-->
×

Warning

JUser: :_load: Unable to load user with ID: 29


အာရုံဖမ်းစားတဲ့ ခေါင်းစီး

လူတွေက နေ့စဉ်နဲ့အမျှ ကြော်ငြာတွေကို မြင်နေတွေ့နေတယ်။ ဒီတော့ ကြော်ငြာတစ်ခုကို တွေ့ရင် ခပ်သွက်သွက်ပဲ ကြည့်လိုက်ကြတယ်။

ခြေဆုံးခေါင်းဆုံး သေသေချာချာ ကြည့်မနေတော့ဘူး။ ဒီဟာကလည်း ကြော်ငြာတွေထဲမျ ကြော်ငြာတစ်ခုပါပဲဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားတယ်။ အစမှ အဆုံး သေသေချာချာ လိုက်ဖတ်ကြည့်နေရမယ်ဆိုရင်လည်း တခြားဘာအလုပ်မှ ကောင်းကောင်းလုပ်ရတော့မှာ မဟုတ်ဘူး။ ဒီတော့ ကိုယ့်ကြော်ငြာဆီ အာရုံငြိအောင် ထိရောက်တဲ့ ခေါင်းစီးတွေ တပ်ပြီး အာရုံတွေကို ဆွဲယူကြတယ်။

ကြော်ငြာသမိုင်းမှာ အထင်ရှားဆုံး ဂုရုကြီး ဖြစ်တဲ့ David Ogilvy က သွန်သင်ခဲ့ဖူးတယ်။ စာသားနဲ့ ခေါင်းစဉ် နှစ်မျိုး ရှိနေတာမှာ ခေါင်းစဉ်ကို ဖတ်တဲ့သူဦးရေက စာကိုယ်ကို ဖတ်တဲ့သူဦးရေထက် ပျမ်းမျှအားဖြင့် ၅ ဆ ရှိပါတယ်တဲ့။ ဒီတော့ ခေါင်းစီးက အရေးကြီးတယ်။ လူတစ်ရာမှာ ရှစ်ဆယ်က ခေါင်းစီးကို ဖတ်တယ်။ စာကိုယ်ကို ဖတ်တဲ့သူက ၂၀ တောင် မပြည့်ချင်ဘူးတဲ့။

ခေါင်းစီးမရေးခင်မှာ မေးစရာ မေးခွန်းတွေ ရှိတယ်။
ဘယ်သူတွေကို အာရုံငြိအောင် ဖမ်းစားရမှာလဲ။
ဘယ်အရာက သူတို့ အာရုံပြုမိအောင် ပြုပေးနိုင်မလဲ။

Ogilvy က သူ့အထာတစ်ခုကို ပြောပြခဲ့ဖူးတယ်။
ကြော်ငြာတစ်ခုကို သူ ရေးရင် အချိန် သုံးနာရီဝန်းကျင် သုံးတယ်။
ခေါင်းစီးတစ်ခု ရေးဖို့အတွက်တော့ အချိန် ၃ ပတ် သုံးတယ်တဲ့။

ခေါင်းစီးကို သတင်းထူးတစ်ခု အသိပေးတဲ့အနေဖြင့် ရေးကြတယ်။ ၀န်ဆောင်မှု အသစ် တစ်ခု ရနိုင်ပြီဆိုတာ ပြောပြတာမျိုး။ ထုတ်ကုန်အသစ်တစ်မျိုး ရနိုင်ပြီဆိုတာမျိုးပေါ့။ တချို့ကတော့ အကျိုးကျေးဇူး ရနိုင်ပုံကို ရေးတယ်။
ခေါင်းစီးဟာ လိုရင်းတိုရှင်း ပြတ်ပြတ်သားသား ဖြစ်အောင် ရေးနိုင်ရင် အကောင်းဆုံးပဲ။

ခေါင်းစီးကို ယေဘုယျဆန်ဆန် မရေးရဘူး။
အိမ်ထောင်ရေး ငွေရေးကြေးရေး ပူပန်သောက ကင်းဝေးရေးလို့ မရေးရဘူး။ အသုံးအဖြုန်းကြီးတဲ့ ယောက်ျားတွေရဲ့ ဇနီးတွေအတွက် အကြံပေးချက်များ လို့ ရေးရမယ်။

ပြီးတော့ အပေါင်းပိုပြတာကို ရေးမယ့်အစား အနုတ်ပြတာ လျော့ကြောင်း ရေးရမယ်။ အကျိုးအမြတ် ပိုရှိမယ်ဆိုတာ ရေးမယ့်အစား ကုန်ကျစရိတ် လျော့သွားတယ်ဆိုတာကို ရေးရမယ်။ ဘာလို့လဲ။ လူ့စိတ်သဘာဝကြောင့် ဖြစ်ပါတယ်။
လူတွေက လက်ထဲရောက်ပြီးသား အရာတစ်ခုခု မဆုံးရှုံးအောင် အသေအလဲ ကာကွယ်မယ်။ သူတို့ လက်ထဲ ရောက်မလာသေးတဲ့ တန်ဖိုးရှိ အရာတစ်ခုခုအတွက် အသေအလဲ တိုက်ခိုက်ဖို့ဆိုရင် အင်တင်တင် ဖြစ်ကြတယ်။ ကိုယ့်လက်ထဲရှိတာက ကိုယ့်လက်ကိုယ့်ခြေ စီမံပိုင်ခွင့် ရှိနေတော့ ပိုစိတ်ဝင်စားတယ်။ လက်ထဲ ရောက်မလာသေးတာကို ပိုတန်ဖိုး ရှိနေတယ်ဆိုရင်တောင် ကိုယ့်လက်ခုပ်ထဲကရေ မဟုတ်လို့ အသည်းအသန် မဖြစ်ကြဘူး။

သင်အဖြေထုတ်လိုက်တဲ့ ခေါင်းစီးမှာ အဲဒီအချက်တွေ ပြည့်စုံနေတယ်ဆိုရင်ပဲ
အတော်ကောင်းတဲ့ ခေါင်းစီးလို့ ပြောလို့ရပါပြီ။

Read times
Rate this item
(1 Vote)