသည့္အထိ ေရာင္းအား အေျခအေနက ဆိုးဝါးသည္။ ေနစရာအိမ္လည္း မရွိေတာ့ေခ်။ ဆိုင္မီးဖိုေခ်ာင္တြင္ ဂ်ဳံအိတ္မ်ားေပၚမွာ သူ အိပ္ရသည္။
“ဒီဆိုင္မွာ ဘာေရာင္းေနသလဲဆိုတာ သိတဲ့သူ မရွိသေလာက္ပဲ။ ဆိုင္ေရွ႕မွာ အမိုးအဖီထုတ္ထားတာ အျဖဴနဲ႔ အနီး အစင္းေတြနဲ႔ KFC ရဲ႕ အေရာင္ႏွစ္ေရာင္ကို သုံးထားေတာ့ တခ်ိဳ႕သူေတြက ဆိုင္ထဲ ဝင္လာၿပီး ဆံပင္ညႇပ္ဆိုင္ ထင္လို႔ ဝင္လာတာလို႔ ေျပာၾကတယ္။ ေခ်ာကလက္ ေရာင္းတာလားလို႔ ေမးတဲ့သူေတြလည္း ရွိတယ္” သို႔တိုင္ေအာင္ အိုကာဝါရာ လက္မေလွ်ာ့ခဲ့ေခ်။ ကာနယ္ဆင္းဒါး ၾကက္ေၾကာ္ စားလို႔ေကာင္းတာ ေသခ်ာေနသည္။ “ကြၽန္ေတာ္ ျမည္းၾကည့္လိုက္တိုင္း အရသာက ေကာင္းေနတယ္။ ဒီလုပ္ငန္းက အိုေကမွာပါလို႔ ယုံၾကည္စိတ္ခ်မႈ တိုးသြားတယ္” ဟု သူက ေျပာျပသည္။ သို႔ေသာ္ ဆိုင္က ျပဳတ္လုျပဳတ္ခင္ ျဖစ္ေနၿပီ။


ထိုသို႔ရွိရာမွ ကယ္တင္ျခင္းကို မလွမ္းမကမ္းတြင္ တည္ရွိေသာ ကက္သိုလစ္ေက်ာင္းမွ မယ္သီလရွင္တစ္ဦးက ျပဳေပးခဲ့သည္ကို ႀကဳံႀကိဳက္သည္။
ကက္သိုလစ္ေက်ာင္းမွာ ခရစ္စမတ္ပြဲ က်င္းပမည္။ သူ႔ဆိုင္မွ ၾကက္ေၾကာ္ျဖင့္ ဧည့္ခံမည္။ ထို႔အတြက္ အိုကာဝါရာက ခရစ္စမတ္ဘိုးဘိုးႀကီးအျဖစ္ ဝတ္စားဆင္ယင္ၿပီး ပြဲမွာ မူႀကိဳကေလးမ်ားကို ဧည့္ခံေပးရမည္ဟု ဆိုလာသည္ကို အိုကာဝါရာက သေဘာတူလိုက္သည္။ သူ႔က ခရစ္စမတ္ဘိုးဘိုးႀကီး စန္တာကေလာ့အျဖစ္ ဝတ္ဆင္ၿပီး ပြဲတက္ရာ သူ႔ကို စန္ဆာ စံ ဟု ဂ်ပန္စကားျဖင့္ ကေလးမ်ားက ေခၚၾကသည္။ သူက ပြဲမွာ ကျပေဖ်ာ္ေျဖရ လူႀကိဳက္ မ်ားသည္။ ကေနရင္း သီခ်င္းထဲ ဆိုင္ကို ထည့္ေၾကာ္ျငာသည္။ ဆိုင္၏ brand ျဖစ္ေသာ KFC ကို ထည့္သုံးျဖစ္သည္။ “ကြၽန္ေတာ္ ကျပတယ္။ ၾကက္ေၾကာ္ထည့္ထားတဲ့ ဘူးဝိုင္းႀကီးကို လက္တစ္ဘက္မွာ ပိုက္ထားတယ္။ ပါးစပ္က သီခ်င္း ေအာ္ဆိုတယ္။ ကင္တြတ္ကီ ခရစ္စမတ္၊ ကင္တြတ္ကီ ခရစ္စမတ္၊ ဟက္ပီး ဟက္ပီး ကင္တြတ္ကီ ခရစ္စမတ္ . . . ကြၽန္ေတာ့ဘာသာ လက္တန္း သီခ်င္းစပ္ၿပီး ဆိုတယ္။ ကတယ္။ ကေလးေတြ သေဘာက်ၾကတယ္”

 

မၾကာခင္မွာပင္ ေနာက္ထပ္ မူလတန္းေက်ာင္းတစ္ေက်ာင္းကလည္း အလားတူပင္ လုပ္ကိုင္ရာ သူ႔ဆိုင္ကို ခရစ္စမတ္က ကယ္တင္ႏိုင္ဖြယ္ ရွိေၾကာင္း အိုကာဝါရာ သတိျပဳမိလိုက္သည္။ ေျမာက္ဝင္႐ိုးစြန္း ေရခဲေနသည့္ ႏွင္းထုေဒသမွ ေရာက္လာေသာ ခရစ္စမတ္ဘိုးဘိုးႀကီးကို ကေလးမ်ား ႏွစ္သက္ၾကသည္။ မိဘမ်ားက သေဘာက်ၾကသည္။ ခရစ္စမတ္သည္ ဂ်ပန္တို႔အၾကား ေနရာယူထားၿပီးၿပီ ျဖစ္သည္။ လိုေနသည္မွာ ခရစ္စမတ္ အႀကိဳတြင္ စားေသာက္ေလ့ရွိသည့္ ၾကက္ဆင္ ျဖစ္သည္ဟု သူ ေတြးမိသည္။ ၾကက္ဆင္အစား သူေရာင္းခ်ေနသည့္ KFC ၾကက္ေၾကာ္ အစားထိုးႏိုင္လွ်င္ သူ႔ဆိုင္ အလုပ္ျဖစ္ၿပီဟု စိတ္ကူးရသည္။ ဂ်ပန္မိသားစုတို႔သည္ တီဗီႏွင့္ ႐ုပ္ရွင္တို႔မွတစ္ဆင့္ ၾကက္ဆင္စားသည့္ ခရစ္စမတ္ အစဥ္အလာကို သိထားၾကေသာ္လည္း အိမ္မွာ ၾကက္ဆင္ စီစဥ္ဖို႔ဆိုသည္မွာ လြယ္ကူေသာအလုပ္ မဟုတ္ေခ်။ သို႔ျဖစ္ရာ စန္တာစံက ၾကက္ေက်ာ္ျဖင့္ အစားထိုးေပးဖို႔ ႀကံစည္လုပ္ကိုင္သည္။ စီးပြားက်ေနသည္ကို ဆန္းသစ္တီထြင္ျခင္း INNOVATION ျဖင့္ သူက ေဖာက္ထြက္လိုက္သည္။ ျပဳတ္လုနီးပါး ျဖစ္ေနေသာ သူ႔ဆိုင္ႏွင့္ ေသလုနီးပါးျဖစ္ေနေသာ Brand တို႔ကို ျပန္လည္ အသက္သြင္းေပးႏိုင္ခဲ့သည္။

 

Sale နဲ႔ Marketing သမားေတြ အဓိက လိုအပ္တဲ့ “Communicating Skill” တိုးတက္လာဖို႔ ဘယ္လိုျပင္ဆင္ၾကမလဲ

 

သူက ဘာကို ဆန္းစစ္တီထြင္လိုက္သနည္း။
=======


ခရစ္စမတ္ကို ေရာင္ျပန္ဟပ္ေပးထားသည့္ “Party Barrels” ကို သူ စီစဥ္ၿပီး ေရာင္းခ်သည္။ ဆိုင္ကိုလည္း ကာနယ္ဆန္းဒါးက ခရစ္စမတ္ဘိုးဘိုးႀကီး စန္ဆာစံအျဖစ္ အလွဆင္သည္။ KFC ၏ အမွတ္တံဆိပ္သည္ ကာနယ္ဆန္းဒါးပုံကို အသုံးျပဳထားေပရာ ကာနယ္ဆန္းဒါးသည္လည္း မုတ္ဆိတ္အရွည္ ထားသူ ျဖစ္သျဖင့္ ပုံမွား႐ိုက္ဖို႔ အဆင္ေျပေနေစသည္။ အံဝင္ခြင္က် ျဖစ္ေနေတာ့သည္။

Christmas “Party Barrels” ဆိုေသာ စကားလုံးသည္ ဂ်ပန္ႏိုင္ငံတစ္လႊား လူသိမ်ားသည့္ စားစရာေရာင္းကုန္ ျဖစ္သြားသည္အထိ ေအာင္ျမင္မႈ ရရွိသည္။ KFC Japan သည္ ဆိုင္ခြဲမ်ား ထပ္မံဖြင့္လွစ္ခဲ့သည္။ “Kentucky for Christmas” ကမ္ပိန္းကို လုပ္ေဆာင္သည္။ အိုကာဝါရာသည္ KFC Japan ၏ CEO ျဖစ္လာသည္။ ခရစ္စမတ္ႏွင့္ “Party Barrels” သည္ ဂ်ပန္မိသားစုတို႔အၾကား တြဲလုံးတစ္ခုအျဖစ္ ဓေလ့ထုံးတမ္း ျဖစ္သြားသည္။ ၾကက္ဆင္သည္ ၾကက္ေၾကာ္ ျဖစ္သြားသည္။ မုတ္ဆိတ္ရွည္ ကာနယ္ ဆန္းဒါးသည္ စန္တာစံ ျဖစ္သြားသည္။

KFC Japan သည္ ခရစ္စမတ္ေရာက္တိုင္း ဂ်ပန္စားသုံးသူဦးေရ သုံးသန္းခြဲေက်ာ္တို႔ စားေသာက္ၾကရန္ party barrels ခုေရ သုံးသိန္း + Christmas pack ၈ သိန္း ေရာင္းခ်ရသည္။

ဂ်ပန္ KFC မွ Marketing သမား မ်ားသည္ အကင္းပါးလြယ္သည္ ေနာက္ပိုင္းတြင္ ကေလးေတြ သာမက အမ်ိဳးသား ႏွင့္ လူငယ္ပရိသတ္မ်ားကို ပစ္မွတ္ထားကာ အဆိုပါ စင္တာကေလာ့ ဝတ္စုံ ကို ဂ်ာပန္ Model မေလး ငယ္ငယ္ေခ်ာေခ်ာေလးမ်ားကို ကေလး မ်ား ၾကား တြင္ ကခုန္ခိုင္းကာ ေၾကာ္ျငာ႐ိုက္ကူး Marketing ဆင္း ျပန္သည္။

2000 ခုႏွစ္မ်ား ကတည္းက ထိုကဲ့သို႔ KFC ေၾကာ္ျငာမ်ားမွာ အေနာက္ႏိုင္ငံမ်ားအထိ ေရပန္းစားလွ သည္
၂၀၁၉ ခုႏွစ္မွာ ဂ်ပန္ KFC မွာအေမရိကန္ေဒၚလာ 74,344 သန္းရရွိထားသည္။

 

KFC က ဂ်ပန္မျဖဴျဖဴေခ်ာေခ်ာေလးနဲ႔ ႐ိုက္ကူးထားတဲ့ ေၾကာ္ျငာေလးကို ၾကည့္ၾကရေအာင္!!

 

 

 

 Myanmar Advertising Directory 

Read times
Rate this item
(0 votes)