-->
×

Warning

JUser: :_load: Unable to load user with ID: 29


နာမည်ကျော်ကားကုမ္ပဏီများ၏ လိုဂိုအဓိပ္ပါယ်

နာမည်ကျော်ကားကုမ္ပဏီများ၏ လိုဂိုအဓိပ္ပါယ် google

နည်းပညာတိုးတက်လာသည်နှင့်အမျှ ကားထုတ်လုပ်မှုများပါလာသကဲ့သို့ ကားကုမ္ပဏီများလည်း များပြားလာပါသည်။ ကားကုမ္ပဏီများမှ သူ့ထက်ငါအပြိုင်အဆိုင် နည်းပညာမြင့်သော ကားများထုတ်လုပ်လာပြီး ကားစီးသူများကြိုက်နှစ်သက်မှုကို အရယူလာကြပါသည်။ထိုသို့ လူကြိုက်များပြီး နာမည်ကြီး ကားကုမ္ပဏီမျာ၏ တံဆိပ်လိုဂိုများတွင် အဓိပ္ပါယ်အသီးသီးရှိကြပါသည်။

ထို အဓိပ္ပါယ်များကို စာဖတ်သူပရိတ်သတ်များ ဗဟုသုတရစေရန် ရည်ရွယ်၍ တင်ပြပေးလိုက်ပါသည်။

1.Lamborghini

Lamborghini ၏ လိုဂိုကို ကြည့်မည်ဆိုလျှင် ဝှေ့နေသော နွားရိုင်းတစ်ကောင်၏ ပုံကို ဖော်ထားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
ထိုသို့ဖြစ်ရခြင်းအကြောင်းအရင်းမှာ Lamborghini ဖန်တီးရှင်ဖြစ်သော Ferruccio Lamborghini ၏ ရာသီခွင်သည် ပြိဿရာသီ (Taurus) ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
ထို့အပြင် အခြားသော နောက်ထပ်အကြောင်းအရင်းတစ်ချက်မှာ နွားရိုင်းဝှေ့ပွဲများကို ဝါသနာပါလွန်းလှသော Ferruccio ၏ စိတ်ကူးတစ်ခုကြောင့်ဖြစ်သည့်အပြင် Ferrari နှင့် အပြိုင်ဖြစ်နေစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

l

2.BMW

BMW ၏ အဖြူ-အပြာ စက်ဝိုင်းလိုဂို အဓိပ္ပါယ်မှာ လေယာဉ်၏ လည်နေသော ရှေ့ပန်ကာကို ကိုယ်စားပြုထားခြင်းဖြစ်ပါသည်။
ထိုအရာသည် အတိအကျမဟုတ်သော်လည်း ပုံဖော်မှုအမှန်အတိအကျမှာ ဂျာမနီနိုင်ငံ ဘာဗရေယန် (Bavarian) ပြည်နယ်၏ အလံ (အဖြူ၊ အပြာ) အကွက်ကို ပုံဖော်ထားခြင်းဖြစ်ပါသည်။
စီးပွားရေးလိုဂိုများတွင် အလံများထည့်ထားသည်မှာ တရားမဝင်သဖြင့် အပေါ်က ဆိုလိုရင်း ထွက်ပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။

Designers [Logo/Trademark] (လိုဂိုများအပ်နှံနိုင်သည့်ဒီဇိုင်နာလုပ်ငန်းမျာ(၇)းခုရှာရန်နှိပ်ပါ။)

bmw

3.Audi

Audi ၏ လိုဂိုဖြစ်သော စက်ဝိုင်းလေးလုံးမှာ Audi ဟု ဖြစ်လာစေရန် ပေါင်းစည်းထားသော ကုမ္ပဏီလေးခု ( Audi, DKW, Horch, Wanderer) ချိတ်ဆက်ထားမှုများ၏ သင်္ကေတဖြစ်ပါသည်။
ယခင်က စက်ဝိုင်းများထဲတွင် နာမည်များထည့်ထားခဲ့သော်လည်း နောက်ပိုင်းတွင် မပါဝင်လာတော့ပေ။

au

4.Toyota

Toyota ၏ လိုဂိုမှာ ဘဲဥပုံ ၃ ခုကို ထပ်ထားပြီး အတွင်းဘက်က ဘဲဥပုံနှစ်ခုက တီ (T) ပုံသဏ္ဍာန်ကို ဖော်ဆောင်ထားပါသည်။
အပြင်က ဘဲဥပုံအကြီးမှာ ကမ္ဘာကို ဝိုက်ဖက်ထားသော သဘောတရားဖြစ်ပါသည်။

tyt

5.Ferrari

Ferrari ၏ ခုန်ပေါက်နေသော မြင်းလိုဂိုသည် ပထမကမ္ဘာစစ်အတွင်း လေယာဉ်သူရဲကောင်းတစ်ဦးဖြစ်သော Francesco Baracca ၏ တိုက်လေယာဉ်ကိုယ်ထည်တွင် ရေးခြယ်ထားသော ပုံလေးဖြစ်ပါသည်။Ferrari ၏ ပိုင်ရှင် Enzzo Ferrari နှင့် လေယာဉ်သူရဲကောင်း၏ မိဘများ တွေ့ဆုံစဉ် သူတို့၏ သားလေယာဉ်မျ မြင်းပုံလေးကို Enzzo ၏ ကားများတွင်ထည့်သွင်းပါက ကားများ၏ ကံဇာတာတက်လာမည်ဟု အကြံပြုခဲ့ပါသည်။

images

အလွယ်ကူဆုံးwebsite ရေးနည်း


Source : putao news

Read times
Rate this item
(0 votes)