-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆိုရှယ်မှာ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာပါ

ယနေ့ခေတ်မှာ ခေတ်မှီတိုးတက်လာတဲ့ အချိန်မှာ ဆိုရှယ်မီဒီယာက သင့်ရဲ့ ဘဝနေထိုင်မှု့ ပုံစံနဲ့ သင့်ကိုယ်ပိုင်ဘဝလေးကို တန်ဖိုးမြှင့်ဖို့ သင့်လုပ်ရက်ပေါ်မှာ မှုတည်ပြီး ကူညီပေးပါလိမ့်မယ်။Social Media ပေါ်သင်တင်သမျှဟာ သင့်ရဲ့ ကိုယ်ကျင့်သိက္ခာတရား နဲ့ တန်ဖိုးကို တိုက်ရိုက်အချိုးကျနေပါတယ် ကုန်ကုန်ပြောရရင် ဆိုရှယ်မီဒီယာ ဟာ သင့်ဘ၀ တစ်စိတ်တစ်ပိုင်း ပဲဖြစ်လို့နေပါပြီ။

 

များများစားစားတော့ ပြောပြစရာလိုမယ်မထင်ဘူး အကယ်၍သင်အလုပ်တစ်ခုလျှောက်တယ်ဆိုပါစို့ သင့်လုပ်ငန်းအသစ်က HR က သင့် Facebook Profile ကို အနည်းဆုံး ၂ ခေါက်လောက်တော့ သေချာအောင်ဝင်ကြည့်ပါတယ်။သင်အောင်မြင်ချင်တယ် လူရိုသေရှင် ရိုသေ နေချင်တယ် လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့ နေရာလေးတစ်နေရာ လိုချင်တယ်ဆိုပါဆို့ သင့် Social Media ပေါ်မှာ ပေါက်ကရတင်တာတွေရှောင်ရှားနိုင်မှ အဆင်ပြေမှာပါ။

 

သင့်နာမည်က Brand တစ်ခုပဲ ဆိုပါတော့ ဆိုရှယ်မီယာ ပေါ်မှာ သင့် Brand ကိုမြှင့်တင်ဖို့ သင်ကိုယ်တိုင်ကြိုးစားလုပ်ဆောင်ရမှာပါ ဆိုရှယ်မီဒီယာမှာ Post တစ်ခုတင်ခြင်းက သင့်ရဲ့ လူမှု့ ဘ၀ ပိုင်းဆိုင်ရာကို များစွာ သက်ရောက်မှု့ ရှိပါတယ်။

 

သင့်ရဲ့ ပုံက အရေးကြီးပါတယ်

------------------------------------

 

သင့်အနေနဲ့ Social Media မှာ ပုံတင်တဲ့ အခါမှာ မျက်နှာ ပီပီသသနဲ့ လူလေးစားနိုင်တဲ့ ပုံလေးတွေကို ဦးစားပေးရွေးချယ်တင်ပေးသင့်ပါတယ်။တကယ်တန်းမှာ ဘယ်နေရာ ပဲရောက်ရောက် ပရော်ဖက်ရှင်နယ်ကျနေဖို့ အရေးအကြီးဆုံးပါ။

 

အကယ်၍သင့်အနေနဲ့ လူတစ်ယောက်ကို စပြီး Add မယ်ဆို Linked In တို့ Twitter တို့မှာ ဆို သင့်ပုံကို အခြားသင်သွားအပ်တဲ့ လူက ပထမဆုံး မြင်ရတာပါ သင့်ရဲ့ ပုံပါ ပေါက်ကရပုံတင်ထားရင်လူတွေက အထင်သေးစိတ်အနည်းငယ်ဖြစ်သွားပြီး သို့လောသို့လောဖြစ်နိုင်ပါတယ် ဒါ့ကြောင့် ပထမဆုံးမြင်ရတဲ့ သင့်ပုံက ကောင်းနေဖို့ လိုပါတယ်။

 

အသင့်တော်ဆုံးကတော့ ဓာတ်ပုံဆရာကောင်းကောင်းခေါ်ရိုက်တာ သင့်အတွက် အကောင်းဆုံးပါပဲ နို့မို့ဆို ပုံတွေက မုန်ဝါးဝါးဖြစ်နေနိုင်ပါတယ်။အလင်းအမှောင် မျက်နှာ အနေအထားကို ပုံတွေက ဆုံးဖြတ်ပေးမှာမို့ပါ။သာမန်ပုံတွေထက်စာရင် ခက်ပြုံးပြုံး အနေအထားနဲ့ ပုံတွေက သင့်ကို လူတွေ အမြင်တင့်တယ်စေမှာပါ။

 

ပရော်ဖက်ရှင်နယ် ရိုက်လို့ အဆင်မပြေဘူး ဆိုပါကလည်း သင့် အနေနဲ့ အရည်အသွေးကောင်းတဲ့ ပုံတစ်ပုံဖြစ်ရင် သင့် Profile မှာတင်နိုင်ပါတယ် အဝတ်အစားကောင်းကောင်းဝတ် Formal ဆန်ဆန် ရိုက်ထားမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။

 

 

သင့်အနေနဲ့ သင့်တော်တဲ့ သူတွေသာ အကောင့်ထဲထည့်ပါ

------------------------------------------------------------------------

 

သင့်အနေနဲ့ သင်နဲ့ ရဲ့ အချက်အလက်တွေကို သင့်ရဲ့ အကောင့်ထဲမှာ တင်မှာဖြစ်လို့ စပြီး သူစိမ်းတစ်ယောက်နဲ့ ဆက်သွယ်မှု့ ပြုလုပ်မယ်ဆိုကတည်းက သင့်အနေနဲ့ လူလေ့လာပြီးမှ လက်ခံတာ အကောင်းဆုံးပါ။အဆိုပါ သူစိမ်းက အနေအထိုင်မတတ်သူဆိုပါစို့သင့် အနေနဲ့ သင်တင်ထားတာတွေအပေါ် အမုန်းစကားလာပြောရင် သင် သိက္ခာ ကျနိုင်ပါသေးတယ်။

 

သည့်ထက် သူတင်ထားတာတွေက ပေါက်ကရတွေတင်နေတယ်ဆိုပါစို့ သင်အနေနဲ့ သူ့ကို ကြည့်ရင်း အမြင်တွေကပ်နေမှာ အမှန်ပါပဲ ဒီတော့သင် ပထမစစချင်းမှာ အသိလေးကပ်တော့ အကောင်းဆုံးပါပဲ။အွန်လိုင်းရှော့ပင်လုပ်တဲ့ စာမျက်နှာနဲ့ အကောင့်တွေသာ လူများရင်ကောင်းပေမယ့် သင့်အကောင့်ကတော့ သင်က ဘာလုပ်မှာလဲ ဆိုတာသင့်ကိုသင်သိပြီး သင်နဲ့ စိတ်တူတဲ့ သူတွေသာထည့်ထားရင်အကောင်းဆုံးပါ။

 

စကားကို အဆင့်အတန်းရှိစွာပြောဆိုပါ

----------------------------------------------

 

သင့်ရဲ့ LinkedIn အကောင့် ထဲမှာ သင်စကားပြောဆိုပုံက ပရော်ဖက်ရှင်နယ်ဆန်နေပါစေ။သည့်ထက် ပိုပြီး သိထားမှာက သင့်အလုပ်မှာ လူတွေနဲ့ အလုပ်ကိစ္စပြောသလို ယဉ်ကျေးစွာ ဆက်ဆံပါ။Instagram မှာ ဆိုရင်တော့ သင့်အနေနဲ့ သက်တောင့်သက်သာ စကားပြောဆိုနိုင်ပါတယ်။

 

ကျေးဇူးတင်ဖို့မမေ့ပါနဲ့

---------------------------

 

တချို့ကိစ္စ လေးတွေမှာ သင့်အနေနဲ့ သင့်ရဲ့ မိတ်ဖွဲ့တာကို လက်ခံလိုက်တဲ့ လူတစ်ယောက်ကို လုံး၀ ကျေးဇူးတင်ဖို့မမေ့ပါနဲ့ အကယ်၍ သင်က Offline ဖြစ်နေရင်တောင် သင်သူ့ကို ကျေးဇူးတင်ကြောင်း auto မေလ်း ပို့နိုင်ဖို့လုပ်ထားသင့်ပါတယ်။

လူတွေနဲ့ နွေးထွေးစွာပြောဆိုပါသင့်အနေနဲ့ သင်နဲ့ မိတ်ဖွဲ့ထားတဲ့ သူတွေရှိရင် သူတို့နဲ့ ကောင်းမွန်စွာဆက်ဆံတာ အကောင်းဆုံးပါ သင့်အနေနဲ့ သူတို့ လာပို့သမျှကို ကောင်းမွန်စွာ လက်ခံစကားပြောပါ။

 

<<< Zawgyi >>>

 


------------------------------------------------

 


 


 


 


-------------------------------------

 


 


 


 


 

 


-----------------------------------------------------------------------

 


 


 


----------------------------------------------

 


 


---------------------------

 



 

Ref : The Next Web 

Read times
Rate this item
(0 votes)