-->
×

Warning

JUser: :_load: Unable to load user with ID: 29


Walmart မှ CEO ဖြစ်သူ ရဲ့ကိုဗစ်ဖြစ်ပွားတဲ့ကာလအပြီးအပြောင်းအလဲခန့်မှန်းချက်

Walmart ရဲ့ CEO ဖြစ်သူ Doug McMillion ရဲ့ ပြောကြားချက်အရ ကိုရိုနာ ဗိုင်းရပ်စ်က လူတွေရဲ့ လူနေမှု့ဘ၀ ပုံစံကို အမြဲ ပုံပြောင်းထုစစ် နေစဲပါ။ဒီတစ်ခါမှာတော့McMillion ပြောပြခဲ့တာကတော့ လက်လီရောင်းချ ခြင်းနယ်ပယ်နဲ့ ယခုကိုရိုနာရောဂါဖြစ်ပွားခြင်းက များစွာ ဆက်စပ်မှု့ရှိနေပါတယ်သိရပါတယ်။

 

လုပ်ငန်းလုပ်ဆောင်ရတဲ့ ကိစ္စတွေက ကိုဗစ်ကြောင့်အနေအထားမဟန်တဲ့အခါမှာ အတော်လေး ပြောင်းလဲသွားတယ် အစစအရာရာမှာ ပုံစံအသစ်နဲ့ ပြန်ဖြစ်သွားတယ် လို့ သူက ပြောဆိုလာပါတယ်။

 

တကယ်တန်းမှာတော့လက်လီ ကိစ္စတွေမှာ အင်တာနက်ကို မှီခိုပြီး လုပ်ခဲ့တာ နဂိုကတည်းက ပါပဲ အင်တာနက်ကြောင့်လည်ပတ်တာလဲတွေ့ရပါတယ်။အွန်လိုင်းကမှာမယ် ပစ္စည်းပို့ရေးကို တစ်ခါတည်း ချိတ်ဆက်ပြီး လုပ်မယ်ဆိုတာမျိုးတွေပေါ့။

 

ကိုရိုနာ ကိစ္စ ဖြစ်နေပေလို့သာ အမှန်တော့ နဂိုက Online ဈေးအရောင်းအဝယ်တွေလုပ်နေကျ အတိုင်းပါပဲ ထူးခြားလာတာက ကိုရိုနာက အဆိုပါကိစ္စတွေကို ပိုတွင်ကျယ်အောင်လုပ်ပေးလိုက်သလိုပဲ။

 

Doug McMillion က အစိုးရ ဌာနများနဲ့ စက်မှု့လုပ်ငန်းများ ကြားမှာ ပိုပြီးပူးပေါင်းလုပ်ကိုင်စေချင်တယ်။ယခုလို ကိုရိုနာရောဂါ နေရာ အနှံအပြား ကိုရိုနာရောဂါဖြစ်ပွားမှု့က အမေရိကန်ရဲ့ ပစ္စည်းပို့ဆောင်မှု့ ကိစ္စရပ်များ အရေးပါသည်ကို ပြလိုက်သလိုပါပဲ။

 

အဆိုပါ ဗိုင်းရပ်စ်ကြောင့် လက်လီဆိုင်တွေမှာ အလုပ်လုပ်နေရတဲ့ အလုပ်သမားလေးတွေ ပေါ်မှာ အတော်လေး သက်ရောက်မှု့ရှိခဲ့တယ်လို့ဆိုရပေမယ်။သနားစရာလည်း ကောင်းသလို လူတွေနဲ့ မဖြစ်မနေသူတို့က ထိတွေ့ခဲ့ရတာမို့ ကျွန်တော်တို့တွေးမိတာတွေထက်ကို သူတို့အနေနဲ့ အလူးအလဲခံစားခဲ့ရတယ်။

 

ပြီးခဲ့တဲ့ အပတ်ကတင်ပဲ မစ္စခရပ်စပ် ရှိ Walmart ဈေးဆိုင်တစ်ခုမှ ၈၁ ယောက်သော ဝန်ထမ်းတွေ အကုန် ကိုရိုနာရောဂါပိုး Positive ပြလို့ သူတို့ဆိုင်ကို လုံးဝ ချိတ်ပိတ်ခဲ့ရတယ်။ဘော်စတွန်မြိုနဲ့ ဆို မိုင် ၅၀ ဝေးတဲ့ မြိုလေးပါ။

 

ဒီဆိုင်လေးဟာ အစက ဧပြီလ ၈ ရက်မှာ ထိုရောဂါပိုးတွေ့ရှိခဲ့ပြီး ထိုဆိုင်မှ ၂၃ ယောက်သော ဝန်ထမ်းများထံတွင် ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့တယ်သိရပြီးပြီးခဲ့တဲ့ မေ လ ၃ ရက်နေ့မှာတော့ ဝန်ထမ်း ၅၈ ယောက် ထံတွင် ရောဂါပိုး ထက်မံတွေ့ရှိခဲ့တယ်သိရပါတယ်။စုစုပေါင်း ၈၁ ယောက်ရှိတယ်သိရပါတယ်။

 

ထိုသို့ လက်ကား အရောင်းဆိုင်ကိစ္စ ရပ်တွေ အခုလို ဖြစ်နေမှာ တော့ နောင်တစ်ခါ လက်ကား ဆိုင်တွေအနေနဲ့က နေ အွန်လိုင်း ပေါ်ကို ခွလာပါလိမ်မယ် ဒီတော့ကာ နောက်ပိုင်းမှာသေချာတာက အွန်လိုင်းက အရောင်းအဝယ်နဲ့ ပစ္စည်းပို့ဆောင်ရေးတွေခေတ်စားမယ်ဆိုတာပါပဲ။

 

<<< Zawgyi >>>

 


----------------------------------------------------------------------------------------------------

 


 


 


 


 


 


 


 


 


 

Ref ; Business Insider

Read times
Rate this item
(0 votes)