-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဝယ်ယူခြင်းဆိုင်ရာ အခက်အခဲများကို ကျော်လွှားပါ

ဝယ်ယူခြင်းဆိုင်ရာ အခက်အခဲများကို ကျော်လွှားပါ google.com

အရောင်းပြဿနာများကျော်လွှားရေးနည်းလမ်းကောင်းများ(၁၅)

တစ်ခါတစ်ရံတွင်ဖောက်သည်များသည် သင့်ထုတ်ကုန်ပစ္စည်းကို မဝယ်ယူရန်သက်ဆိုင်ရာအကြောင်းရင်း တစ်ခုကိုဖော်ပြလိမ့်မည်။ ဥပမာအား ဖြင့်"လူကြီးမင်းရဲ့ အချိန်အတွက် ကျေးဇူးတင်ပါတယ်။ လူကြီးမင်းရဲ့ ပြိုင်ဘက်ထံမှ၁၅ရာခိုင်နှုန်းလျော့နည်း ပြီးဒီပစ္စည်းကိုရနိုင်ပါတယ်" "ပစ္စည်း ပို့ဆောင်မှုအတွက် သုံးလကျနော် တို့မစောင့်နိုင်ဘူး။ လူကြီးမင်းရဲ့ ပြိုင်ဘက်က(၁၀)ရက်အတွင်းပို့ပေး လိမ့်မယ်" "သင့်ပစ္စည်းကိုဝယ်ယူခြင်း ဟာသင်တန်းပေးခြင်းမှာ ထပ်မံရင်း နှီးမြှုပ်နှံမှုတစ်ခုလိုအပ်လိမ့်မယ်"

ဖော်ပြခဲ့သောဆက်နွှယ်ပတ်သက်မှုသည် ဖောက်သည် အနေနဲ့များသောအားဖြင့် သင့်ကုန်ပစ္စည်းကို ဝယ်ယူမည်မဟုတ်သောတစ်ခုတည်း သောအကြောင်းရင်းတစ်ခုဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ သင်ကနှစ် သက်ကျေနပ်အောင်ပြုလုပ်နိုင်လျှင် သို့မဟုတ် မိမိဘက်ကလျှော့ချပေးနိုင် ခဲ့လျှင်ဝယ်ယူခြင်းကို သင်စီမံခန့်ခွဲ နိုင်လိမ့်မည်ဖြစ်ပြီးအရောင်းဖြစ် မြောက်လိမ့်မည်ဖြစ်သည်။ ဤနေရာ တွင်နှစ်သက်ကျေနပ်အောင်ပြုလုပ်မှု (satisfy)) နှင့် လျှော့ချပေးမှု (eliminate) ၏ကွာခြားချက်ကိုသတိပြုပါ။

Eliminate ၏ဆိုလိုရင်းမှာ အနုတ်လက္ခဏာဆောင်သော တစ်စုံတစ်ရာကို ဖယ်ရှားခြင်းဖြစ်သည်။

Satisfy၏ ဆိုလိုရင်းမှာ သင့်ထုတ်ကုန်ပစ္စည်းအပေါ် လက်ခံထားသည့် အနုတ်လက္ခဏာဆောင်သော အသွင်အပြင်အား လွှမ်းခြုံကြည့်ရန်ဖောက်သည်ကိုအကြောင်းပြချက်များ ပေးခြင်းဖြစ်သည်။

ဖောက်သည်၏ မဝယ်ယူလိုသည့် အကြောင်းရင်းကို တုံ့ပြန်သောအခါ ဝယ်ယူခြင်းကို စီမံခန့်ခွဲရန်အောက်ပါ အချက်(၆)ချက်ကို အသုံးပြုပါ။

အဆင့် (၁)
တိကျသောပါဝင်ပတ်သက် ဆက်နွှယ်မှုကို စူးစမ်းဖော်ထုတ်ရန် မေးခွန်းများမေးမြန်းပါ။
အဆင့်(၂)
ပါဝင်ပတ်သက်ဆက်နွှယ်မှုသည် ရောင်းချမှုအတွက် အတားအဆီး တစ်ခုဖြစ်ကြောင်းသေချာပါစေ။ အကယ်၍ သူ သို့မဟုတ် သူမကသင့် ကုန်ပစ္စည်းကိုဝယ်ယူမည်မဟုတ်ကြောင်း ဖောက်သည်က မပြောထားလျှင် မေးကြည့်ပါ။
"ဒါဟာ လူကြီးမင်းအတွက် ပြဿနာ တစ်ခုဟုတ်ပါသလား"
အဆင့်(၃)
ဖောက်သည်တစ်ဦးက မဝယ် ယူဖို့အကြောင်းရင်းကို ရှင်းရှင်း လင်းလင်းဖော်ပြသောအခါယင်းသည် အရောင်းကိုပိတ်ဆို့နေသောတစ်ခု တည်းသောအကြောင်းပြချက်တစ်ခုဖြစ် သလားဆိုတာစုံစမ်းပါ။ အကြောင်းရင်း များစွာရှိပါလျှင်အဆင့်(၁)နှင့် (၂)သို့ ပြန်လုပ်ပါ။
အဆင့်(၄)
အရောင်းကို ပိတ်ဆို့နေသော အခြား အကြောင်းရင်းမရှိပါလျှင် ဖောက်သည်နှင့် ပတ်သက်နေသော အချက်ကိုဖြေဆိုပါ။
အဆင့်(၅)
သင်အောင်မြင်စွာဆောင်ရွက် ပြီးပြီလားဆိုတာ စုံစမ်းကြည့်ပါ။ "သင်နှင့် ပတ်သက်သော ကိစ္စကို နှစ်သက်ကျေနပ်ပါသလား"ဟုမေး ကြည့်ပါ။ "ကျေနပ်သည်" (Yes) ဟုဖြေဆိုလျှင် အဆင့်(၆)သို့ဆက် သွားပါ။ယင်းသို့ မဟုတ်ပါလျှင်အဆင့် (၁)မှ (၄)သို့ပြန်သွားပါ။
အဆင့်(၆)
ဝယ်ယူမှုဆောင်ရွက်ရန်ဖောက် သည်ကိုမေးပါ။ သင်သည်လမ်း၏ အပြင်ဘက်သို့ ရောက်နေသည့် တိုင်အောင် ယခုအခါ အရောင်းပျောက်ဆုံးနေသည်ဟု မဆုံးဖြတ်ဖို့အရေးကြီးသည်။ သင်၏ရောင်းချမှုအလုပ်အား ဆောင်ရွက်ခြင်းအားလုံးတစ် လျှောက်သင်၏အခြေခံယူဆချက် သည်ဖောက်သည်၏ ပါဝင်ပတ်သက် မှုကိုသင်နှစ်သက်ကျေနပ်လျှင် သို့မဟုတ် ဝယ်ယူခြင်းဆိုင်ရာ အခက်အခဲ တစ်ရပ်အနေဖြင့်ယင်းကို လျှော့ချနိုင် လျှင်ဖောက်သည်ကသင့်ကုန်ပစ္စည်း ကိုဝယ်ယူလိမ့်မည်ဟူ၍ဖြစ်ရမည်။

Read-ဈေးကွက်ရှာဖွေရေးအတွက် မရှိမဖြစ်လိုအပ်သော Marketing Mix 7ps (2)

ထို့ကြောင့် အောက်ပါတို့ကို သေချာစွာပြုလုပ်ရမည်ဖြစ်ပါသည်။
(၁) ကြိုတင်၍ ထိရောက်သော တုံ့ပြန်မှု များဖြင့် ဖောက်သည်နှင့် ပတ်သက်မှုများကို အရင်ပြုလုပ်ထားပါ
သင့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် ပတ်သက်သော ပြစ်ချက်များတွင် တွေ့မြင်နေကျဆက်နွှယ်နေသော အချက်များပါဝင်ပါစေ။ ယင်းပြစ်ချက် တစ်ခုစီကိုအ ကောင်းဆုံးတုံ့ပြန်ရန် ပို့ဆောင်ပြီးပံ့ပိုးပေး ရန်စွမ်းရည်ပါဝင် ပါစေ။
(၂) ဝယ်ယူမှု၏ အနုတ်လက္ခဏာ ဆောင်သောအသွင်အပြင်များပေါ်တွင် နည်းလမ်းများကို ပြသပေးပါ
ဤသို့ပြုလုပ်ပေးခြင်းဖြင့် သင်သည် ဖောက်သည်၏ ပါဝင်ပတ် သက်မှုကိုလျှော့ချပေးနိုင်လိမ့်မည်ဖြစ် သည်။

For Your Business

ဖန်တီးတတ်ပါစေ။ ဥပမာအား ဖြင့်အရောင်းသမားတစ်ဦးသည် ကုမ္ပဏီငယ်လေးခုအကြား ကော်ပိုရိတ် ဝယ်ယူမှု စီမံခန့်ခွဲမှုကိုဖန်တီးခဲ့သည်။ ထို့ကြောင့်အနည်းဆုံးအော်ဒါအရေ အတွက်ကိုရရှိနိုင်သည်။

(၃) ရရှိခဲ့သော တန်ဖိုးသည် အနုတ် လက္ခဏာဆောင်မှုများထက်မည်သို့အ လေးသာသည်ကို အာရုံစိုက်ပါ
ဤသည်မှာ သင့်ရောင်းချမှု မဟာဗျူဟာ၏ အချက်အချာကျ သော အချက်တစ်ချက်ပင်ဖြစ်သည်။

နာကျင်ခံစားရသည်ထက်ပိုမိုကြီးမား သောဝယ်ယူခြင်းအတွက် အကျိုး ဖြစ်ထွန်းမှုတစ်ခုပြသခြင်းဖြင့်ဖောက် သည်နှင့်ပတ်သက်နေသောပြဿနာ ကိုနှစ်သက်ကျေနပ်မှုရရှိပါစေ။ ဤဆောင်းပါး၏ နိဂုံးကိုအနှစ်သာရရှိ သော Bob LeDuc၏အဆိုအမိန့်ဖြင့် နိဂုံးချုပ်ပါရစေ။
"သင်သတိပေးထားသည့်အတိုင်း ပို့ဆောင်ပေးနေသည့် သင့်မှတ်တမ်းကို သက်သေပြပါ။ အတိတ်ကာလတွင် သင်၏ ကတိများကို ရှင်သန်မှန်ကန် စေသောအထောက်အထားအနေဖြင့် နှစ်သက်ကျေနပ်မှုရရှိသောဖောက် သည်များထဲမှ အထောက်အထား စာရွက်များကို ပံ့ပိုးပေးပါ"

[Ref; overcome obstacles to buying by Ferdinand Fournies]

Credit; မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)

 

Read times
Rate this item
(1 Vote)