အားလုံးပဲစိတ်ဝင်စားကြမယ့် အကြောင်းအရာလေးကို sharing လုပ်ပေးချင်းပါတယ်။
ဒါကတော့ 2018 မှာ Digital Marketing နဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ? ဘာတွေ စောင့်ကြည့်လေ့လာသင့်လဲ? ဘယ်လို trend တွေ ခေတ်စားလာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
*Brand will use AR
2018 မှာ နည်းပညာတွေ ဒီထက်ပိုပြီး တိုးတက်လာမယ့်အပြင် marketing နယ်ပယ်မှာလဲ နည်းပညာအကူအညီနဲ့ ဈေးကွက်ချဲ့ထွင်လာဖို့ကတော့ သေချာသလောက်နီးပါးပါပဲ။
ဒီထဲမှာ တစ်ခုဖြစ်တဲ့ AR နည်းပညာအကြောင်းပါ။ AR ဆိုတာကတော့ augmented reality ပါ။ Mobile devices တွေကို အသုံးပြုပြီး တကယ့်အပြင်လောကနဲ့ ပေါင်စပ်ထားတဲ့ နည်းပညာတစ်ခုပါ။
ဆိုတော့ကာ ဒီ Brand တွေက ဒီ AR ပေါ် အခြေခံပြီး ဈေးကွက်ချဲ့ထွင်လာနိုင်ပါတယ်။
ဥပမာ 2016 လောက်တုန်းက Pokemon Go ပုံစံလိုမျိုးပေါ့။ AR ကတော့ ဒီထက်ပိုပြီး အခန်းကဏ္ဍ ကျယ်ပြန့်ပါတယ်။
AR အကြောင်း အသေးစိတ်သိချင်ရင်တော့ youtube မှာ ကြည့်လို့ရပါတယ်။ IOS တွေမှာတော့ app တွေ ဝင်ဒေါင်းပြီး ကလိလို့ရပါတယ်။
*Influencer Market အနည်းငယ်ယိုင်သွားနိုင်ပါတယ်
ဒီအချက်ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ influencer marketing က ခုချိန်ထိတော့ အရမ်းကို အားကောင်းနေပါတယ်။
ဒါပေမဲ့ Forbes ပြောပုံအရဆိုရင်တော့ 2018 မှာ ဒီ Market က ယိုင်သွားနိုင်ပါတယ် လို့ ပြောထားပါတယ်။
*Ads တွေ ပိုအတွေ့များလာနိုင်ပါတယ်
Ads တွေက 2018 မှာ 2017 ထက်ပိုပြီး အတွေ့များလာပါမယ်။
ဒါက ကျွန်တော်တို့ Website တွေအပြင် Social media တွေမှာပါ အတွေ့များလာမယ့် သဘောပါ။
ကျွန်တော်ထင်တယ် Facebook မှာ ဒီထက်ပိုပြီး ကြော်ငြာအတွေ့များနိုင်သလို Instagram လည်း Facebook လိုမျိုး Video content ထဲမှာပါ ကြော်ငြာတွေထည့်သွင်းခွင့် ပေးကောင်းပေးလာနိုင်ပါတယ်။
*Professional Live Video
2018 မှာ Live video က ပိုပြီး အသက်ဝင်လာပါမယ်။ ရိုးရိုး live video တော့ မဟုတ်ဘူးနော်။
professional ဆန်တဲ့ live video တွေပါ။ လူတွေ ပိုကြည့်မယ့် စိတ်လည်းဝင်စားမယ့် Brand အတွက်လည်း ဈေးကွက်ချဲ့ထွင်ဖို့အတွက် အကျိုးရှိစေမယ့် professional live video တွေ အတွေ့များလာနိုင်ပါတယ်။
*Artificial Intelligence Will Grow
2018 မှာ chatbots တွေ ပိုပြီး ခေတ်စားလာပါမယ်။ နောက်တစ်ခုက Google Assistant တို့ Microsoft Cortana တို့ စတဲ့ AI တွေ အသုံးချပြီး brand တွေအတွက် အထောက်အကူပြုနိုင်တဲ့ commercial ဆန်ဆန် AI တွေ ပေါ်လာနိုင်ပါတယ်။
AI တွေရဲ့ အခန်းကဏ္ဍကလည်း အထင်သေးလို့ မရပါဘူး။
*Video Marketing
Video Marketing က ဒီထက်ပိုပြီး ကျယ်ပြန့်လာဦးမှာပါ။ 2018 မှာ Video တွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာမှာဖြစ်သလို စီးပွားရေးသမားတွေကလည်း Video ကိုအသုံးချပြီး ဈေးကွက် ဒီိထက်ပိုပြီးချဲ့လာနိုင်ပါတယ်။
လောလောလတ်လတ်ဆိုရင် Facebook က sound collection feature ကို ထည့်ပေးလိုက်တာကိုသာ ကြည့်တော့။ 2018 မှာ image design တစ်ခုနဲ့တင်မလုံလောက်တော့ဘူး video ပါလုပ်တတ်အောင် သင်ရတော့မယ်ထင်တယ်။
*Digital နဲ့ Offline ပေါင်းစပ်ပြီး ဈေးကွက်ချဲ့ထွင်လာနိုင်ပါတယ်
၂၀၁၈ မှာ အရင်လို Digital သီးသန့်ကြီးပဲ မသွားတော့ပဲ offline နဲ့ပေါင်းစပ်ပြီးတော့ campaign တွေ activity တွေ တွေ့လာနိုင်ပါတယ်။ Digital Marketing ကနေ real-life experiences အဖြစ် ပေါင်းစပ်သွားနိုင်ပါတယ်။
ဥပမာ Digital နဲ့ offline ဖြစ်တဲ့ event တွေနဲ့ ပူးပေါင်းသလိုမျိုးပေါ့။ ၂၀၁၈ မှာက ဒီထက်ဆန်းပြားတဲ့ အခြေအနေမျိုးတွေဖြစ်လာနိုင်ပါတယ်။ စောစောကပြောခဲ့သလို AR နည်းပညာနဲ့ ပေါင်းစပ်လိုက်သမျိုးပေါ့။ ကျန်တာကတော့ ကိုယ့်ဖာသာ ချဲ့တွေးကြည့်ပါ။
*Voice Marketing
Voice Marketing လို့ဆိုလိုက်လို့ အထူးအဆန်းဖြစ်သွားနိုင်ပါတယ်။
Voice marketing က တကယ်ကို အရေးပါလာမယ့် အချက်တစ်ချက်ပါ။
ဘာလို့လဲဆိုတော့ Google က မနှစ်က ထုတ်ပြန်ထားတဲ့အချက်ထဲမှာ mobile user တွေရဲ့ ၂၀ ရာခိုင်နှုန်းသော လူတွေက နေ့စဉ် သူ့ရဲ့ Google AI ကိုအသုံးပြုပြီး
voice နဲ့ data တွေကို searching လုပ်လေ့ရှိပါတယ်တဲ့။ ဒီ voice searching feature မျိုးကို Facebook လိုမျိုး social media app ပေါ်မှာ ထည့်သွင်းပေးလိုက်မယ်ဆိုရင်တော့...။
*Different Kind Of Content Marketing
Content marketing အပိုင်းက အမျိုးအစား အပြောင်းအလဲတွေဖြစ်လာပါမယ်။ Content Marketing က trend တစ်ခုတော့မဟုတ်ပေမဲ့ သူ့ကိုလည်း ပစ်ပယ်လို့မရနိုင်ပါဘူး။
ဆိုတော့ စောစောပြောတဲ့ technology အပြောင်းအလဲအပေါ်မှီခိုပြီး ကျွန်တော်တို့ content တွေလည်း ပြောင်းလဲသွားမယ်လို့ထင်ပါတယ်။
ဒါတွေကတော့ ၂၀၁၈ အတွက် အရေးပါမယ့် အကြောင်းအရာလေးတွေပါ။ တစ်ချို့ အပိုင်းတွေကတော့ မြန်မာနိုင်ငံနဲ့ သိပ်မကိုက်ညီတာမျိုးတွေရှိနိုင်ပါတယ်။
စောင့်ကြည့်ရမယ့်အရာတွေရှိသလို ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းတွေလဲရှိပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Recommended for you-တူတယ်ထင်ရပေမဲ့ မတူတဲ့ Brand နဲ့ Logo
Credit; Minn Ko Ko
ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။