-->
×

Warning

JUser: :_load: Unable to load user with ID: 29


အခ်က္ (၇)ခ်က္နဲ႔ Marketing အသစ္တစ္ခုု တည္ေဆာက္ရေအာင္

အခ်က္ (၇)ခ်က္နဲ႔ Marketing အသစ္တစ္ခုု တည္ေဆာက္ရေအာင္ google

Marketing အသစ္တစ္ခုတည္ေဆာက္ဖို႕ လိုအပ္တဲ့ အခ်က္ ( ၇ ) ခ်က္

 

 

အမွတ္ (၁) - ခ်စ္ျခင္းနဲ ့ေဆာက္တဲ့ၾကိဳး

တကယ္လိုု ့သင္ဟာ မားကတ္တင္းတစ္ေယာက္ဆိုုရင္ အမုုန္းကိုုေမ့ထားဖိုု ့ လိုုပါလိမ့္မယ္။ ကိုုယ့္အေပၚ ဒုုကၡေပးတဲ့ ရန္သူကိုုေတာင္မွ ေမတၱာထားနိုုင္ရင္ ဘဝဟာ မွန္တခ်ပ္လိုုပါပဲ။ သက္ေရာက္မႈတိုုင္းမွာ တန္ျပန္သက္ေရာက္မႈရွိတယ္ဆိုုျပီး Newton’s Third Law of Motion က ဒီလိုုဆိုုခဲ့ပါတယ္။
“For every action, there is and equal and opposite reaction.”
သူမ်ားကိုု မုုန္းဖိုု ့ၾကိဳးစားရင္ ကိုုယ့္ကိုုဘယ္သူက ခ်စ္ဖိုု ့ၾကိဳးစားမွာလဲဆိုုတာကိုု မားကတ္တင္းသမားေတြ ဂရုုျပဳမိရင္ စားသံုုးသူနဲ ့ မားကတ္တင္းသမားတိုု ့ၾကားက ခိုုင္မာတဲ့ၾကိဳးဟာ ခ်စ္ျခင္းဆိုုတာ ျငင္းစရာမဟုုတ္ပါဘူူး။

အမွတ္ (၂) - ရွင္းလင္းစြာ တူညီတဲ့ နားလည္မႈရွိတဲ့ ဝန္ထမ္းမ်ား

ေဘာလံုုးအသင္းတစ္သင္းကိုု ဥပမာထားရင္ ကစားသမားေတြမွာ ေနာက္တန္း၊ အလယ္တန္း၊ ေရွ ့တန္းတာဝန္ေတြကိုု အရင္ကခြဲထားတဲ့ ဗ်ဴဟာ (Management By Objectives) ကေန အခုုဆိုုရင္ ကစားသမားတိုုင္းဟာ အေရးၾကံဳရင္ ဂိုုးသြင္းနိုုင္တဲ့ စြမ္းရည္ရွိရမယ္ဆိုုျပီး (Transformational Leadership) ေျပာင္းလဲလာပါတယ္။ လက္ခံဖိုု ့ခက္ခဲတဲ့ ဗ်ဴဟာေတြကိုု သဘာဝတရားရဲ ့သေဘာကိုုသာ နားလည္မယ္ဆိုုရင္ လက္ခံနုုိင္မယ္လိုု ့ဆိုုပါတယ္။ စီးပြားေရးပညာအရလည္း ဒီလူမရွိလိုု ့၊ ဟိုုလူမရွိလိုု ့ဆိုုတာမ်ိဳး မရွိရေအာင္ ျပင္ဆင္ထားဖိုု ့လိုုပါလိမ့္မယ္။ မားကတ္တင္းကလည္း အျခားဌာနေတြရဲ ့လုုပ္ငန္းေဆာင္တာေတြကိုု နားလည္ကာ အခ်ိန္မေရြး အစားထိုုးနိုုင္တဲ့ စြမ္းရည္ရွိဖိုု ့လိုုပါတယ္။ ဒါဆိုုရင္ လူတိုုင္းကလည္း မားကတ္တင္းကိုု နားလည္မွ ရမွာပါ။ လူတိုုင္းဟာ မားကတ္တင္းပါ။ လူတိုုင္းဟာလည္း အမႈေဆာင္အရာရွိျဖစ္သလိုု အမႈေဆာင္အရာရွိကလည္း ဝန္ထမ္းတစ္ဦးပါပဲ။
မတူညီမႈေတြနဲ ့ဖြဲ ့စည္းတည္ေဆာက္ထားတဲ့ ေလာကၾကီးမွာ မတူတာေတြကိုု နားလည္ဖိုု ့လိုုပါတယ္။

အမွတ္ (၃) - အျမတ္ရမယ့္ ေဖာ္ျမဴလာ (Profit Growth = B + BA + TTF)

အျမတ္ရဖိုု ့ဆိုုတာ ေရာင္းေကာင္းဖိုု ့ပဲလိုုတယ္လိုု ့ စီးပြားေရးနဲ ့ မသက္ဆိုုင္သူေတာင္ သိပါတယ္။ ဒါေပမဲ့ ဒီလုုိပဲနားလည္ယံုု သက္သက္ဆိုုလိုု ့ကေတာ့ သာမန္ကုုန္သည္ေလးတစ္ဦးလိုုသား အလုုပ္ျဖစ္မွာပါ။ အမွန္တကယ္ အျမတ္ရဲ ့ တိုုးတက္မႈႏႈန္း ျမင့္တက္ဖိုု ့ဆိုုတာကေတာ့
(၁) စားသံုုးသူဝယ္ဖိုု ့လိုု ပါတယ္ (Buy=B)
(၂) တခါဝယ္သြားတဲ့ စားသံုုးသူ ေနာက္တစ္ၾကိမ္ ထပ္ဝယ္ဖိုု ့က ပိုုအေရးၾကီးပါတယ္ (Buy Again=BA)
(၃) အေရးအၾကီးဆံုုးကေတာ့ ပံုုမွန္ ေဖာက္သည္ေတြ စိတ္ေက်နပ္ျပီး သူတိုု ့ရဲ ့ မိတ္ေဆြေတြကိုု ေကာင္းသတင္းျဖန္ ့ေဝေပးဖိုု ့လုုိပါတယ္ (Tell Their Friend=TTF)

ဒါေၾကာင့္ ေဖာက္သည္ဝန္ေဆာင္မႈနဲ ့ မားကတ္တင္းလႈပ္ရွားမႈေတြက သူတိုု ့ဝယ္ဖိုု ့သာ (နံပါတ္ ၁) ျဖစ္ေစျပီး ေနာက္ထပ္အေရာင္းေတြလိုုခ်င္တယ္ဆိုုရင္ေတာ့ စားသံုုးသူကိုု နားလည္ဖိုု ့၊ သူတိုု ့ရဲ ့အခ်က္အလက္ေတြနဲ ့ ဗ်ဴဟာေတြက အခရာၾကလာသလိုု ေနာက္ဆံုုးအဆင့္ကိုုရဖိုု ့က Word of Mouth ကိုု သြားမယ့္ မီဒီယာမွာလည္း မားကတ္တင္းသမားေတြ က်င္လည္ဖိုု ့လိုုပါတယ္။ ေသခ်ာပါတယ္ Word of Mouth ကိုု အဓိက ဆိုုရွယ္မီဒီယာကသာ အမ်ားဆံုုးရနိုုင္ပါတယ္။

သတိျပဳရမွာက ေကာင္းသတင္းတင္ ပ်ံ ့ႏွံ ့တတ္တာမဟုုတ္ပဲနဲ ့ သူတိုု ့စိတ္ေက်နပ္မႈမရရင္လည္း ေျပာဖိုု ့ဝန္မေလးနိုုင္ပါဘူး။

 

Professional Brand တစ္ခု ျဖစ္ေအာင္ ဘယ္လိုတည္ေဆာက္မလဲ

အမွတ္ (၄) - အရွံဳး အျမတ္ ေဖာ္ျမဴလာသစ္

ဝင္ေငြကိုု ဘယ္လုုိလုုပ္ရင္ မ်ားမ်ားရလဲဆိုုရင္ မ်ားမ်ားေရာင္းရင္ ရတယ္ဆိုုတဲ့ ေရွးက်တဲ့ ေဖာ္ျမဴလာကေန ေျပာင္းလဲလာတာက ဒီလိုုပါ

Buy = 30$
Buy Again = 50$
Tell Their Friends = 100$

Total = 180 $
(6 Times of 30$)

ဒါကိုု အေျခခံစဥ္းစားရင္ က်ေနာ္တိုု ့ ဘယ္ေနရာမွာ အဓိကအားစိုုက္သင့္သလဲဆိုုတာ ရွင္းပါတယ္။ Social Media ဟာ ေစ်းေရာင္းတဲ့ေနရာ မဟုုတ္ေပမဲ့ ေသခ်ာ စီမံခန္ ့ခြဲနိုုင္ရင္ လူသတင္း လူခ်င္းေဆာင္ကာ သာမန္ ဝင္ေငြထက္ (၆)ဆမက ပိုုရနိုုင္သလိုု ဆိုုရွယ္မီဒီယာမွာ အသံုုးခ်တဲ့ အခ်ိန္ကိုုလည္း ေငြေၾကးကုုန္က်စရိတ္ တစ္ခုုလိုု သံုုးသပ္ရမွာပါ။

အမွတ္ (၅) - ဝန္ထမ္းေတြရဲ ့ အျပဳအမူတိုုင္းဟာ မားကတ္တင္း

ေပ်ာ္ရႊင္တဲ့ ဝန္ထမ္းေတြဟာ ေပ်ာ္ရႊင္တဲ့ စားသံုုးသူေတြကိုု ဖန္တီးေပးပါတယ္။ မိမိလုုပ္ငန္းခြင္ကိုု ခ်စ္ျမတ္နိုုးမႈ၊ အခ်င္းခ်င္းနားလည္မႈ၊ လြတ္လပ္တဲ့ စိတ္ခံစားမႈ၊ ေကာင္းမြန္တဲ့ စိတ္ထား စတာေတြ အားလံုုးအားလံုုးက မားကတ္တင္းလႈပ္ရွားမႈေတြပါပဲ။ ေနာင္တခ်ိန္မွာ ကုုန္ပစၥည္းရဲ ့အမွတ္တံဆိပ္နဲ ့တန္ဖိုုးဆိုုတာ သိသာစြာ ကြဲျပားလာပါလိမ့္မယ္။ ျပီးရင္ တကယ္ေအာင္ျမင္တဲ့ Brand ေတြမွာ အမွတ္တံဆိပ္ေတာင္ မပါေတာ့ဘူး (Lack of Logo) လိုု ့ေတာင္ ပညာရွင္ေတြက ဆိုုလာၾကပါတယ္။ စားသံုုးသူက အေရးၾကီးပါတယ္။ ဒါေပမဲ့ ဝန္ထမ္းေတြက ပိုုျပီး အေရးၾကီးလာပါလိမ့္မယ္။ သူတိုု ့ကိုုယ္တိုုင္ သေဘာတရားေတြကိုု နားလည္မွသာ ေအာင္ျမင္တဲ့ ကုုန္ပစၥည္းေတြ တည္ေဆာက္လာနိုုင္မွာပါ။ သူတိုု ့လုုပ္သမွ် လႈပ္ရွားမႈေတြဟာ ကုမၺဏီရဲ ့ ပံုုရိပ္ေတြပါ။

အမွတ္ (၆) - အက်ိဳးအေၾကာင္း ေတြ ့ေအာင္ရွာပါ

ဘယ္လိုု အရာမ်ိဳးမွ သူ ့အလိုုလိုု ျဖစ္လာမွာ မဟုုတ္ပါဘူး။ စကားတစ္ခြန္း ရွိပါတယ္။ ၾကီးမားတဲ့ ေအာင္ျမင္မႈတစ္ခုုလိုုခ်င္ရင္ ထုုိက္တန္တဲ့ ေပးဆပ္မႈရွိမွရပါတယ္။ လုုပ္ငန္းရဲ ့ ေျပာင္းလဲမႈ၊ ထူးျခားမႈတိုုင္းကိုု အေသးစိတ္ ဆန္းစစ္ဖိုု ့အရမ္းအေရးၾကီးပါတယ္။ အေရာင္းတစ္ခုုျဖစ္တုုိင္းမွာ ဘယ္သူဝယ္တယ္၊ ဘယ္သူ ေငြေၾကးထုုတ္ေပးတယ္၊ ဘယ္သူ ညႊန္လိုုက္တယ္၊ ဘယ္သူက ေထာက္ခံတယ္၊ ဘယ္လိုုသိတယ္ စတာေတြကိုု အေသးစိတ္ ေလ့လာဖိုု ့လိုုပါတယ္။ ဘယ္ေလာက္နည္းတဲ့ ဝင္ေငြကိုုမဆိုု အေသးစိတ္ ဆန္းစစ္ပါ။ ေထာက္ခံသူ၊ လမ္းညႊန္ေပးသူေတြကိုု သတိလက္လြတ္မျဖစ္ဖိုု ့လိုုပါတယ္။ သူတိုု ့က မိမိရဲ ့မားကတ္တင္းေတြပါပဲ။ သူတိုု ့ကိုု Incentive (Not means only financial) ေတြဖန္တီးေပးရင္ သူတိုု ့က ပိုုျပီး ကူညီပါလိမ့္မယ္။

"ငုုပ္မိသဲတိုုင္ တက္နိုုင္ဖ်ားေရာက္" ပါ။ အေျခခံက်တဲ့အထိ ဆန္းစစ္သံုုးသပ္ေပးပါ။

အမွတ္ (၇) - ???

ဒီေနရာမွာ အဆံုုးအျဖတ္ပါ။ အမွတ္ (၇) က အရမ္းအေရးၾကီးပါတယ္။ Nike ရဲ ့ ေဆာင္ပုုဒ္ေလးကိုု အမွတ္ရစရာပါ။

"Yesterday, you said tomorrow!"

မေန ့ကလည္း မနက္ျဖန္မွလုုပ္မယ္ ေျပာခဲ့တာပါပဲ။ ဒါဆိုုရင္ ဘယ္လိုုနည္းနဲ ့မွ ဘာအက်ိဳးမွ မရွိနိုုင္ပါဘူး။ ေအာင္ျမင္မႈ၊ က်ဆံုုးမႈ (Boom or Bust) ကိုု ဆံုုးျဖတ္ေပးဖိုု ့ရာ အရင္ဆံုုး ခ်က္ခ်င္းလုုပ္ဖိုု ့ပဲလိုုတာပါ။

 

<<<unicode>>>

Marketing အသစ်တစ်ခုတည်ဆောက်ဖို့ လိုအပ်တဲ့ အချက် ( ၇ ) ချက်

အမှတ် (၁) - ချစ်ခြင်းနဲ့ဆောက်တဲ့ကြိုး

တကယ်လို့သင်ဟာ မားကတ်တင်းတစ်ယောက်ဆိုရင် အမုန်းကိုမေ့ထားဖို့ လိုပါလိမ့်မယ်။ ကိုယ့်အပေါ် ဒုက္ခပေးတဲ့ ရန်သူကိုတောင်မှ မေတ္တာထားနိုင်ရင် ဘဝဟာ မှန်တချပ်လိုပါပဲ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုပြီး Newton’s Third Law of Motion က ဒီလိုဆိုခဲ့ပါတယ်။
“For every action, there is and equal and opposite reaction.”
သူများကို မုန်းဖို့ကြိုးစားရင် ကိုယ့်ကိုဘယ်သူက ချစ်ဖို့ကြိုးစားမှာလဲဆိုတာကို မားကတ်တင်းသမားတွေ ဂရုပြုမိရင် စားသုံးသူနဲ့ မားကတ်တင်းသမားတို့ကြားက ခိုင်မာတဲ့ကြိုးဟာ ချစ်ခြင်းဆိုတာ ငြင်းစရာမဟုတ်ပါဘူူး။

အမှတ် (၂) - ရှင်းလင်းစွာ တူညီတဲ့ နားလည်မှုရှိတဲ့ ဝန်ထမ်းများ

ဘောလုံးအသင်းတစ်သင်းကို ဥပမာထားရင် ကစားသမားတွေမှာ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းတာဝန်တွေကို အရင်ကခွဲထားတဲ့ ဗျူဟာ (Management By Objectives) ကနေ အခုဆိုရင် ကစားသမားတိုင်းဟာ အရေးကြုံရင် ဂိုးသွင်းနိုင်တဲ့ စွမ်းရည်ရှိရမယ်ဆိုပြီး (Transformational Leadership) ပြောင်းလဲလာပါတယ်။ လက်ခံဖို့ခက်ခဲတဲ့ ဗျူဟာတွေကို သဘာဝတရားရဲ့သဘောကိုသာ နားလည်မယ်ဆိုရင် လက်ခံနိုင်မယ်လို့ဆိုပါတယ်။ စီးပွားရေးပညာအရလည်း ဒီလူမရှိလို့၊ ဟိုလူမရှိလို့ဆိုတာမျိုး မရှိရအောင် ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။ မားကတ်တင်းကလည်း အခြားဌာနတွေရဲ့လုပ်ငန်းဆောင်တာတွေကို နားလည်ကာ အချိန်မရွေး အစားထိုးနိုင်တဲ့ စွမ်းရည်ရှိဖို့လိုပါတယ်။ ဒါဆိုရင် လူတိုင်းကလည်း မားကတ်တင်းကို နားလည်မှ ရမှာပါ။ လူတိုင်းဟာ မားကတ်တင်းပါ။ လူတိုင်းဟာလည်း အမှုဆောင်အရာရှိဖြစ်သလို အမှုဆောင်အရာရှိကလည်း ဝန်ထမ်းတစ်ဦးပါပဲ။
မတူညီမှုတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ လောကကြီးမှာ မတူတာတွေကို နားလည်ဖို့လိုပါတယ်။

အမှတ် (၃) - အမြတ်ရမယ့် ဖော်မြူလာ (Profit Growth = B + BA + TTF)

အမြတ်ရဖို့ဆိုတာ ရောင်းကောင်းဖို့ပဲလိုတယ်လို့ စီးပွားရေးနဲ့ မသက်ဆိုင်သူတောင် သိပါတယ်။ ဒါပေမဲ့ ဒီလိုပဲနားလည်ယုံ သက်သက်ဆိုလို့ကတော့ သာမန်ကုန်သည်လေးတစ်ဦးလိုသား အလုပ်ဖြစ်မှာပါ။ အမှန်တကယ် အမြတ်ရဲ့ တိုးတက်မှုနှုန်း မြင့်တက်ဖို့ဆိုတာကတော့
(၁) စားသုံးသူဝယ်ဖို့လို ပါတယ် (Buy=B)
(၂) တခါဝယ်သွားတဲ့ စားသုံးသူ နောက်တစ်ကြိမ် ထပ်ဝယ်ဖို့က ပိုအရေးကြီးပါတယ် (Buy Again=BA)
(၃) အရေးအကြီးဆုံးကတော့ ပုံမှန် ဖောက်သည်တွေ စိတ်ကျေနပ်ပြီး သူတို့ရဲ့ မိတ်ဆွေတွေကို ကောင်းသတင်းဖြန့်ဝေပေးဖို့လိုပါတယ် (Tell Their Friend=TTF)

ဒါကြောင့် ဖောက်သည်ဝန်ဆောင်မှုနဲ့ မားကတ်တင်းလှုပ်ရှားမှုတွေက သူတို့ဝယ်ဖို့သာ (နံပါတ် ၁) ဖြစ်စေပြီး နောက်ထပ်အရောင်းတွေလိုချင်တယ်ဆိုရင်တော့ စားသုံးသူကို နားလည်ဖို့၊ သူတို့ရဲ့အချက်အလက်တွေနဲ့ ဗျူဟာတွေက အခရာကြလာသလို နောက်ဆုံးအဆင့်ကိုရဖို့က Word of Mouth ကို သွားမယ့် မီဒီယာမှာလည်း မားကတ်တင်းသမားတွေ ကျင်လည်ဖို့လိုပါတယ်။ သေချာပါတယ် Word of Mouth ကို အဓိက ဆိုရှယ်မီဒီယာကသာ အများဆုံးရနိုင်ပါတယ်။

သတိပြုရမှာက ကောင်းသတင်းတင် ပျံ့နှံ့တတ်တာမဟုတ်ပဲနဲ့ သူတို့စိတ်ကျေနပ်မှုမရရင်လည်း ပြောဖို့ဝန်မလေးနိုင်ပါဘူး။

 

တရုတ္ျပည္ရဲ႕ ဒီဂ်စ္တယ္ ေၾကာ္ျငာေစ်းကြက္ကို တိုးတိတ္စြာ ဦးေဆာင္ေနတဲ့ Alibaba

အမှတ် (၄) - အရှုံး အမြတ် ဖော်မြူလာသစ်

ဝင်ငွေကို ဘယ်လိုလုပ်ရင် များများရလဲဆိုရင် များများရောင်းရင် ရတယ်ဆိုတဲ့ ရှေးကျတဲ့ ဖော်မြူလာကနေ ပြောင်းလဲလာတာက ဒီလိုပါ

Buy = 30$
Buy Again = 50$
Tell Their Friends = 100$

Total = 180 $
(6 Times of 30$)

ဒါကို အခြေခံစဉ်းစားရင် ကျနော်တို့ ဘယ်နေရာမှာ အဓိကအားစိုက်သင့်သလဲဆိုတာ ရှင်းပါတယ်။ Social Media ဟာ ဈေးရောင်းတဲ့နေရာ မဟုတ်ပေမဲ့ သေချာ စီမံခန့်ခွဲနိုင်ရင် လူသတင်း လူချင်းဆောင်ကာ သာမန် ဝင်ငွေထက် (၆)ဆမက ပိုရနိုင်သလို ဆိုရှယ်မီဒီယာမှာ အသုံးချတဲ့ အချိန်ကိုလည်း ငွေကြေးကုန်ကျစရိတ် တစ်ခုလို သုံးသပ်ရမှာပါ။

အမှတ် (၅) - ဝန်ထမ်းတွေရဲ့ အပြုအမူတိုင်းဟာ မားကတ်တင်း

ပျော်ရွှင်တဲ့ ဝန်ထမ်းတွေဟာ ပျော်ရွှင်တဲ့ စားသုံးသူတွေကို ဖန်တီးပေးပါတယ်။ မိမိလုပ်ငန်းခွင်ကို ချစ်မြတ်နိုးမှု၊ အချင်းချင်းနားလည်မှု၊ လွတ်လပ်တဲ့ စိတ်ခံစားမှု၊ ကောင်းမွန်တဲ့ စိတ်ထား စတာတွေ အားလုံးအားလုံးက မားကတ်တင်းလှုပ်ရှားမှုတွေပါပဲ။ နောင်တချိန်မှာ ကုန်ပစ္စည်းရဲ့အမှတ်တံဆိပ်နဲ့တန်ဖိုးဆိုတာ သိသာစွာ ကွဲပြားလာပါလိမ့်မယ်။ ပြီးရင် တကယ်အောင်မြင်တဲ့ Brand တွေမှာ အမှတ်တံဆိပ်တောင် မပါတော့ဘူး (Lack of Logo) လို့တောင် ပညာရှင်တွေက ဆိုလာကြပါတယ်။ စားသုံးသူက အရေးကြီးပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေက ပိုပြီး အရေးကြီးလာပါလိမ့်မယ်။ သူတို့ကိုယ်တိုင် သဘောတရားတွေကို နားလည်မှသာ အောင်မြင်တဲ့ ကုန်ပစ္စည်းတွေ တည်ဆောက်လာနိုင်မှာပါ။ သူတို့လုပ်သမျှ လှုပ်ရှားမှုတွေဟာ ကုမ္ဗဏီရဲ့ ပုံရိပ်တွေပါ။

အမှတ် (၆) - အကျိုးအကြောင်း တွေ့အောင်ရှာပါ

ဘယ်လို အရာမျိုးမှ သူ့အလိုလို ဖြစ်လာမှာ မဟုတ်ပါဘူး။ စကားတစ်ခွန်း ရှိပါတယ်။ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလိုချင်ရင် ထိုက်တန်တဲ့ ပေးဆပ်မှုရှိမှရပါတယ်။ လုပ်ငန်းရဲ့ ပြောင်းလဲမှု၊ ထူးခြားမှုတိုင်းကို အသေးစိတ် ဆန်းစစ်ဖို့အရမ်းအရေးကြီးပါတယ်။ အရောင်းတစ်ခုဖြစ်တိုင်းမှာ ဘယ်သူဝယ်တယ်၊ ဘယ်သူ ငွေကြေးထုတ်ပေးတယ်၊ ဘယ်သူ ညွှန်လိုက်တယ်၊ ဘယ်သူက ထောက်ခံတယ်၊ ဘယ်လိုသိတယ် စတာတွေကို အသေးစိတ် လေ့လာဖို့လိုပါတယ်။ ဘယ်လောက်နည်းတဲ့ ဝင်ငွေကိုမဆို အသေးစိတ် ဆန်းစစ်ပါ။ ထောက်ခံသူ၊ လမ်းညွှန်ပေးသူတွေကို သတိလက်လွတ်မဖြစ်ဖို့လိုပါတယ်။ သူတို့က မိမိရဲ့မားကတ်တင်းတွေပါပဲ။ သူတို့ကို Incentive (Not means only financial) တွေဖန်တီးပေးရင် သူတို့က ပိုပြီး ကူညီပါလိမ့်မယ်။

"ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်" ပါ။ အခြေခံကျတဲ့အထိ ဆန်းစစ်သုံးသပ်ပေးပါ။

အမှတ် (၇) - ???

ဒီနေရာမှာ အဆုံးအဖြတ်ပါ။ အမှတ် (၇) က အရမ်းအရေးကြီးပါတယ်။ Nike ရဲ့ ဆောင်ပုဒ်လေးကို အမှတ်ရစရာပါ။

"Yesterday, you said tomorrow!"

မနေ့ကလည်း မနက်ဖြန်မှလုပ်မယ် ပြောခဲ့တာပါပဲ။ ဒါဆိုရင် ဘယ်လိုနည်းနဲ့မှ ဘာအကျိုးမှ မရှိနိုင်ပါဘူး။ အောင်မြင်မှု၊ ကျဆုံးမှု (Boom or Bust) ကို ဆုံးဖြတ်ပေးဖို့ရာ အရင်ဆုံး ချက်ချင်းလုပ်ဖို့ပဲလိုတာပါ။

 

Htet Zan Lin

Myanmar Advertising Directory 

Read times
Rate this item
(0 votes)