-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆိုရှယ်မီဒီယာကြော်ငြာခြင်းရဲ့အနာဂတ်

၂၀၁၉ ခုနှစ် မှာ ကမ္ဘာတစ်ဝန်း တွင် ဆိုရှယ်မီဒီယာ အသုံးပြုသူ ၃.၅ ဘီလီယံ အထက် အသုံးပြုလာတာတွေ့ရပါတယ်။ဆိုရှယ်မီဒီယာ တိုးတက်ကြီးဆိုးလာတာနှင့်အမျှ တချို့သော ကိစ္စရပ်တွေမှာ အကျိုးသက်ရောက်မှု့များစွာရှိနေပါတယ်။

 

ပြီးခဲ့တဲ့ နှစ်က လုပ်ငန်းစုတွေဟာ ဆိုရှယ်မီဒီယာပိုင်းဆိုင်ရာကြော်ငြာကိစ္စရပ် များတွင် ဒေါ်လာ သန်းပေါင်း ၉၉ ဘီလီယံ အသုံးပြု ခဲ့တယ်လို့ရပါတယ်။

 

ပြောရရင်တော့ ဆိုရှယ်မီဒီယာ ဟာ ကောင်းကျိုးတွေအများကြီးရှိနေသော်လဲ လူတွေအတွက် ထိခိုက်စေနိုင်တဲ့ အချက်တွေ အများကြီးနဲ့လည်း ပြည့်နှက်နေတယ်။ဒါ့ကြောင့်လဲ မကြာသေးမှီကမှ Ofcom ရဲ့ စောင့်ကြည့်သတ်မှတ်ရေး ဆိုင်ရာ အဖွဲ့ မှ ပိုမို လုံခြုံရေးတိုးမြှင့်ပြီးတာဝန်ယူမှု့တိုးမြင့်ပေးရန် တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

 

Apple နဲ့ Google တို့ပူးပေါင်းပြီး လူသားတွေ သတိပြုမိ သတိမူမိ စေနိုင်ဖို့ Social Networking Time ( လူမှုမီဒီယာ ) အသုံးပြုချိန် ပမာဏ၊ Others ( အခြား) အသုံးပြုချိန်ပမာဏ ၊ Entertainment ( ဖျော်ဖြေရေး) ကြည့်ရှုချိန်ပမာဏ တို့ကို ခွဲခြားပြသပေးတဲ့ Screen Time ဆိုတဲ့အရာလေးဖန်တီးလိုက်ပါတယ်။



၁၄လတိတိ လေ့လာမှုတစ်ခုအရ အမေရိကန်နိုင်ငံသား ၂၄၄၄ ယောက်မှ ၎င်းတို့ Mobile Phone တွေကို အသုံးချရာတွင် ၆၄ ရာခိုင်နှုန်းသောလူတွေဟာ ဖုန်း application ကို တစ်နေ့လျှင် ၄ နာရီခန့်မျှ အသုံးပြုပြီး ၅ နာရီကို စာဖတ်ခြင်းဖြင့်ကုန်ဆုံးတယ်လို့သိရပါတယ်။

 

ဒီဂျစ်တယ်ပိုင်းဆိုင်ရာလောကတွင် ကြော်ငြာ ရှင်များ အနေဖြင့် သိရှိသင့်တာက Facebook တွင်ကြော်ငြာ မယ်ဆိုရင် Facebook က သူ့အသုံးပြုသူတွေရဲ့ အချက်အလက်တစ်ချို့ကို ရယူထားကာ ကြော်ငြာ တဲ့ သင့် Product နဲ့ ကိုက်ညီစွာ စိတ်ပါဝင်စားတဲ့ သူကိုသာ ပြသရန် ကျန်ရွယ်ထားပြီးဖြစ်ပါတယ်။

 

ဒီနှစ်အစောပိုင်းက သုတေသနပြု လေ့လာတွေ့ရှိချက်များအရ Consumers/Customers အများစုတွေက ကုန်ပစ္စည်းတွေရဲ့ Safe လုံခြုံမှု နဲ့ယုံကြည်ရမှုကို ပိုပြီး အရေးကြီးတယ်လို့သတ်မှတ်ထားကြကြောင်း သိရပါတယ်။

 

ကုန်ပစ္စည်းက ကြော်ငြာမှာတော့ အပျံစား အလန်းစားတွေ ဘယ်လိုတွေ ကောင်းပါတယ် ကြေညာပေမဲ့ တကယ်တမ်း ထိတွေ့ အသုံးချ အသုံးပြုကြည့်တဲ့အခါ ကုန်ပစ္စည်း ပြောထားသလို မဟုတ်ပဲ တခုခုလွဲနေတယ် မှားယွင်းနေတယ် ဗန်းစကားနဲ့ပြောရရင် ဂျင်းဖြစ်နေတယ်ဆို လူတွေက ဒီပစ္စည်းအပေါ်မှာ ယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး ။

 

အဲ့ဒီ့အခါ ကုန်ပစ္စည်းဟာ ဆိုရင်လည်း ဘယ်လောက်ပဲ အရည်အသွေး ပို ကောင်းလာပါစေ လူတွေ ကတော့ အဲ့ဒီ့ကုန်ပစ္စည်းရဲ့အရင်က မကောင်းခဲ့တာကိုပဲ ပြန်လည်တွေးတောပြီး ထပ်ဝယ်ဖို့တွန့်ဆုတ်သွားမှာ အသေအချာပါပဲ။

 

အဲ့ဒီ့တော့ ကြော်ငြာရှင်တွေ အတွက် အဓိက ကျတဲ့အချက်ကတော့ ယုံကြည်ရမှု နဲ့ လုံခြုံစေမှု ပါပဲ။ ယုံကြည်ရမှု ကတော့ အပြောနဲ့အလုပ် ညီပြီး လူတွေစီက ယုံကြည်မှုကို ရယူဖို့ပဲ ဖြစ်ပါတယ်။ ကြော်ငြာမှာ ကြေညာထားတဲ့အတိုင်း အပြင်မှာလည်း အရည်အသွေး ပြည့်ဖို့လိုပါတယ်။ လုံခြုံစေမှု ဆိုတာ ကိုယ့်ကုန်ပစ္စည်း ထုတ်ကုန် ရဲ့ အာမခံချက် ပေးနိုင်မှု ကိုယ့်ပစ္စည်း ထုတ်ကုန်ရဲ့ စိတ်ချရမှု ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

 

ယခုခေတ်က နည်းပညာ ဒစ်ဂျစ်တယ်ခေတ်

 

ခေတ်မှီလာတာနဲ့အမျှ လူသားတွေတစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်တွေ ဆိုရှယ်မီဒီယာပေါ်မှာ အမှားအမှန်တွေ အားလုံး အလွယ်တကူ ပျံ့နှံ့သွားပြီး စက္ကန့်ပိုင်းနဲ့ ကမ္ဘာတစ်ဝှမ်းက အဖြစ်အပျက်တွေ ကို သိရှိနိုင်ပါတယ်။ အဲ့တော့ မီဒီယာက တော်တော်လေးတွင်ကျယ် ကျယ်ပြန့်လာပြီး မီဒီယာ အရည်အသွေးကလည်း တော်တော် မြင့်မားပါတယ်။

 

မီဒီယာကြောင့် နေ့တွင်းချင်း ညတွင်းချင်း အောင်မြင်ကျော်ကြားသွားနိုင်သလို မီဒီယာ ကြောင့် အဆိုးဆုံး ပျက်သုန်းတဲ့ အခြေအနေကိုလည်း ရောက်ရှိသွားနိုင်ပါတယ်။ မီဒီယာက တော်တော်လေး အရေးပါ လွှမ်းမိုးထားပါတယ်။

အဲ့လို အရေးပါဆုံး မီဒီယာ မှာ အရည်အသွေးကောင်းရဖို့ က အပေါ်က အချက်ကလေးတွေ ကို ဂရုစိုက် သေချာ အရေးထားလုပ်ဖို့ လိုအပ်ပါတယ်။

 

<<< Zawgyi >>>

 

ဆိုရွယ္မီဒီယာေၾကာ္ျငာျခင္းရဲ႕အနာဂတ္

------------------------------------------------

 

၂၀၁၉ ခုႏွစ္ မွာ ကမာၻတစ္ဝန္း တြင္ ဆိုရွယ္မီဒီယာ အသုံးျပဳသူ ၃.၅ ဘီလီယံ အထက္ အသုံးျပဳလာတာေတြ႕ရပါတယ္။ဆိုရွယ္မီဒီယာ တိုးတက္ႀကီးဆိုးလာတာႏွင့္အမွ် တခ်ိဳ႕ေသာ ကိစၥရပ္ေတြမွာ အက်ိဳးသက္ေရာက္မႈ႕မ်ားစြာရွိေနပါတယ္။

 

ၿပီးခဲ့တဲ့ ႏွစ္က လုပ္ငန္းစုေတြဟာ ဆိုရွယ္မီဒီယာပိုင္းဆိုင္ရာေၾကာ္ျငာကိစၥရပ္ မ်ားတြင္ ေဒၚလာ သန္းေပါင္း ၉၉ ဘီလီယံ အသုံးျပဳ ခဲ့တယ္လို႔ရပါတယ္။

 

ေျပာရရင္ေတာ့ ဆိုရွယ္မီဒီယာ ဟာ ေကာင္းက်ိဳးေတြအမ်ားႀကီးရွိေနေသာ္လဲ လူေတြအတြက္ ထိခိုက္ေစႏိုင္တဲ့ အခ်က္ေတြ အမ်ားႀကီးနဲ႔လည္း ျပည့္ႏွက္ေနတယ္။ဒါ့ေၾကာင့္လဲ မၾကာေသးမွီကမွ Ofcom ရဲ႕ ေစာင့္ၾကည့္သတ္မွတ္ေရး ဆိုင္ရာ အဖြဲ႕ မွ ပိုမို လုံၿခဳံေရးတိုးျမႇင့္ၿပီးတာဝန္ယူမႈ႕တိုးျမင့္ေပးရန္ ေတာင္းဆိုခဲ့တယ္လို႔သိရပါတယ္။

 

Apple နဲ႔ Google တို႔ပူးေပါင္းၿပီး လူသားေတြ သတိျပဳမိ သတိမူမိ ေစႏိုင္ဖို႔ Social Networking Time ( လူမႈမီဒီယာ ) အသုံးျပဳခ်ိန္ ပမာဏ၊ Others ( အျခား) အသုံးျပဳခ်ိန္ပမာဏ ၊ Entertainment ( ေဖ်ာ္ေျဖေရး) ၾကည့္ရႈခ်ိန္ပမာဏ တို႔ကို ခြဲျခားျပသေပးတဲ့ Screen Time ဆိုတဲ့အရာေလးဖန္တီးလိုက္ပါတယ္။



၁၄လတိတိ ေလ့လာမႈတစ္ခုအရ အေမရိကန္ႏိုင္ငံသား ၂၄၄၄ ေယာက္မွ ၎တို႔ Mobile Phone ေတြကို အသုံးခ်ရာတြင္ ၆၄ ရာခိုင္ႏႈန္းေသာလူေတြဟာ ဖုန္း application ကို တစ္ေန႔လွ်င္ ၄ နာရီခန႔္မွ် အသုံးျပဳၿပီး ၅ နာရီကို စာဖတ္ျခင္းျဖင့္ကုန္ဆုံးတယ္လို႔သိရပါတယ္။

 

ဒီဂ်စ္တယ္ပိုင္းဆိုင္ရာေလာကတြင္ ေၾကာ္ျငာ ရွင္မ်ား အေနျဖင့္ သိရွိသင့္တာက Facebook တြင္ေၾကာ္ျငာ မယ္ဆိုရင္ Facebook က သူ႔အသုံးျပဳသူေတြရဲ႕ အခ်က္အလက္တစ္ခ်ိဳ႕ကို ရယူထားကာ ေၾကာ္ျငာ တဲ့ သင့္ Product နဲ႔ ကိုက္ညီစြာ စိတ္ပါဝင္စားတဲ့ သူကိုသာ ျပသရန္ က်န္႐ြယ္ထားၿပီးျဖစ္ပါတယ္။

 

ဒီႏွစ္အေစာပိုင္းက သုေတသနျပဳ ေလ့လာေတြ႕ရွိခ်က္မ်ားအရ Consumers/Customers အမ်ားစုေတြက ကုန္ပစၥည္းေတြရဲ႕ Safe လုံၿခဳံမႈ နဲ႔ယုံၾကည္ရမႈကို ပိုၿပီး အေရးႀကီးတယ္လို႔သတ္မွတ္ထားၾကေၾကာင္း သိရပါတယ္။

 

ကုန္ပစၥည္းက ေၾကာ္ျငာမွာေတာ့ အပ်ံစား အလန္းစားေတြ ဘယ္လိုေတြ ေကာင္းပါတယ္ ေၾကညာေပမဲ့ တကယ္တမ္း ထိေတြ႕ အသုံးခ် အသုံးျပဳၾကည့္တဲ့အခါ ကုန္ပစၥည္း ေျပာထားသလို မဟုတ္ပဲ တခုခုလြဲေနတယ္ မွားယြင္းေနတယ္ ဗန္းစကားနဲ႔ေျပာရရင္ ဂ်င္းျဖစ္ေနတယ္ဆို လူေတြက ဒီပစၥည္းအေပၚမွာ ယုံၾကည္မႈရွိေတာ့မွာမဟုတ္ပါဘူး ။

 

အဲ့ဒီ့အခါ ကုန္ပစၥည္းဟာ ဆိုရင္လည္း ဘယ္ေလာက္ပဲ အရည္အေသြး ပို ေကာင္းလာပါေစ လူေတြ ကေတာ့ အဲ့ဒီ့ကုန္ပစၥည္းရဲ႕အရင္က မေကာင္းခဲ့တာကိုပဲ ျပန္လည္ေတြးေတာၿပီး ထပ္ဝယ္ဖို႔တြန႔္ဆုတ္သြားမွာ အေသအခ်ာပါပဲ။

 

အဲ့ဒီ့ေတာ့ ေၾကာ္ျငာရွင္ေတြ အတြက္ အဓိက က်တဲ့အခ်က္ကေတာ့ ယုံၾကည္ရမႈ နဲ႔ လုံၿခဳံေစမႈ ပါပဲ။ ယုံၾကည္ရမႈ ကေတာ့ အေျပာနဲ႔အလုပ္ ညီၿပီး လူေတြစီက ယုံၾကည္မႈကို ရယူဖို႔ပဲ ျဖစ္ပါတယ္။ ေၾကာ္ျငာမွာ ေၾကညာထားတဲ့အတိုင္း အျပင္မွာလည္း အရည္အေသြး ျပည့္ဖို႔လိုပါတယ္။ လုံၿခဳံေစမႈ ဆိုတာ ကိုယ့္ကုန္ပစၥည္း ထုတ္ကုန္ ရဲ႕ အာမခံခ်က္ ေပးႏိုင္မႈ ကိုယ့္ပစၥည္း ထုတ္ကုန္ရဲ႕ စိတ္ခ်ရမႈ ကို ရည္ၫႊန္းတာ ျဖစ္ပါတယ္။

 

ယခုေခတ္က နည္းပညာ ဒစ္ဂ်စ္တယ္ေခတ္

----------------------------------------------------

 

ေခတ္မွီလာတာနဲ႔အမွ် လူသားေတြတစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိတ္အဆက္ေတြ ဆိုရွယ္မီဒီယာေပၚမွာ အမွားအမွန္ေတြ အားလုံး အလြယ္တကူ ပ်ံ႕ႏွံ႔သြားၿပီး စကၠန႔္ပိုင္းနဲ႔ ကမာၻတစ္ဝွမ္းက အျဖစ္အပ်က္ေတြ ကို သိရွိႏိုင္ပါတယ္။ အဲ့ေတာ့ မီဒီယာက ေတာ္ေတာ္ေလးတြင္က်ယ္ က်ယ္ျပန႔္လာၿပီး မီဒီယာ အရည္အေသြးကလည္း ေတာ္ေတာ္ ျမင့္မားပါတယ္။

 

မီဒီယာေၾကာင့္ ေန႔တြင္းခ်င္း ညတြင္းခ်င္း ေအာင္ျမင္ေက်ာ္ၾကားသြားႏိုင္သလို မီဒီယာ ေၾကာင့္ အဆိုးဆုံး ပ်က္သုန္းတဲ့ အေျခအေနကိုလည္း ေရာက္ရွိသြားႏိုင္ပါတယ္။ မီဒီယာက ေတာ္ေတာ္ေလး အေရးပါ လႊမ္းမိုးထားပါတယ္။

 

အဲ့လို အေရးပါဆုံး မီဒီယာ မွာ အရည္အေသြးေကာင္းရဖို႔ က အေပၚက အခ်က္ကေလးေတြ ကို ဂ႐ုစိုက္ ေသခ်ာ အေရးထားလုပ္ဖို႔ လိုအပ္ပါတယ္။

 

Ref ; The Drum 

Read times
Rate this item
(0 votes)