-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာနိုင်ငံ ကြော်ငြာလုပ်ငန်းရှင်များ အသင်းအကြောင်း တစေ့တစောင်း

မြန်မာနိုင်ငံ ကြော်ငြာလုပ်ငန်းရှင်များ အသင်း ( AAAM ) ကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ကြော်ငြာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသော ကနဦး စတင်တည်ထောင်သူ (၁၁) ဦးဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Today Ogilvy ကြော်ငြာအေဂျင်စီပိုင်ရှင် ဒေါက်တာသာထွန်းဦးက အသင်းရဲ့ ဥက္ကဌ  ဖြစ်ပြီး ဒုတိယဥက္ကဌကတော့ Mango Group က ဒေါ်လင်းလင်းတင်ထွန်း ဖြစ်ပါတယ်။

အစိုးရနဲ့ မီဒီယာ၊ ကြော်ငြာလုပ်ငန်းရှင်များကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့၊ ပြည်တွင်းမှာရှိတဲ့ ကြော်ငြာအေဂျင်စီတွေကို ပံ့ပိုးကူညီဖို့၊ ကြော်ငြာစီးပွားရေး လုပ်ငန်းများ ပိုမို တိုးတက်လာစေဖို့နဲ့ ဈေးကွက် မြှင့်တင်နိုင်စေဖို့၊ အသင်းဝင် အဖွဲ့အစည်း အချင်းချင်း လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ ဗဟုသုတများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလုပ်ကိုင်ပုံများကို မျှဝေနိုင်စေဖို့ အစရှိတဲ့ ရည်ရွယ်ချက် များစွာနဲ့ မြန်မာနိုင်ငံ ကြော်ငြာလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပါတယ်။

မိမိ Customer တွေရဲ့ အချက်အလက်တွေကို လုံခြုံအောင် ဘယ်လိုထိန်းသိမ်းမလဲ…?

ကြော်ငြာလုပ်ငန်းဆိုင်ရာ ဆက်စပ် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီပေါင်း (၂၄) ခုနဲ့ ဖွဲ့စည်း တည်ထောင်ထားပြီး အသင်းဝင်ထားတဲ့ ကုမ္ပဏီတွေကတော့ Mango Group, Today Ogilvy, Myanmar SPA Advertising, Future Com, Coca Media, Net Com, Mandalay Advertising, Red Line, Ignite နဲ့ Y&R စတဲ့ ကြော်ငြာလုပ်ငန်းတွေ ပါဝင်ပါတယ်။

အသင်းအနေနဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလကစပြီး ကြော်ငြာလုပ်ငန်း အခြေခံ သင်တန်းများကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ သင်တန်းမှာဆိုရင် Fundamentals of Advertising, Account Handling   , Communication Strategy Development, Media Basics, Creative Introduction, Starting Point of PR Services, First Chapter of Digital Advertising, First Step of Production, Beginning of BTL Activation နဲ့ Campaign Effectiveness Measurement ဆိုပြီး သင်ရိုး (၁၀) ခုနဲ့ သင်ကြားပေးနေပါတယ်။

မြန်မာနိုင်ငံကြော်ငြာ လုပ်ငန်းရှင်များ အသင်းမှာ အသင်းဝင်အဖြစ် ပါဝင်လိုတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ အဓိအားဖြင့် ကြော်ငြာလုပ်ငန်းကို လုပ်ကိုင်နေပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီများ ဖြစ်ရပါမယ်။ လုပ်ငန်းသက်တမ်း အနည်းဆုံး (၁) နှစ် ရှိရပါမယ်။ အသင်းဝင်ကြေးက (၁၀) သိန်း ဖြစ်ပြီး နှစ်စဉ်ကြေးကတော့ (၅) သိန်း ဖြစ်ပါတယ်။

Su Mon Oo

Read times
Rate this item
(1 Vote)