-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၀၂၀ ပြည့်နှစ် TMALL “Double 11” Singles’ Day ဈေးဝယ်ပွဲတော်၏ အရောင်းအဝယ်ပမာဏ ယွမ် ၃၇၂.၃ ဘီလီယံရှိနေပြီဖြစ်

ယခုနှစ် “Double 11”ပွဲတော်က ဝယ်ယူသုံးစွဲသူ သန်း ၈၀၀ ခန့်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း ၂ သိန်း ၅ သောင်း၊ ကုန်သည်လုပ်ငန်းရှင်ပေါင်း ၅ သန်းခန့် ပါဝင်ရောင်းချခဲ့ရာ ဈေးကွက်လွှမ်းခြုံမှုနှင့်ပါဝင်မှုအများဆုံးဖြစ်ခဲ့ကြောင်း TMALL က ဆိုသည်။

 

ပြီးခဲ့သောနှစ်များနှင့် မတူသည်မှာ အချိန်အားဖြင့်ဆိုရသော် “Double 11” ပွဲတော်ကို ၂ ကြိမ်ခွဲကျင်းပခြင်းဖြစ်ကြောင်း ၊ ဝယ်ယူသုံးစွဲသူမားအနေဖြင့် နိုဝင်ဘာ ၁ ရက် မှ ၃ ရက်တွင်လည်းကောင်း၊ နိုဝင်ဘာ ၁၁ ရက်တွင်လည်းကောင်း နှစ်ကြိမ် ဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။

 

သန်းနှင့်ချီသော ဝယ်ယူသုံးစွဲသူများအနေဖြင့် ယခုနှစ် “Double 11”ပွဲတော်သည် ပြီးခဲ့သည်နှစ်များထက် ၃ ရက်ပို စိတ်ကြိုက်ရွေးချယ် ဝယ်ယူပိုင်ခွင့်ရရှိသလို ကုန်သည်လုပ်ငန်းရှင်များအတွက်လည်း အရောင်းမြှင့်တင်ရေး ၂ ကြိမ် အချိန်ပို ရောင်းချနိုင်ခွင့်ရှိသောကြောင့် စီးပွားရေးအခွင့်အလမ်းပိုတိုးလာစေကြောင်း သိရသည်။

 

ယခုနှစ် “Double 11” ပွဲတော်သည် နိုင်ငံနှင့်ဒေသပေါင်း ၂၂၀ ကျော်ကို လွှမ်းခြုံမှုရှိခဲ့ရာ နိုင်ငံခြားပြည်ပ ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း ၃ သောင်းကျော် ပါဝင်ပြသရောင်းချကြကြောင်း သိရသည်။ပို့ကုန်အနေဖြင့်ဆိုရသော် ရှောင်မီ(Xiaomi)၊ ဟွာဝေး(Huawei)၊ Media၊ Nan Ji ren၊ Haierစသည့် တရုတ်အမှတ်တံဆိပ် ကုန်ပစ္စည်းများသည် လူကြိုက်အများဆုံး ပို့ကုန်ဖြစ်ကြောင်း သိရသည်။ပေါ်ပြူလာအဖြစ်ဆုံး ထိပ်တန်းပို့ကုန်နိုင်ငံ ၅ နိုင်ငံမှာ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ စင်ကာပူ၊ မလေးရှား နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

 

Xinhua

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)