Read-အသက်၃၀မှာ မီလျံနာဖြစ်အောင်ဘယ်လိုလုပ်မလဲ
Unicode Version
လူတွေဟာ အနေအထားသုံးမျိုးမှာရှိနေတတ်တယ်။
Survival - ရှင်သန်ရဖို့ ကြိုးစားရုန်းကန်နေရတဲ့အဆင့်
Maintenance - ရှင်သန်ဖို့ကိုတော့ ကျော်လွန်နိုင်ပြီ ဒါပေမယ့် ရှေ့မတိုးနိုင်၊ နောက်မဆုတ်သွားအောင်ပဲ လုပ်နေရတဲ့အဆင့်
Development - ဖွံ့ဖြိုးတိုးတက်နေတဲ့အဆင့်
ကိုယ့်လက်ရှိအခြေအနေက ဘယ်ထဲမှာရှိနေပြီလဲဆိုတာကို သုံးသပ်ကြည့်ပါ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ အဆင့်ဆိုတာ ငွေကြေး၊ ရာထူး၊ နာမည်၊ ဂုဏ်သိက္ခာ အကောင်းဘက်က ဘယ်ဟာမဆိုပါပါတယ်။ တကယ်လို့ ကိုယ်က Survival ဒါမှမဟုတ် Maintenance အဆင့်မှာပဲရှိနေရတယ်ဆိုရင် ရွေးချယ်စရာလေးမျိုးရှိတယ်။
♦do nothing - ဘာမှမလုပ်ဘဲနေမယ်။ ဘာမှပြောင်းလဲဖို့လည်းမကြိုးစားဘဲနေမယ်။ ဘဝကိုအပြစ်တင်ပြီး ကံကြမ္မာအပြောင်းအလဲတစ်ခုခုကများ ကိုယ့်ဘဝကြီးကို ပြောင်းလဲသွားအောင်လုပ်နိုင်မလားလို့ မျှော်လင့်မယ်။
♦change the situation - အခြေအနေကိုပြောင်းလဲမယ်။ အခြေအနေတိုင်းဟာ ကိုယ်ပြောင်းလဲလို့ရနိုင်မယ့် အနေအထားမှာရှိနေချင်မှရှိနေမယ်။ ဥပမာ အလုပ်မှာ အဆင်မပြေဖြစ်နေတာကို အလုပ်ရဲ့ အနေအထားကို ပြောင်းလဲပစ်ဖို့ဆိုတာခက်မယ်။
♦ leave the situation - အခြေအနေကိုထားခဲ့မယ်။ ဒါလည်းအတော်ခက်တယ်။ အလုပ်အဆင်မပြေရင် အလုပ်ထွက်လိုက်မယ်ဆိုတဲ့ အနေအထားပေါ့။
♦change yourself through personal development - ကိုယ့်ကိုကိုယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရင်း အခြေအနေတွေနဲ့ အနေအထားတွေကိုပြောင်းလဲယူမယ်။ ဒါကတော့ အမြဲတမ်းဖြစ်နိုင်ချေရှိတဲ့ အပြောင်းအလဲတစ်ခုပါ။
ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုမှာ အဖြစ်အပျက်တွေက ၁၀ရာခိုင်နှုန်း အဲဒီအဖြစ်အပျက်တွေကို ကိုယ်ဘယ်လို တုံ့ပြန်လဲဆိုတာက ၉၀ ရာခိုင်နှုန်းမူတည်တယ်။ ဘယ်နေရာမှာရှိနေပြီး ဘယ်လမ်းကြောင်းကို ရွေးချယ်မလဲ ဆိုတာက ကိုယ့်ရဲ့ ရွေးချယ်တုံ့ပြန်မှုက အဓိကပဲ။ လူအချင်းချင်း ဘဝတွေ ကွဲပြားလာတာကလည်း ဒီရွေးချယ်မှုကနေစတာပါပဲ။
Credit; Thurein HlaingWin