-->
×

Warning

JUser: :_load: Unable to load user with ID: 29


Einstein ရဲ့ တစ်ပိုင်းတစ်စနဲ့ Advertising!

Einstein ရဲ့ တစ်ပိုင်းတစ်စနဲ့ Advertising! google.com

မနက်က ကားပေါ်မှာ FM ကနေ ဆောင်းပါးတစ်ပုဒ်လာနေတယ်။

ကျွန်တော် သတိထားမိတော့ တစ်ဝက်လောက်တောင်ရောက်နေပြီ။

ခေါင်းစဉ်လည်းသတိမထားမိလိုက်ဘူး။အရမ်းကောင်းလွန်းလို့ ကျွန်တော်ပြန်မျှဝေပါရစေ။

သူကဘာပြောနေလည်းဆိုတော့...

"ကျွန်တော်တို့တွေဟာ ဒီနေ့ခေတ်အခါမှာ သိပ္ပံပညာနဲ့အသက်ရှင်နေထိုင်ရတယ်။

Jesus က သူဖန်ဆင်းခဲ့တဲ့ ကမ္ဘာမြေကြီးနဲ့စကြာဝဋ္ဌာကြီးအကြောင်းကို နှစ်ပေါင်းဘီလီယံနဲ့ချီပြီးကြာမှ ကျွန်တော်တို့ကို သိအောင်လုပ်နိုင်တယ်။

သိပ္ပံပညာကတော့ နှစ်ပေါင်းထောင်ဂဏန်းလောက်နဲ့ အဲဒီ အကြောင်းတွေကိုသိအောင်လုပ်ပေးခဲ့တယ်။

ဒီတော့သိပ္ပံပညာဆိုတာဘာလည်း?

ကျွန်တော် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးပြောရရင် လူသားတွေအသက်ရှင်နေထိုင်ရေးမှာလွယ်ကူအောင်လုပ်ပေးတာ သိပ္ပံပညာပဲ။

ကျွန်တော် တို့အရင်က ည ဘက်မှာမီးမရှိဘူး။ညဘက်နေရထိုင်ရအခက်အခဲတွေရှိတယ်။

အက်ဒီဆင် နဲ့ သိပ္ပံပညာရဲ့ကျေးဇူးနဲ့ ညဘက်မှာအဆင်ပြေလာတယ်။

ဒါကြောင့်မို့ ကျွန်တော် ကလူပိန်းဆိုတော့ လူပိန်းအတွေးနဲ့ပဲပြောရမယ်။

ကျွန်တော့်အတွက်တော့ သိပ္ပံပညာဆိုတာ လူသားတွေအသက်ရှင်နေထိုင်ရေးမှာလွယ်ကူအောင်လုပ်ပေးတဲ့အရာ။

နောက်တစ်နည်းပြောရရင် အဆင့်မြှင့်တင်ပေးတဲ့အရာ။

သိပ္ပံပညာကို အဆင့်မြှင့်တာမဟုတ်ဘူးနော်။

လူသားတွေရဲ့အသက်ရှင်နေထိုင်ရေးကိုအဆင့်မြှင့်တာ။

သိပ္ပံပညာကအဆင့်မြင့်လာတာမဟုတ်ဘူး။

လူသားတွေ အသက်ရှင်နေထိုင်ရေးကအဆင့်မြင့်လာတာ။

နောက်ပြီး လူသားတွေရဲ့စိတ်ဝိဥာဏ်ကို သိပ္ပံပညာနဲ့ မထိန်းချုပ်နိုင်ဘူးလို့ပြောကြတယ်။

မှန်ပါတယ်.....မထိန်းချုပ်နိုင်ပါဘူး။ဒါပေမယ့် ကျနော် အိုင်းစတိုင်းရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကြားဖူးတယ်။

ဇာတ်လမ်းကဒီလို။ကောင်လေးတစ်ယောက်က ဂန္တ၀င်သီချင်းကြီးတွေကို နားထောင်ဖို့ကြိုးစားကြည့်တယ်။

သူက ခေတ်ပေါ်သီချင်းတွေနားထောင်တဲ့သူဆိုတော့ အဲ့သီချင်းကြီးတွေကို ဘယ်လိုမှနားထောင်လို့အဆင်မပြေဘူးဖြစ်နေတယ်။

အဲဒါနဲ့ သိပ္ပံပညာရှင်ကြီးအိုင်းစတိုင်းဆီကိုသွားတယ်။

ကျနော့်ကိုဗျာ သိပ္ပံပညာနဲ့ ဒီဂန္တ၀င်သီချင်းတွေကို နားထောင်လို့အဆင်ပြေအောင်လုပ်ပေးပါလို့သွားပြောတယ်။

အိုင်းစတိုင်းကဘာပြန်ပြောလည်းဆိုတော့…..

“သိပ္ပံပညာကတော့ မင်းကိုအဲ့သီချင်းတွေကြိုက်အောင်တော့မလုပ်ပေးနိုင်ဘူး။

ဒါပေမယ့် ငါတတ်နိုင်တာတော့လုပ်ပေးမယ်” ဆိုပြီး သူ့ကို အရမ်းကြီးလည်း ဂန္တ၀င်မဖြစ် ၊ အရမ်းကြီးလည်း ခေတ်ပေါ်မဟုတ်တဲ့သီချင်းမျိုးရွေးပြီးအရင်နားထောင်ခိုင်းလိုက်တယ်။

ပြီးတော့ကောင်လေးကိုအဆင်ပြေလားဆိုပြီးမေးလိုက်တော့ ကောင်လေးက "ဟုတ်.....ဒီလောက်ဆို အဆင်ပြေပါတယ်" လိုပြန်ပြောတယ်။

အဲမှာ အိုင်းစတိုင်းကဘာပြောလည်းဆိုတော့ "အေး..........အဲဒါမင်းလိုချင်နေတဲ့ သိပ္ပံပညာပဲကွ။

မင်းလိုချင်တာကိုလွယ်ကူအောင်လုပ်ပေးတာ သိပ္ပံပညာပဲ။

မင်းဒီလိုသီချင်းမျိုးတွေအရင်နားထောင်။

နောက်ပိုင်း ကျင့်သားရသွားတော့မှ ဒိထက်သီချင်းကြီးတွေ ထပ်နားထောင်" ဆိုပြီးပြောလိုက်ပါတယ်။

ဒါကတော့ FM ကနေလာတဲ့ သိပ္ပံပညာအကြောင်းတစ်စွန်းတစ်စလေးပါ။

အဲမှာ ကျွန်တော် ဘာအတွေးသွားပေါက်လဲဆိုတော့.......ကျနော်တို့ လုပ်နေတဲ့ Advertising လည်း သိပ္ပံပညာနဲ့ဆင်နေတယ်။

Advertising ဟာလည်း စားသုံးသူတွေကို Product အကြောင်းသိဖို့ ၊ Product ကိုဝယ်ဖို့အတွက် အလွယ်ကူဆုံးဖြစ်အောင်လုပ်ပေးရတာပဲ။

ဘယ်နေရာမှာဝယ်ရမလဲမသိရင် သိအောင်လုပ်ပေးတယ်။

ဘာတွေကောင်းကျိုးရှိလည်းမသိရင်သိအောင်လုပ်ပေးတယ်။

ဒါကြောင့် စားသုံးသူတွေဟာ product တွေကို ၀ယ်ယူသုံးစွဲရတာပိုမိုလွယ်ကူလာခဲ့တယ်။

ဒါပေမယ့် ခုနက အိုင်းစတိုင်းဇာတ်လမ်းလေးလိုပဲ ကိုယ့်ရဲ့စားသုံးသူက ဘယ်လိုစားသုံးသူမျိုးလည်း ဘယ်လိုအရာကိုလိုချင်နေတာလည်းဆိုတာကိုတော့သိထားရမယ်။

ဒါမှ အိုင်းစတိုင်းက ကောင်လေးကို ဂန္တ၀င်သီချင်းကြီးတွေနားထောင်ဖို့ အရင်ဆုံးအလယ်အလတ်သီချင်းတွေနားထောင်ခိုင်းသလိုမျိုး

စားသုံးသူကိုလည်း ကိုယ့်ရဲ့ product ကိုဝယ်ချင်လာအောင် ဘယ်လိုဆွဲဆောင်ရမလဲဆိုတာသဘောပေါက်နားလည်းပြီး စားသုံးသူကို ကိုယ့် product ကိုဝယ်ဖို့လွယ်ကူအောင်လုပ်နိုင်ပါလိမ့်မယ်။

စာတော့နည်းနည်းရှည်နေပြီဗျာ။ဒါပေမယ့် ထပ်ပြောချင်တာလေးတစ်ခုရှိနေသေးတယ်။

ကျွန်တော် တို့မြန်မာနိုင်ငံဟာ နိုင်ငံတစ်ကာနဲ့ယှဉ်လိုက်ရင် အစစ အရာရာ နောက်ကျနေခဲ့တယ်။

Advertising ကဏ္ဍမှာလည်းနောက်ကျနေခဲ့တယ်။

မြန်မာလူမျိုးတွေက ကြော်ငြာဆိုရင် မင်းသား မင်းသမီးတွေနဲ့ ကတယ် ခုန်တယ်ဆိုတာကိုပဲမျက်လုံးထဲစွဲနေခဲ့တယ်။

မြန်မာပြည်ရဲ့ Creative သမားအများစုက အဲဒါကိုအားမလိုအားမရဖြစ်နေတယ်။

ဘာလို့ဆို သူတို့က အမိုက်စားကြော်ငြာတွေဖန်တီးချင်တာလေ။

အဲဒါကို အခုလုပ်နေရတာတွေက မြန်မာနိုင်ငံရဲ့စားသုံးသူနဲ့အဆင်ပြေအောင်လုပ်နေရတာဆိုတော့ ခုနက အိုင်းစတိုင်းနဲ့ကောင်လေးလိုဖြစ်နေတယ်။

ကောင်လေး နားထောင်နေကျက ခေတ်ပေါ်သီချင်းတွေ ဒါပေမယ့် နားထောင်ချင်နေတာက ဂန္တ၀င်သီချင်း။

ဘယ်လိုမှအဆင်မပြေဘူး။

ဒါပေမယ့် ကျနော်တို့ ကြော်ငြာဖန်တီးသူတွေက အိုင်စတိုင်းစိတ်ဓါတ်မျိုးထားပြီး အမိုက်စားကြော်ငြာလည်းဖြစ် ဒီနိုင်ငံရဲ့စားသုံးသူနဲ့လည်းအဆင်ပြေတဲ့ကြော်ငြာလေးတွေအရင်ဆုံးဖန်တီးပြရမယ်။

နောက်ပိုင်း ကျင့်သားရသွားပြီး trend ပြောင်းလာတဲ့အခါကျမှ ကောင်လေးနားထောင်ချင်တဲ့ ဂန္တ၀င်သီချင်းလိုမျိုး နိုင်ငံတကာအဆင့်မီ အမိုက်စားကြော်ငြာတွေ ကြိုက်သလောက်ချပြလို့ရမှာလို့ထင်ပါတယ်။

ဆိုတော့ အနှစ်ချုပ်လိုက်ရင် Advertising ဆိုတာ သိပ္ပံပညာလိုပဲ လူသားတွေနေထိုင်စားသောက်ရေးမှာ လွယ်ကူအောင်လုပ်ပးတဲ့အရာ။

နောက်ပြီး ကြော်ငြာတွေဖန်တီးတဲ့အခါ ခေတ်လည်းမီ မြန်မာနိုင်ငံ မြို့နေလူများသာမက ကျေးလက်တောင်သူတွေပါ အဆင်ပြေမယ့် အလယ်အလတ်ကြော်ငြာများ ဖန်တီးသင့်ပါကြောင်းဆွေးနွေးတင်ပြလိုက်ရပါတယ်ခင်ဗျာ...

Recommended for you-ဗျူဟာကျကျ FA ဘဝကနေ စွန့်လွှတ်ကြမယ် (ဈေးကွက်ဗျူဟာ အဆင့် (၄)ဆင့်)

Credit; adsinmyanmar 

Read times
Rate this item
(3 votes)