-->
×

Warning

JUser: :_load: Unable to load user with ID: 29


Startup တစ်ခု ရှင်သန် ဖို့ ဘာတွေလုပ်ရမလဲ?

Startup တစ်ခု ရှင်သန် ဖို့ ဘာတွေလုပ်ရမလဲ? google.com

Co-founder တွေကို ရွေးချယ်ပါ

ဘယ်လိုအရာတွေက Startup အများစုကို ကိုယ့်ကိုယ်ကို သတ်သလို ဖြစ်နေပါသလဲ?

အရာရာတိုင်းကို စဖို့အတွက် ဆိုးတဲ့ co-founder တွေ စရှာဖို့လိုပါမယ်။

ဆိုးတဲ့ co-founder တွေက အလွန်ကောင်းတာလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် လုပ်ငန်းစတဲ့ အခါမှာ ဘယ်သူက ကောင်းမွန်တဲ့ co-founder ဆိုတာကို ပြောဖို့ ခက်ပါတယ်။

လက်တွဲဖော်ကောင်းနဲ့ အလုပ်လုပ်တာက လုပ်ငန်းကိစ္စ တစ်ဝက်လောက်ပြီးမြောက်ပါတယ်။

 

သင်တိုင်းတာတဲ့ အတိုင်းလုပ်ပါ

သင့်မှာကြီးထွားမှု မရှိလာဘူးဆိုရင် သင်ဟာ Startup မဟုတ်တော့ပါဘူး။

ကြီးပွားတိုးတက်မှုက တိုင်းတာမှုနဲ့လဲ သက်ဆိုင်ပါတယ်။

ဘယ်လိုပုံစံတိုင်းတာမလဲဆိုတာက အခရာပါ။

တိုးတက်လာတယ်ဆိုတာကို သင့်အနေနဲ့ တိုင်းတာမှုမှန်ကန်ပါစေ။

 

မြန်မြန်လေးစတင်ပါ

သင်မစတင်သေးရင် သုံစွဲသူမရှိပါဘူး။ တကယ်လို့ သုံးစွဲသူမရှိသေးရင် သင်စတင်ရမဲ့ လုပ်ငန်းက သူတို့အတွက် အသုံးမတည့်သေးပါဘူး။

ဒီနည်းလမ်းနဲ့ ဆက်နေမယ်ဆိုရင်တော့ အမူအကျင့်တွေကို ချိုးဖျက်ဖို့အတွက် အတော်ခက်ခဲလာပါလိမ့်မယ်။

သင်အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ စလုပ်ပါ။ အသုံးတည့်တယ်ဆိုတဲ့ အချိန်ကို စောင့်မနေပါနဲ့။

 

အပေးအယူပျက်ခြင်း

ရင်းနှီးမြှုပ်နှံသူတွေက လုပ်ပါမယ်လို့ ကတိပေးထားပြီးတာတောင်မှ သူတို့က သင့်ထံကို ငွေပုံပေးလိုက်မှာ မဟုတ်ပါဘူး။

ဒီအချက်က ယုံဖို့ အတော်ခက်မှာပါ။ လူဆိုတာ အရှုပ်ထွေးဆုံးအရာတွေထဲက တစ်ခု လူတွေမှာ ဝယ်ယူတဲ့ အခါ နောင်တရတာတွေ၊ စိတ်မချတာတွေရှိတတ်ပါတယ်။

လူတိုင်းက သင်နဲ့ သိပ်ကွာတာတော့ မဟုတ်ပါဘူး။

ဒါကြောင့် သူတို့ထံက မျှော်လင့်စရာတွေ ရှိနေတတ်ပါတယ်။

ဒါတွေမရှိလည်း ဆက်သွားနေဖို့ လိုပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ အပေးအယူပျက်တတ်ပါတယ်။

 

တပ်မဖျက်နဲ့

Startup အဖြစ်စတင်လုပ်ကိုင်ကာစမှာတော့ ကိုယ်ဘာမှမလုပ်ခင် ဘယ်အရာကမှ ဖြစ်လာမှာမဟုတ်ပါဘူး။

လူတွေက ဘယ်တော့မှ တုံ့ပြန်ကြမှာမဟုတ်ပါဘူး။ ဖောက်သည်တွေက ပိုက်ဆံမပေးရဖို့ ကြိုးစားကြပါလိမ့်မယ်။

ရင်းနှီးမြှုပ်နှံသူအတုတွေက ရင်းနှီးမြှုပ်နှံသူ ဟန်ဆောင်တာတွေကို တွေ့ကြုံရပါလိမ့်မယ်။

လုပ်သားတွေထွက်သွားတာကို တွေ့ကြုံရပါလိမ့်မယ်။ ဒါဆို သင်ဘာလုပ်မလဲ?

သင်ကတော့ ထွက်ခွါမသွားနိုင်ပါဘူး။ သင်ကတော့ ခရီးကြမ်းကြီးကို ဖြတ်ပြီး ဖောက်သည်တွေ ဘာလိုလဲ ဆိုတာကို တွေ့တဲ့ အထိ ရှာနေလုပ်နေရမှာပါ။

 

ဖောက်သည်တွေအတွက် အံ့သြဖွယ်ကောင်းတဲ့ ဝန်ဆောင်မှုပေးပါ

သင့်လုပ်ငန်းစတင်ကာစမှာ သင့်ဖောက်သည်တွေနဲ့ ဖုန်းကနေဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ တွေ့ဆုံပြောဆိုဖို့အတွက် ကြိုးစားသင့်ပါတယ်။

ဘာလို့ဆို ဒီလူတွေက သင့်ထုတ်ကုန် အသုံးဝင်တယ်ဆိုတာကို ပထမဆုံးရှာတွေ့တဲ့ လူတွေပါပဲ။

သူတို့က ရင်းနှီးမြှုပ်နှံသူတွေလိုပါပဲ။ သူတို့ဆီကနေ သင်ယူနိုင်ပါတယ်။

သူတို့ကို သင်ပေးနိုင်တဲ့ အကောင်းဆုံးဆိုတာတွေ ပေးလိုက်ပါ။

 

သုံးစွဲသူအများစုက သို့လော သို့လော ဖြစ်တာထက် အနည်းငယ်ပျော်ရွှင်ပါစေ

လူအများစုကို သင့်လုပ်ငန်းအတွက် ကြိုက်မကြိုက်မေးတဲ့အခါ အများစုက ကြိုက်တယ်လို့ တစ်ခွန်းတည်း ပြောကြပါလိမ့်မယ်။

နောက်ပြီးမဆိုးပါဘူးလို့ ပြောတဲ့သူတွေလည်းရှိလာပါလိမ့်မယ်။

ဒါပေမဲ့ ဒီအဓိပ္ပါယ်က မင်းကို ပြောစရာမရှိဘူးလို့ ပြောနေတာပါ။

သူတို့ရဲ့ အချိန်နဲ့ ငွေကို ဖဲ့ပေးစေပြီး Vote လုပ်ကြည့်လိုက်ပါ။

ဒီလိုအချိန်မှာ တွေ့ရမယ့်အရာက သင့်လုပ်ငန်းအတွက်အရေးပါပါတယ်။

 

အချိန်နည်းတယ်

သင်ဟာ အကျိုးအမြတ်မရှိဘူး။ အချိန်ကို အနည်းငယ်ပဲသုံးတယ်။

ဒီလိုတွေဆိုရင်တော့ သင်ဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကို ရရှိဖို့မဖြစ်နိုင်ပါဘူး။

 

အာရုံထွေပြားစေတာတွေကို ရှောင်ပါ

ဖောက်သည်တွေကို ပေးနေတဲ့ ဝန်ဆောင်မှုရပ်သွားနိုင်တဲ့ အကြောင်းပြချက်တစ်ခုရှိပါတယ်။

အဲဒါတွေက အာရုံထွေပြားစေတဲ့ အရာပါ။ ဘဏ္ဍာငွေကြေးက အာရုံထွေပြားစေတဲ့ အရာဖြစ်ပါတယ်။

ကျောင်းဆိုတာ အာရုံထွေပြားစေတဲ့ အရာပါ။ မဂ္ဂဇင်းဓာတ်ပုံတွေက အာရုံထွေပြားစေတဲ့ အရာဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ ထုတ်ကုန်တွေ ထုတ်လုပ်မယ့်အချိန်ကို ဆွဲယူသွားရုံသာမက အာရုံစူးစိုက်မှုကိုပါ စွဲယူသွားစေလို့ပဲ ဖြစ်ပါတယ်။

 

ငွေအနည်းငယ်စဝင်လာပြီ

အကယ်၍ သင့်အနေနဲ့ ငွေအနည်းငယ်စဝင်တယ်ဆိုရင် ဒီအဓိပ္ပါယ်က သင့်ထုတ်ကုန်အတွက် တစ်စုံတစ်ယောက်က ငွေပေးချင်လာတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

ဒါကတော့ သင့်ကုမ္ပဏီရပ်တည်လို့ ရပြီလို့ ဆိုရမှာပါ။ လက်ရှိမှာတော့ ဖောက်သည်တွေ ထပ်ဝင်လာမယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။

 

သင့်အကြံဥာဏ်ကို စနစ်တကျ ဖွံ့ဖြိုးပါစေ

အောင်မြင်နေတဲ့ startup အများစုက သူတို့ရဲ့ အကြံဥာဏ်တွေကို အခြေခံအားဖြင့် ပြောင်းလဲပစ်တတ်ကြပါတယ်။

Paypal စလုပ်ဖို့ စဉ်းစားတဲ့ အခါမှာ Palm Pilot တွေအကြားမှာ ငွေကြေးလွှဲပြောင်းဖို့ အတွက်ပဲ လုပ်ဖို့ စဉ်းစားကြတာပါ။

 ဖြစ်နိုင်ခြေနဲ့ စတင်ဖွင့်ကြပေမဲ့ ဒီနေရာမှာ အမြဲရပ်မနေကြပဲ အရာရာတိုင်းကို လိုအပ်ရင်ပြောင်းလဲပစ်တတ်ကြပါတယ်။

 

လက်မမြှောက်လိုက်ပါနဲ့

လူတွေရဲ့ ယုံကြည်မှုကို ရဖို့အတွက်က ဆက်သွားနေဖို့ လိုအပ်ပါတယ်။

အကယ်၍ သင့်အနေနဲ့ မကြီးထွားနိုင်သေးဘူးဆိုရင်တောင် ဆက်သွားနေဖို့ လိုပါတယ်။

အမှန်တကယ် အပြီးသတ်သွားတယ်ဆိုတဲ့ အချိန်က သင့်အနေနဲ့ လက်မြှောက်အရှုံးပေးလိုက်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။

Recommended for you-စီးပွားရေးသမားနဲ့ ကာလ ၃ ပါး

Source; internerjournal

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)