ဒီနေ့မှာတော့ ကမ္ဘာ့စီးပွားရေးလောကမှ အထင်ရှားဆုံးအမျိုးသမီးများကို တင်ပြလိုက်ပါသည်။
No. 1 Sheryl Sandberg
သူမကတော့ Facebook ကုမ္ပဏီမှာ COO (Chief Operating Officer) အဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ မေလမှာ ဘီလီယံ $100 အထိ Stock ထုတ်ရောင်းခဲ့ပြီး၊ ကုမ္ပဏီရဲ့ Board of Director အဖြစ် ဂျွန်လမှာ ကြေငြာခဲ့တာပါ။
No.2 Indra Nooyi
PepsiCo အချိုရည်ကုမ္ပဏီရဲ့ CEO ဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက ကမ္ဘာ့မှာ power အရှိဆုံးအမျိုးသမီး ၂၀ထဲမှာပါဝင်ခဲ့ပါသည်။ ယခင်နှစ်တွင် သူမသည် သူမ၏ Shareholder များကို အမြတ်ငွေ ၅.၆ ဘီလီယံအထိ ရရှိဆောင် ကြိုးပမ်းခဲ့ပြီး၊ ကုမ္ပဏီဝင်ငွေဟာ ၆၆ဘီလီယံ၊ ၁၄ရာခိုင်နှုန်းအထိတိုးတက်ခဲ့ တာဖြစ်ပါသည်။
No. 3 Irene Rosenfeld
သူမကတော့ Kraft ရဲ့ Chairman နဲ့ CEO ဖြစ်ပြီး အမေရိကန် ကုန်စိမ်းကုမ္ပဏီလုပ်ငန်းများနဲ့၊ Snacks လုပ်ငန်းများကို ခွဲပြီး၊ သီးခြားရပ်တည်တဲ့ ပုဂ္ဂလိကကုမ္ပဏီများအဖြစ်ခွဲထုတ်ခဲ့ပါသည်။
No. 4 Virginia Rometty
အောက်တိုဘာ ၂၀၁၁ ခုနှစ် အသက် ၃၀ အရွယ် Virginia Rometty ဟာ IBM မှာ CEO ဖြစ်ခဲ့ပြီး၊ နည်းပညာလောကတွင် ပထမဦးဆုံး အောင်မြင်တဲ့ကုမ္ပဏီမှာ ခန့်အပ်ခံတဲ့အမျိုးသမီးဖြစ်ပြီး၊ ဘီလီယံ $100 ကျော်အထိ ၀င်ငွေရှာနိုင်ခဲ့ပါသည်။
No.5 Ursula Burns
Xerox ကုမ္ပဏီရဲ့ Chairman နဲ့ CEO ဖြစ်ပြီး၊ ကုမ္ပဏီကို Printer နဲ့ ကော်ပီစက်များရောင်းတာထက် ၀န်ဆောင် မှုပေးတဲ့ကုမ္ပဏီဖြစ်အောင် ကြိုးစားနေသူဖြစ်ပါသည်။ ၀န်ဆောင်မှုတွေထဲမှာမှ Electronic လက်မှတ်ဖြတ်ခြင်း၊ ကားပါကင် မီတာ အစရှိတာတွေနဲ့ ၀င်ငွေရရှိအောင်ကြိုးစားခဲ့ပါသည်။
Source: Forbes