-->
×

Warning

JUser: :_load: Unable to load user with ID: 29





 


 


 


 


 


 


 

Facebook မှ မြန်မာ နှင့် ဗီယက်နမ်မှ အထောက်အထား ခိုင်လုံ မှု့ မရှိတဲ့ ကြော်ငြာ များအား ပိတ်ပင်မည်

 


-------------------


 


 


 


 


 


 


 

<<< Unicode >>>

 

နာမည်ကြီးစားသောက်ကုန်လုပ်ငန်းစုမှ ရေခဲမုန့် ကြော်ငြာ များ ရပ်ဆိုင်းမည်

------------------

 

ကမ္ဘာ့ နာမည်ကြီး စားသောက်ကုန် လုပ်ငန်းစုကြီး ဖြစ်တဲ့ Unilever ဟာ ဆိုရင်တော့ ကလေးသူငယ်များ အား အဝ လွန်စေမဲ့ ရေခဲမုန့်ကြော်ငြာ များကို ကတိသဝတ်ပြု ထိန်းချုပ်မယ်သိရပါတယ်။

 

အခိုင်အမာ အဆိုပြုချက်အရ , ၎င်းတို့ရဲ့ မူပိုင် Brand ဖြစ်သော Twister ရေခဲမုန့်နဲ့ ရေခဲချောင်းတို့ကို ကလေးသူငယ်များ အကြိုက် ကာတွန်းကာရိုက်တာတွေနဲ့ ကြော်ငြာ နေတာကို ကန့်သတ်ပါတော့ မယ်တဲ့။

 

ဒါ့အပြင် အသက် ၁၂ အောက် ကလေး ဆယ်လီ များ နှင့် လွမ်းမိုးသူ များအား အသုံးပြုကာ ကလေးသူငယ်များကို ဆွဲဆောင်ပြီး မကြော်ငြာ တော့ပါဘူး ဟုဆိုကာထပ်မံ ကတိ ပေးထား တယ်သိရပါတယ်။

 

ပြောရရင်တော့ ယခင်က Unilever ရေခဲမုန့်ကြော်ငြာ တွေဟာ ၎င်းလုပ်ငန်းစုကို ရောင်းအား မြှင့်တက်စေပေမဲ့ လူအများ ရဲ့ ပါးစပ်ထဲ မှာတော့ အဆိုပါ ရေခဲမုန့် နှင့်ရေခဲချောင်းများ သည်

ကလေးများ အတွက် ကျန်းမာရေး မကောင်းစေတဲ့ အစား အစာ အဖြစ်သတ်မှတ်ခံထားရပါတယ်။

 

၂၀၂၀ နှစ်ရဲ့ နောက်ပိုင်းမှာ ဆိုရင်တော့ ၎င်း Product များအတွက် ကြော်ငြာ ရေးရာ စည်းကမ်းချက် အသစ်တွေ ထက်မံ ထွက်ရှိလာမယ် သိရပါတယ်။

ဒါ့ကြောင့် ၎င်းတို့ Wall's ရေခဲမုန့် ပုံစံ အသစ်တစ်ခုပြောင်းပြီး ထုတ်လုပ်မယ်သိရပါတယ်။

 

အဆိုပါ Wall's ရေခဲမုန့် လုပ်ငန်းစု သည် ကောင်းမွန်မျှတ အရသာ ရှိတဲ့ ရေခဲ မုန့် ကို ပြုလုပ်ကာ ထပ်မံ မိတ်ဆက်မယ်သိရပါတယ် ထို့ အပြင် အဆိုပါရေခဲမုန့်မှာ ၁၁၀ ကယ်လိုရီ နဲ့ သကြား ၁၂ ဂရမ်ထက်မပိုပါဘူးတဲ့။

 

Wall's ရေခဲမုန့် လုပ်ငန်းစု သည် Max, Paddle Pop နဲ့ Twister စတဲ့ ကလေးကြိုက် Brand တွေနဲ့ နာမည်ရခဲ့ သော Brand ပါ။

 

ကမ္ဘာ့ရေခဲမုန့် လုပ်ငန်းရှင်များ အသင်း မှ ဒုဥက္ကဌ ဖြစ်သူ Matt Close ပြောကြားချက်က တော့ " ကျွန်တော်တို့ ရဲ့ ကတိ စကားကတော့ အစားအစာ များအား ကလေးများနှင့် ကိုက်ညီမှု့ ရှိအောင် ထုတ်လုပ်သွား ပြီးဈေးကွက်ကို ထိန်းချုပ်သွားမှာပါ" တဲ့။

 

Billboard ကြော်ငြာနှင့် ထိရောက်ခြင်း

 

အဝ လွန်ခြင်း တိုင်းတာချက်

-------------

 

ကမ္ဘာ့ ကျန်းမာရေး ဝန်ကြီး ဌာန (WHO) ရဲ့ အဆိုပြု ချက်အရ ၂၀၁၆ ထဲတွင် , ၁၈ ရာခိုင်နှုန်း ကလေးတွေနဲ့ လူပျို တွေက အဝ လွန်ခဲ့ပါတယ် , လူဦးရေအားဖြင့် ၃၄၀ သန်း ရှိကာ အသက် ၅ နှစ်မှ ၁၉ နှစ်အတွင်း အဝ လွန်ခဲ့ပါတယ်။

 

၁၉၇၅ က ဆိုရင် ၄ ရာခိုင်နှုန်းသာ အဝလွန်ခဲ့ ပါတယ်တဲ့။အစိုးရရဲ့ ထို ပြဿနာကို ဖြေရှင်းချက်ကတော့ အဆိုပါ ကျန်းမာရေးမကောင်းစေတဲ့ အစားအစာ တွေကို အရောင်းမြှင့်တင်တဲ့ ကြော်ငြာ တွေကို ကန့်သတ်ပြစ်ပါတော့မယ်တဲ့။

 

အင်္ဂလန် , ချီလီ , မက်ဆီကန် နဲ့ အိုင်ယာလန်ပြည်နယ် တချို့ တွင် ယခင်နှစ်တွေထဲက ကလေး သူငယ်များကိုကြော်ငြာလို့ ရမဲ့ ကြော်ငြာ ရေး ပြန်တမ်း ထုတ်ထားပြီးသားပါ။

 

၂၀၁၈ ကဆိုရင် Cadbury, Chewits နဲ့ Squashies တို့ရဲ့ ကြော်ငြာ တွေကို ပိတ်ပင်ခဲ့တယ် ကလေးတွေကို အဟာရ မပြည့်ဝစေတဲ့ အစားအစာတွေကို ကြော်ငြာ ခြင်းကြောင့် ဆိုတဲ့ ခေါင်းစဉ်ကြောင့်ပါပဲ။

 

ပြီးခဲ့တဲ့ ၂၀၁၆ က Unilever ရဲ့ ရေခဲမုန့်ကြော်ငြာ ဟာ သြစတေးလျ မှာ ပေါက်သွားခဲ့ပေမဲ့ ကလေးသူငယ်တွေကို မကျန်းမာစေတဲ့ အစားအစာတွေရောင်းမှု့ ၊ ကြောငြာမှု အတွက် စွပ်စွဲပြောဆိုခံခဲ့ရပါတယ်။

 

Unilever ဟာ Brand စုစုပေါင်း ၄၀၀ နှင့် ရပ်တည်နေတဲ့ လုပ်ငန်းများရဲ့ မိခင်လုပ်ငန်းစုကြီး ဖြစ်ပြီး ၂၀၀၃ ခုနှစ်လောက်ထဲက ကလေးသူငယ်များ ကို အရောင်း မြှင့်တင်တဲ့ နည်းပညာ ၎င်းတို့ မှာ သီးသန့် ရှိပြီးသားပါ။

 

အခုဆိုပါ Unilever ရဲ့ကြော်ငြာနည်းလမ်း အသစ်မှာ Plan ချ ထားပြီသိရပြီး ရုပ်ရှင်တွေတွင်ထည့်သောကြော်ငြာ များ ၊ ဆိုရှယ်မီဒီယာများမှ ကြော်ငြာ များ အပြင် ၊ Billboard များကို ပါ ကန့်သတ်ဆောင်ရွက်မယ်သိရပါတယ်။

 

Source From BBC

Myanmar Advertising Directory 

Read times
Rate this item
(0 votes)