-->
×

Warning

JUser: :_load: Unable to load user with ID: 29


မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ဘာတွေလုပ်သင့်လဲ???

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ဘာတွေလုပ်သင့်လဲ??? google.com

လူတော်တော်များများကဆုံးဖြတ်ချက်ချပြီးမှ နောင်တရတတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေမဖြစ်အောင် ဒီအချက်လေးတွေနဲ့ ကြိုတင်ပြင်ဆင်ကြည့်လိုက်ပါ...။

 

လုံလောက်တဲ့လေ့လာမှုလုပ်ပါ

ကိုယ်ဆုံးဖြတ်ချက်ချရမယ့် ကိစ္စနဲ့ ပတ်သတ်ပြီးအကြောင်းအရာအားလုံးကိုလုံးစေ့ပတ်စေ့ လုံလောက်အောင် သိရှိထားဖို့လိုအပ်လှပါတယ်။

လိုအပ်တဲ့သတင်းအချက်အလက်တွေ၊ အခြားသူတွေရဲ့ထင်မြင်သုံးသပ်ချက်တွေ ကိစ္စရပ်အလုံးစုံကို ကိုယ်ကသိရှိပြီး ဆင်ခြင်သုံးသပ်နိုင်မှ မှန်ကန်ဖြောင့်မတ်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်ပါတယ်။

 

အထပ်ထပ်အခါခါစဉ်းစားပါ

ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချခါနီးတဲ့အခါ ရှေ့နောက်မစဉ်းစားပဲ မဆုံးဖြတ်သင့်ပါဘူး။

အဲ့လိုဆုံးဖြတ်ချက်မျိုးတွေဟာလည်း ရေတိုကာလမှာသာ အဆင်ပြေနိုင်စေပေမယ့် ရေရှည်မှာ မှားယွင်းတဲ့ အဆုံးအဖြတ်တွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုဆုံးဖြတ်ချက်ကိုမဆို မချခင် အထပ်ထပ်အခါခါ အချိန်ယူပြီးစဉ်းစားပါ။

 

Plan-B ပြင်ဆင်ထားပါ

ကိုယ်ချလိုက်တဲ့ဆုံးဖြတ်ချက်ရဲ့ ကောင်းမှုဆိုးမှု အားလုံးကို ကြိုတင်တွက်ဆပြင်ဆင်ထားတတ်ဖို့ လိုအပ်ပါသေးတယ်။

တကယ်လို့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဟာ မှားယွင်းသွားခဲ့သည်ရှိသော် ဘယ်လိုပြန်လည်ပြင်ဆင်မလဲ။

မှန်ကန်သွားအောင်ဘယ်လိုပြန်တည့်မတ်မလဲဆိုတဲ့ နောက်ဆက်တွဲအစီအစဉ်ဖြစ်တဲ့ Plan-B ကိုကြိုတင်ပြင်ဆင်ထားနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။

 

အကြံဥာဏ်တောင်းခံပါ

ကိုယ်တိုင်ဆုံးဖြတ်ချက်ချရမှာ မှန်သော်လည်းပဲ ကိစ္စရပ်တစ်ခုကို ရှုထောင့်ပေါင်းစုံက အမြင်အမျိုးမျိုးနဲ့ ကြည့်ရှုထားခြင်းက တစ်ဦးတည်း ကြည့်ပြီးဆုံးဖြတ်တာထက်ပိုပြီး အသေးစိတ်မြင်တွေ့နိုင်မယ်လို့ထင်ပါတယ်။

ဒါကြောင့်ဆုံးဖြတ်ချက်မချခင် ကိုယ့်ရဲ့ဘေးနားပတ်ဝန်းကျင်ကလူတွေကိုလည်း သူတို့သာဆိုရင် ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့ မေးခွန်းလေးတွေမေးကြည့်ပါ။

အဲ့ဒီအဖြေတွေအားလုံးကိုနားထောင်ကြည့်ပြီး ကိုယ့်ရဲ့အမြင်နဲ့ ပြန်လည်ချိန်ထိုးဆုံးဖြတ်ပါ။

 

နောင်တမရတတ်အောင်သင်ယူခြင်း

လောကမှာ လူမှန်ရင် အမှားနဲ့ကင်းတတ်သူမရှိလို့ ဆုံးဖြတ်ချက်မှားယွင်းသွားခဲ့ရင်လည်း အကြီးအကျယ်နောင်တရစိတ်ဓာတ်ကျနေစရာ မလိုအပ်ပါဘူး။

ထိုအမှားမှ ပြန်လည်သင်ယူပြီး တစ်ဆင့် ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေ မှန်ကန်လာအောင် လေ့ကျင့်တတ်ဖို့သာ လိုအပ်ပါတယ်။

Read-စိတ်ဖိစီးမှု လျော့ချရန်နည်းလမ်း ၅ ချက်

Credit; Original Writer

Read times
Rate this item
(2 votes)