-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာကောင်းတစ်ခုဖြစ်ဖို့ ဘယ်လို ပုံဖော်ဖန်တီးမလဲ?

ကြော်ငြာကောင်းတစ်ခုဖြစ်ဖို့ ဘယ်လို ပုံဖော်ဖန်တီးမလဲ? google

ကြော်ငြာဖန်တီးသူတွေဟာ ဘယ်လိုကြော်ငြာအမျိုးအစားကိုမဆို ဘယ်လို Execution Style နဲ့ပဲ ကြော်ငြာကြော်ငြာ အရင်ဆုံး Idea ဆိုတဲ့ အစလေးတစ်ခုကိုဆွဲထုတ်ကြရပါတယ်။

ဒါပေမယ့် ကြော်ငြာသမားတွေဆိုတာမျိုးကလည်းသူများကိုနာမည်ကြီးအောင်လုပ်ပေးရတဲ့သူတွေဆိုတော့ကာ
Idea ဆိုတာကြီးက အလုပ်အပ်တဲ့ Clients တွေဆီကလာကြတာများပါတယ်။
“ဒီ Product ကို ဒီလို Idea လေးနဲ့ ဒီလိုမျိုးလေးဖြစ်အောင်လုပ်ချင်တာလေ” ဆိုတာမျိုးပေါ့ဗျာ။
Idea ဆိုတာမျိုးကလည်း ငါးနှစ်သားကလေးလေးတောင် စဉ်းစားတတ်နေတော့ဒီတစ်ခုတည်းနဲ့လည်းအလုပ်မဖြစ်ပါဘူး။အရေးမကြီးဘူးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူးခင်ဗျ။အရေးပါတယ်လို့ပြောရင်ပိုမှန်ပါတယ်။
ဆိုတော့ ဒီ Idea (brief) တွေကို Creative Advertising တစ်ခုဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကကြော်ငြာဖန်တီးသူတွေရဲ့အသက်ပါပဲ။
ရုပ်ရှင်ထဲကလို ၀တ်ရုံနက်ကြီးဝတ် ၊ လက်ထဲမှာ တုတ်တိုလေးကိုင် ပါးစပ်က ပွစိပွစိလုပ်ပြီး “ဟတ်ချလောင်း” လို့ အော်လိုက်တာနဲ့ အဲဒိလို Creative Advertising ဆိုတာကြီးကို ၀ုန်းဆို ဖန်တီးလို့ရရင်လည်းသိပ်ကောင်းတာပေါ့ဗျာ။
အဲလို လုပ်လို့လည်းမရတော့ကာ မနက်မိုးလင်းမျက်စိနှစ်လုံးပွင့်တည်းကနေ ညဘက်အိပ်ယာဝင်တဲ့အထိ လမ်းလျှောက်စဉ်းစားလိုက် ၊ ထိုင်စဉ်းစားလိုက် ၊ မှောက်စဉ်းစားလိုက် နဲ့ Creative Advertising တစ်ခုရဖို့ တိုင်ပတ်တဲ့ Ads Creators တွေအများကြီးရှိလာတာပေါ့။
ဒါပေမယ့်လည်း “လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုတဲ့အတိုင်း Creative Advertising ကိုဖန်တီးဖို့အတွက် နည်းဗျုဟာလေးတစ်ခုရလာခဲ့ပါတယ်။
အောက်မှာဖော်ပြထားတဲ့ ပုံထဲမှာ Idea A (Something that you know) + Idea B (Something that you already know before but unrelated to Idea A) = Creative Idea ဆိုတဲ့အတိုင်း ကြော်ငြာတစ်ခုဖန်တီးဖို့အတွက် Clients ဒါမှမဟုတ် ကျနော်တို့ကိုယ်တိုင်စဉ်းစားမိတဲ့ ရိုးရှင်းလွယ်ကူတဲ့ Idea A ဆိုတာလေးကို Idea A နဲ့ ဘာမှမဆိုင်တဲ့ နောက်ထပ် Idea B ဆိုတာနဲ့ပေါင်းလိုက်ရင် Creative Idea တစ်ခုခုထွက်လာမှာဖြစ်ပါတယ်။
နားရှုပ်သွားလားမသိဘူး။
လွယ်လွယ်ဥပမာပေးရရင် ကျနော်က Client ဆိုပါစို့။ ခင်ဗျားကို ကြော်ငြာတစ်ခုအပ်ချင်တယ်။
“ကျနော့် Product က iPhone ဆိုတဲ့ ဖုန်းပြောလို့လည်းရ တစ်ခြားဘာညာကွိကွတွေလည်းလုပ်လို့ရတဲ့ ဖုန်း product လေးပါ။ အဲဒါကိုဗျာ……ကျနော်လူတွေကြားထဲပေါက်သွားချင်တာ…….ကူညီပါဦးဗျာ” လို့ပြောရင် ဒါဟာ ငါးနှစ်သားတောင်ပြောနိုင်တဲ့ Idea (brief) ပဲဖြစ်ပါတယ်။(ဒါပေမယ့် ဒါဟာအကြမ်းဖျင်းပြောတာနော်……ကြော်ငြာဖန်တီးသူက အသေးစိတ်ပြန်မေးရမယ့်အချက်တွေတော့ရှိသေးတာပေါ့။)ဆိုရင် လူတွေကြားထဲ ပေါက်ချင်တဲ့ iPhone (or) Idea A ကို သူနဲ့ဘာမှမဆိုင်တဲ့ Idea B နဲ့ပေါင်းရမှာပေါ့။ဥပမာ iPhone နဲ့ Iron Man နဲ့ပေါင်းမလား? iPhone နဲ့ ကလေးနဲ့ပေါင်းမလား? ဘာနဲ့မဆိုပေါင်းချလိုက်လို့ရတယ်။
နားမလည်သေးရင်တော့ ပုံမှာပြထားတဲ့ မုန်လာဥနီ ကင်းမြီးကောက်ပုံကိုကြည့်ပါ။
သူ့ရဲ့ Idea A က ဆေးတွေသုံးထားတဲ့ အသီးအနှံတွေက လူတွေအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ Idea ပါ။သူ့ကို ဒီတိုင်းပြောလိုက်ရင် ဘာ Creative မှ မရှိဘူး။ဒါကြောင့် Idea B နဲ့ ပေါင်းရမှာပါ။ သူရဲ့ Idea B က Scorpion ကင်းမြီးကောက်……..ဒီတိုင်းစဉ်းစားကြည့်ရင် အသီးအနှံနဲ့ကင်းမြီးကောက်….ဘာမှမဆိုင်ဘူး။ဒါပေမယ့် အန္တရာယ်ရှိတယ်ဆိုတဲ့ အဓိက main point အောက်ကနေ စဉ်းစားလိုက်တော့ မုန်လာဥ ကင်းမြီးကောက်ပုံ Creative Advertising တစ်ခုထွက်လာတော့တာပေါ့ဗျာ။ဆေးသုံးတဲ့ သီးနှံတွေကလည်း အန္တရာယ်ရှိတယ်။ ကင်းမြီးကောက်ကလည်း အန္တရာယ်ရှိတယ်။ နှစ်ခုပေါင်းပြီး ပြောချင်တာနဲ့ပြထားတာနဲ့ကွက်တိ။

ဒါဆိုရင် ဘယ်လိုကြော်ငြာပဲလုပ်လုပ် . . .
နံပါတ် (1) Idea A ကိုစဉ်းစားမယ်….ရမယ်။
နံပါတ် (2) Idea A အဓိကပြောချင်တဲ့ Main Point အောက်ကနေ နောက်ထပ် Idea B တစ်ခုကိုထပ်စဉ်းစား။ အများကြီးစဉ်းစား……ဘာမဆိုဖြစ်နိုင်တာကိုးးး…..ပြီးရင်ချရေးထား။
နံပါတ် (3) ဒါကတော့ တိုင်ပတ်တဲ့အပိုင်းပေါ့။ Idea A နဲ့ B နဲ့ကို ပေါင်း။
အကောင်းဆုံး….Creative အဖြစ်ဆုံးရတဲ့အထိ ခေါင်းခြောက်အောင်ပေါင်း…..
ရသွားပြီဆိုရင်တော့ အမိုက်စား Creative Idea အပြည့်ရှိတဲ့ Creative Advertising တစ်ခုထွက်လာပြီပေါ့ဗျာ။

Recommended for u- လူအများလက်ခံတဲ့ Sales Professional ဆိုတာ

Source:advertising in myanmar

Read times
Rate this item
(1 Vote)