-->
×

Warning

JUser: :_load: Unable to load user with ID: 29



Mytel နဲ့ ပတ်သက်တယ် ထင်ရတဲ့ Page အတု တွေက ၎င်းရဲ့ ပြိုင်ဘက် လုပ်ငန်းစုတွေဖြစ်တဲ့ တယ်လီဖုန်း လိုင်းတွေကို အပြိုင်ယှဉ်တွဲ ပြလျက် မကောင်းကြောင်း ရေး သားကာ ၎င်းတို့ Product ကို ကြော်ငြာနေခြင်း ........


 


 


 


 


 


 


 


 


 


 


 


 

 

ကျွမ်းကျင်လိမ္မာမှု

-------------



 

 

 

 


-------------------------------------


 

 

 


-------------------------------------


 

 



 

 


 

 





 

 


 

<<< Unicode >>>

 

Facebook မှ မြန်မာ နှင့် ဗီယက်နမ်မှ အထောက်အထား ခိုင်လုံ မှု့ မရှိတဲ့ ကြော်ငြာ များအား ပိတ်ပင်မည်

---------------------------------------------------------------

 

Mytel နဲ့ ပတ်သက်တယ် ထင်ရတဲ့ Page အတု တွေက ၎င်းရဲ့ ပြိုင်ဘက် လုပ်ငန်းစုတွေဖြစ်တဲ့ တယ်လီဖုန်း လိုင်းတွေကို အပြိုင်ယှဉ်တွဲ ပြလျက် မကောင်းကြောင်း ရေး သားကာ ၎င်းတို့ Product ကို ကြော်ငြာနေခြင်း ........

 

၂၀၂၀ ရဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ Facebook ကနေပြီးတော့ အပြောင်းအလဲတစ်ခုပြု လုပ် ခဲ့ပါတယ် Mytel နဲ့ ဆက်ဆက်နေတယ်ထင်ရတဲ့ Facebook အနေနဲ့ အကောင့် ၁၃ ခု နဲ့ Page ၁၀ ခု ကို ဖယ်ရှားခဲ့ပါတယ်။

 

ပြောရရင်တော့ Mytel ဆိုတာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းစုဖြစ်ပြီး မြန်မာ့ စစ်တပ်နဲ့ ဗီယက်နမ် စစ်တပ်တို့မှ သွယ်ဝိုက်ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းစု တစ်ခုပါ။

 

မြန့်မာ Facebook ပိုင်နက်ထဲမှ စုစုပေါင်း 23 ခုကို ဖယ်ရှားခဲ့ပြီးပြီ ဖြစ်တယ်လို့ သိရပါတယ်။ထို ဖယ်ရှား မှု့ မတိုင်ခင် မှာ DFRLab အနေနဲ့ Page 6 ခု ကို စောင့် ကြည့် ကာ ဖယ် ရှား ခဲ့ပြီး ပြီလို့လည်းသိရပါတယ်။

 

DFRLab ဆိုတာကတော့ ဒီဂျစ်တယ် မှုခင်း ကိစ္စ ပိုင်းဆိုင်ရာ ရှာဖွေတဲ့ စုံထောက်လုပ်ငန်းစုလို့ ပြောရရင်ပိုမိုမှန်ကန်ပါလိမ့်မယ်။ ထိုအချင်းအရာကို DFRLab မှ Jean Leroux ဆိုတဲ့ အထောက်အထားခိုင်လုံမှု့ မရှိတဲ့ ကြော်ငြာ ရှာဖွေရေး သမား တစ်ဦးက တွေ့ရှိခဲ့တာပါ။

 

Image may contain: 1 person

 

Jean Leroux အချက်အလက်တွေ နဲ့ အထောက်အထားကို နည်းပညာ စုံထောက်ပီပီ အချက်ကျကျ ရှာဖွေပုံပါပဲ ။ သူဟာ ထို Page တွေဆီမှာ တူညီတဲ့ စာရေးသားမှု့ နဲ့ တူညီတဲ့ Page ချုပ်ကိုင်သူ များကို တွေ့ခဲ့ရပါတယ်။

ထို အဆိုပါ Page 6 ခုမှာ ၎င်းတို့ရဲ့ ပုံစံနှင့် ၎င်း တို့ သွားခဲ့တာဖြစ်ပြီး သို့ ပေမဲ့ အားလုံးနီးပါက Mobile Phone နည်း ပညာ ပိုင်းဆိုင်ရာကိစ္စရပ်တွေ ကို အဓိက ထား တာတွေ့ရပါတယ်။

 

အဆိုပါ Page တွေမှာ မှ MyTel နဲ့ သူ့ရဲ့ ညီအစ်မ လုပ်ငန်းစုဖြစ်တဲ့ My Tel Pay ရဲ့ ၎င်းတို့ နှင့် အပြိုင် လုပ်ငန်းများ ကို meme စသည်တို့ ဖြင့် မထိတထိ သရော်သယောင် တင်ခဲ့တာပါ။

ထိုအချင်းအရာ မှာ ယခင် DFRLab ကိုင်တွယ်ခဲ့ တဲ့ ကိစ္စ များနှင့် ကွဲ ပြား နေသည် ဥပမာ ပြော ရရင် မေလ ၂၀၁၉ ခုနှစ်က အစ္စရေးနိုင်ငံ Archimedes Group နိုင်ငံရေးရာ ကြော်ငြာ များကို ဖယ်ထုတ်ခြင်း နှင့် တူသယောင် ရှိသည်

 

ယခု Mytel ဖြစ်ရပ်မှာဆို ရင်တော့ ၎င်း တို့ ဆက်သွယ်ရေးကုမ္ပဏီနှင့် ချိတ်ဆက်ထားသယောင် ရှိသော Page များက ပြိုင်ဘက်တွေကို ချနင်းပြီး ၎င်းတို့ Product ကို ယုံကြည်မှု့ ရအောင်တည်ဆောက်နေဟန်တူသည်။

 

Facebook ရဲ့ ပြောဆို ချက်အရ တော့ ထို အဆိုပါ အကောင့် ပိုင်ရှင်တွေနဲ့ Page admin တွေက အင်္ဂလိပ်လိုရော ၊ မြန်မာလိုရော ရေးပေမဲ့ စာအရေးသား သဘော တရားတူသယောင် ရှိနေပါတယ်တဲ့ ။

ထို့အပြင် ထို ဖုန်းကွယ်ထားကြံစည် မှု့ ကိစ္စ ရပ်တွေ မှာ မြန်မာပြည်ရဲ့ Mytel နဲ့ ဗီယက်နမ်မှ Viettel ကြိုး ကိုင်နေသလားပေါ့။

 

 

ကျွမ်းကျင်လိမ္မာမှု

-------------

အဆိုပါ Page တွေက စစ ချင်း မှာ မြန်မာ့ အလှ အပ ကို တင်တဲ့ Page ပုံစံ ထို့ အပြင် ပုံစံတစ်မျိုး စီနဲ့ Like ကို စတင်ယူ ကာ Fan Base တည်ဆောက်ခဲ့ပုံပါပဲ။
Mytel နှင့် လုံးဝ ဆက်ဆက်မှု့ မရှိအောင် တင်ထားတာ တွေ့ရပါတယ်။ထို့ အပြင် Call To Action ပုံစံ မျိုး အသုံးအနှုန်းတွေဖြစ်တဲ့ မြန်မာ ပြည်ကို ချစ်ရင် ဒီ ပိုစ့်ကို Share စတဲ့ စာသားမျိုး တွေသာ ရေး သား ခဲ့တာပါ ။

ပြီးတော့ ကား သာမန် Page တွေက ရေးနေသလိုနဲ့ Mytel ကို အခြား တယ်လီဖုန်း အော်ပရေတာ များထက် Role မြှင့်တဲ့ ကြော်ငြာ ပိုစ့်တွေတင်တာတွေ့ရပါတယ်။

 

 

 

 

 

Page စတင်တည်ထောင်တဲ့ ရက် ၊ လ ၊ ခုနှစ်တူ နေခြင်း

-------------------------------------

Page နှစ်ခုမှာ ဒီဇင်ဘာ ၁၄ ရက် ၂၀၁၈ ခုနှစ်မှစတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး နောက် Page နှစ်ခုမှာ မတ်လ ၇ ရက် ၂၀၁၉ ခုနှစ်မှာ စတင် ပြုလုပ်ခဲ့ပုံပါပဲ ။

 

Page ရဲ့ ထိန်းချုပ်သူ Admin များမှာ ထူးဆန်းနေခြင်း

-------------------------------------

ထူးဆန်းဆို မြန်မာ နဲ့ ဗီယက်နမ် နှစ်နိုင်ငံ မှ လူတွေသာ ဖြစ်နေတယ်သိရပါတယ်။

 

 

ဥပမာ ၎င်းတိုက ပြိုင်ဘက်ကို တိုက်ခိုက်ထား တဲ့ ကြော်ငြာ တစ်ခုကို Page တိုင်းမှာ တင်ထားခြင်း

Mytel Pay ရဲ့ ပြိုင်ဘက်က Wave Money ကိုး ၊ ဒီတော့ Wave Money ကို တိုက်ခိုက်တဲ့ Post ကို Page တွေအားလုံးက တူပြီးတင်ထားတာ တွေ့ရတယ်။

 

 

၎င်းတို့ အနေနဲ့ ထိုအချင်းအရာ ကိစ္စ ရပ်များအတွက် အမေရိကန်ဒေါ်လာ (၁)သန်းကျော် သုံးစွဲခဲ့ပြီး ၎င်းတို့အား ကြည့်ရှုသူ Follower ပေါင်း ၂၆၅၆ဝဝ ရှိတာကိုလည်း စုံစမ်းရရှိခဲ့ပါတယ်တဲ့။

 

 

နိဂုံးချုပ်ကိုပြောရရင်

အထက်မှာ ပြခဲ့ တဲ့ အချက်တွေကို ကြည့် မယ်ဆိုရင် သင့် အနေနဲ့ ဒီဖြစ်ရပ်နဲ့ အချင်းအရာ တွေကို လုံးဝ သိမြင်ပြီး သွားလောက်ပါပြီ။

ထိုကဲ့ သို့ ကိစ္စ ရပ်တွေကို စိစစ် အရေး ယူမှာဖြစ်ပြီးသာလွန်တဲ့ နည်းပညာ တွေနဲ့ လူအင်အားကို ထပ်မံ ပေါင်းစည်း တိုးချဲ့ကာ ဆောင်ရွက်သွား မယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေကို စူးစမ်းခဲ့သူကတော့ တောင်အာဖရိက မှ Digital Forensic Research Lab ရဲ့ Digital Sharlock အမည်ခံ Jean le Roux ပါ။

 

 

DFRlab မှ ကူးယူ တင်ပြသည် ။

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)