-->
×

Warning

JUser: :_load: Unable to load user with ID: 29


လှပတဲ့အနာဂတ်ရှိနေတဲ့ Esports အားကစားနဲ့ Esports Advertising အကြောင်း(၁)

လှပတဲ့အနာဂတ်ရှိနေတဲ့ Esports အားကစားနဲ့ Esports Advertising အကြောင်း(၁) Google

၂၀၁၉ ခုနှစ်မှာ esports ကို မျက်လုံးပြူးပြီး ကြည့်မိကြတယ်။ esports ယဉ်ကျေးမှု သိသာထင်ရှားလာခဲ့ပြီး အားကစားတစ်ခုအဖြစ် လူရာသွင်းလာကြတာကို တွေ့ရပါတယ်။ 

esports ရဲ့ ကမ္ဘာ့ဈေးကွက် တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဘီလျံကို ကျော်နေပါပြီ။ ဒီတော့ esports ဆိုတာကို မသိကျိုးကျွန် ပြုဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေပါပဲ။ အဲဒီမှာ ကြော်ငြာတွေလည်း esports ထဲကို ဝင်လာကြတယ်။ ယခု နှစ်တစ်ဝက်ကျိုးချိန်မှာ esports က ကြော်ငြာတွေ အမေရိကန်ဒေါ်လာ ၁၈၉ ဒသမ ၂ သန်း ရထားပြီလို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။  esports မှာ ကြော်ငြာကြတာတွေ တစ်လထက် တစ်လ ပိုပိုများလာနေတာကိုလည်း သတိပြုမိနေကြပါပြီ။ 

Esports ဟာ လူ့ဘောင်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်အဖြစ် ပေါ်ပေါက်လာခဲ့ပြီး ယဉ်ကျေးမှုဆိုင်ရာ ထူးခြားဖြစ်စဉ်တစ်ခုအဖြစ် ဖြစ်ပွားနေပါတယ်။ လာမယ့် ၂၀၂၂ အာရှ အားကစားပွဲ  2022 Asian Games မှာ အားကစားနည်းတစ်ရပ်အဖြစ် စတင်ပါဝင်လာတော့မှာပါ။ နိုင်ငံတကာ အိုလံပစ် အားကစားပွဲမှာ ထည့်သွင်းဖို့ကိုလည်း စဉ်းစားဆွေးနွေး နေကြပြီး ၂၀၁၄ နွေရာသီ အိုလံပစ် အားကစားပွဲမှာ ထည့်သွင်းဖို့ကိုလည်း စဉ်းစားနေကြပါပြီ။ ဆုတံဆိပ် ချီးမြှင့်ပေးအပ်တဲ့ အားကစားအဖြစ် ပါဝင်မှာ ဖြစ်ပြီး ဆုကြေးငွေ ပေးအပ်တာမျိုးတော့ မဟုတ်ဘူး။ 

Esports ဟာ သာမန်ဂိမ်းကနေ ခွဲထွက်လာခဲ့ပါတယ်။ သာမန်ဂိမ်းကစားသူတွေကို Casual gamersလို့ ခေါ်ကြပြီး အပျော်ကစားကြတဲ့သူတွေ ဖြစ်ပါတယ်။ အားလပ်ချိန်မှာ ဆော့ကစားကြတယ်။  Esports က ကြေးစား အားကစားအဖြစ် ပေါ်ထွက်လာတယ်။ သက်မွေးပညာရှင် professional အဖြစ်လည်း ကစားကြတယ်။ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တယ်။ အားကစားရုံကြီးထဲမှာ ပွဲကြည့်ပရိသတ်တွေ ရှေ့မှောက်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြတယ်။ ရုပ်မြင်သံကြား အစီအစဉ်တွေ ထုတ်လွှင့်တယ်။ ရွှေတံဆိပ် ငွေတံဆိပ် လည်ပင်းမှာ ချိတ်တာမျိုး မဟုတ်ဘဲ ဆုအဖြစ် ငွေကြေးကို ပေးတယ်။

ကစားတဲ့ဂိမ်းအနေဖြင့် Casual gamersတွေ ကစားတဲ့ဂိမ်းနဲ့ Esports ကစားတဲ့ professional gamers တွေ ကစားတဲ့ဂိမ်း တူချင်တူပါလိမ့်မယ်။ ဥပမာအားဖြင့်  League of Legends ၊ Call of Duty ၊ Fortnite စတဲ့ဂိမ်းတွေကို ဂိမ်မာ ၂ မျိုးစလုံးက ကစားကြတယ်။ ကွာခြားတာက professional gamer တွေက ဆုကြေးငွေ ရရှိကြတာမို့ ပိုပြင်းထန်တယ်။ ကမ္ဘာ့ Casual game ကဏ္ဍမှာ ဦးဆောင်နေတာကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Esports ကလည်း လျင်မြန်စွာ ရေပန်းစားနေပါတယ်။

အများနဲ့ ယှဉ်ပြိုင်ရတဲ့ အားကစားအဖြစ် တလေးတစား ရှိလာကြပါတယ်။ ကြည့်ရှုသူ ပရိသတ်အင်အား များပြားလာနေတာမို့ ကြော်ငြာရှင်တွေ အကြိုက် ဖြစ်နေပါတယ်။ တရုတ်နိုင်ငံမှ နည်းပညာလုပ်ငန်းကြီးတစ်ခု ဖြစ်တဲ့  Tencent မှ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ esports ဟာ ၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံတွင်း ကြည့်ရှုသူ သန်းပေါင်း ၃၅၀ အထက်မှာ ရှိလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဘောလုံးပွဲ ကြည့်ရှုသူဦးရေထက်တောင် ကျော်သွားတာ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်း esports ကြည့်ရှုသူဦးရေဟာ တစ်ကမ္ဘာလုံးမှ ကြည့်ရှုသူဦးရေ စုစုပေါင်းရဲ့ ၅၉ ရာခိုင်နှုန်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အဲဒီအစီရင်ခံစာမှာ ကြိုတင်ခန့်မှန်းချက်တွေ ဖော်ပြပေးထားတာမှာ esports မှ ဝင်ငွေဟာ ၂၀၁၇ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၆၀ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလျဲခွဲ  ရှိနေပါလိမ့်မယ် လို့ခန့်မှန်းထားကြပါတယ်။ အဲဒီဝင်ငွေမှာ အများစုက esports ပတ်ဝန်းကျင်ထဲကို ဝင်လာတဲ့ ကြော်ငြာတွေထံမှ ရရှိမယ့် ဝင်ငွေ ဖြစ်ပါတယ်။ အာရှ အားကစား ပြိုင်ပွဲ  Asian Games ရဲ့ Esports မှာ အင်တာနက် မဟာလုပ်ငန်းကြီး Alibaba က အာရှ အိုလံပစ် ကောင်စီ Olympic Council of Asia နဲ့ တရားဝင် လက်တွဲထားပြီး အာရှ အားကစား ပြိုင်ပွဲမှာ Esports ထည့်သွင်းဖို့ ကျောထောက်နောက်ခံ ပြုပေးပါတယ်။ အဲဒီအတွက် Alibaba မှာ ခိုင်လုံတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှာ သေချာပါတယ်။

အပိုင်း(၂) ဆက်ရန်ရှိသည်။

Read More>>> လှပတဲ့အနာဂတ်ရှိနေတဲ့ Esports အားကစားနဲ့ Esports Advertising အကြောင်း(၂)

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)