-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရောင်းအားတိုးမြင့်အောင် လုပ်ဆောင်နိုင်မည့်အချက်များ

စီးပွားရေးကို အောင်မြင်စေဖို့ သို့မဟုတ် ရောင်းအားကို တိုးမြှင့်နိုင်တဲ့ အကြံပြုချက် အရင်းအမြစ်တွေကို သင်ရှာဖွေနေပါသလား။စီးပွားရေးလုပ်ငန်းရှင်တိုင်းကတော့ သူတို့ရဲ့ လုပ်ငန်းကို အချိန်နည်းနည်း၊ ကုန်ကျစရိတ်နည်းနည်းနဲ့ အမြတ်အစွန်းများများလိုချင်ကြမှာပါ။ယခုအခါ သင်ရဲ့ အမှတ်တံဆိပ် ရောင်းအားကို တိုးမြှင့်နိုင်တဲ့ အကြံပြုချက်အချို့ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ၎င်းအကြံပြုချက်မှာ အကြောင်းအရာ ၄ချက်ရှိပါတယ်။

 

၁။ သက်ဆိုင်ရာ ဈေးဝယ် အတွေ့အကြုံ

=======================

 

ကုန်အမှတ်တံဆိပ်တွေက ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေသိဖို့နှင့် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို သိနေဖို့ အမြဲကြိုးစားပါ။ ထိရောက်မှုရှိပြီး ကောင်းမွန်တဲ့ ကြော်ငြာတစ်ခုဖြစ်ဖို့အတွက် ပစ်မှတ်စျေးကွက်အကြောင်းကို ပိုသိဖို့အတွက် လေ့လာပါ။ ဖောက်သည်တွေက ဘယ်လို ထုတ်ကုန်ကို သဘောကျသလဲ ဆိုတာတွေကို သုသေတနပြုဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးအချက်က စားသုံးသူ ဖောက်သည်တွေကို အမြဲ ဦးစားပေးဖို့လိုအပ်ပါတယ်။

 

၂။ သက်ဆိုင်ရာ ထုတ်ကုန်ကြော်ငြာနဲ့ ဖောက်သည်တွေဆီ ထိုးဖောက်ခြင်း

========================

 

စားသုံးသူ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုယ့်ထုတ်ကုန်ရဲ့ အားနည်းချက် သို့မဟုတ် အားသာချက်တွေကို သိမြင်လာတဲ့ အခါ ထုတ်ကုန်ကို ကြော်ငြာနဲ့ ထိုးဖောက်ဖို့ကြိုးစားသင့်ပါတယ်။ ၎င်းကြော်ငြာမှာ ထုတ်ကုန်ရဲ့ အားသာချက်တွေကိုပဲ ကြော်ငြာဖို့က မဖြစ်နိုင်ပါဘူး။ ဘာကြောင့်ဆို ဖောက်သည်တွေက အဲ့လောက်တုံးတဲ့ထဲ ပါမယ်လို့ မထင်ပါဘူး။ ဒါ့ကြောင့် အားသာချက်တွေကိုပဲ ကြော်ငြာတာထက် ဝယ်လိုစိတ်ဖြစ်အောင် တွန်းပို့ဖို့ပဲ စဉ်းစားသင့်ပါတယ်။ ဒါက ထုတ်ကုန်ကို သွယ်ဝိုက်သောနည်းနဲ့ ကြော်ငြာခြင်းတစ်မျိုးပါပဲ။

 

၃။ ပိုမိုကျယ်ပြန့်စွာ ကြော်ငြာခြင်း

======================

 

သင်ရဲ့ ထုတ်ကုန်ကို လူတွေလက်ခံလာကြတဲ့ အခါ လူသိများအောင် ပိုကြိုးစားသင့်ပါတယ်။ ကြော်ငြာတဲ့အခါ ရှေးရိုးနည်းအတိုင်း TV channelတွေမှာ ကြော်ငြာခြင်း၊ Billboardတွေမှာ ကြော်ငြာခြင်းထက် အွန်လိုင်းနှင့် social mediaတွေမှာ ကြော်ငြာပြီး ဈေးကွက်ကို ပိုထိုးဖောက်သင့်ပါတယ်။ နောက်ပိုင်းမှာ Digital စနစ်ဖြစ်လာတဲ့အခါ ထုတ်ကုန်တွေကြော်ငြာဖို့က အရင်ကထက်ပိုလွယ်ကူလာပါတယ်။ ဒါ့ကြောင့် ရှေးရိုးစွဲထက် ခေတ်ရေစီးကြောင်းကို လိုက်ပါ စီးမျောဖို့ လိုအပ်ပါတယ်။ အဲ့တာက အဓိကအချက်ပဲ ဖြစ်ပါတယ်။

 

၄။ ဝန်ဆောင်မှုကို တိုးမြှင့်ခြင်း

======================

 

စီးပွားရေး လုပ်ငန်းနဲ့ ၎င်းရဲ့ ဝန်ဆောင်မှုဆိုတာက ခွဲခြားလို့မရတဲ့ အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ ထုတ်ကုန် အောင်မြင်လာသည်နှင့်အမျှ ဝန်ဆောင်မှုတွေကို တိုးမြင့်ဖို့လဲလိုအပ်ပါတယ်။ ထုတ်ကုန်ပိုအောင်မြင်ဖို့ Lucky drawတွေ Give awayတွေ ပြုလုပ်ပေးပြီး မြှင့်တင်နိုင်သလို လုပ်ငန်းအနေနဲ့ Applicationတည်ဆောက်ပြီး ထုတ်ကုန်တွေနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ ပေးသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုက ကိုယ့်အတွက်ပဲ ကိုယ်ကြည့်နေလို့မရတဲ့ အတွက် စားသုံးသူဖောက်သည်တွေကို အမြဲတမ်းလိုလို ဂရုစိုက်ပေးနေဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ စားသုံးသူဖောက်သည်တွေက လုပ်ငန်းတစ်ခု ထုတ်ကုန်တစ်ခုရဲ့ အသက်ဖြစ်လို့ပါပဲ။

Read times
Rate this item
(0 votes)