-->
×

Warning

JUser: :_load: Unable to load user with ID: 29


Advertisingနှင့်Marketing

Advertisingနှင့်Marketing google

ကြော်ငြာခြင်း(Advertising) ဟာဈေးကွက်ရှာဖွေခြင်း (Marketing) ရဲ့တစ်စိတ်တစ်ဒေသဖြစ်ပြီး ငွေအများဆုံးသုံးရတဲ့အပိုင်းလည်းဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေမှာ အသုံးများတဲ့ Advertising နှင့် Marketing ကို ရှင်းရှင်းလင်းလင်းနားလည်အောင် အဓိကခြားနားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁ . Marketingဟာ 6P လို့အတိုကောက်သိကြတဲ့ Product, Price, Promotion, Place, People, Process
ကိုအဓိကထားလုပ်ဆောင်ကြပါတယ်။
Advertising မှာတော့ promotion ကိုသာအဓိကထားဆောင်ရွက်ရပါတယ်။

၂ . Marketing လုပ်ခြင်းရဲ့ရည်ရွယ်ချက်ကရောင်းအားမြင့်တက်စေဖို့ဖြစ်ပြီး
Advertisingကတော့ ဝယ်ယူသူတွေကိုဆွဲဆောင်နိုင်ဖို့ဖြစ်ပါတယ်။

၃ . Marketing လုပ်ခြင်းက ကုန်ပစ္စည်းအတွက် ဈေးကွက်တည်ဆောက်ရန်ဖြစ်ပြီး
Advertising ကိုတော့လူထုစိတ်ဝင်စားမှုရရန်အဓိကထားပါတယ်။

၎ . Marketing ကတော့ဈေးကွက်ရှာဖွေချိန်မှ ဝယ်ယူသုံးဆွဲ ကျနပ်သည့်အထိ ရေရှည်လုပ်ကိုင်ရပြီး
Advertisingကတော့ ရေတိုဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်သာဖြစ်ပါတယ်။

Video Camera Hire/ Operators (ဗီဒီယိုကင်မရာဌားရမ်းခြင်းလုပ်ငန်းများ(၃၇၉)

၅. Advertising တိုင်းဟာ Marketing ဖြစ်ပင်မယ့် Marketing တိုင်းကတော့ Advertisingမဟုတ်ပါဘူး။

Advertising နှင့် Marketing မှာ တူညီတဲ့အချက်တွေလည်းရှိပါတယ်။

၁ . နှစ်ခုလုံးရဲ့ရည်ရွယ်ချက်ကတော့ရောင်းအားများလာဖို့ဖြစ်ပါတယ်။

၂ . ကုန်ပစ္စည်းမြှင့်တင်ဖို့နှင့်

၃ . ဝယ်ယူသုံးဆွဲသူတွေကိုဦးတည်ပြီးကုန်ပစ္စည်းရဲ့အရည်အသွေးကိုရှင်းပြဖို့ပဲဖြစ်ပါတယ်။

လူသိများအောင်ဘယ်လိုကြော်ငြာမလဲ

 

HNIN THIDA WIN

Read times
Rate this item
(1 Vote)