-->
×

Warning

JUser: :_load: Unable to load user with ID: 29


ယှဉ်ပြိုင်မှုပြင်းထန်နေဆဲဖြစ်တဲ့ နာမည်ကျော် Brand များ

ယှဉ်ပြိုင်မှုပြင်းထန်နေဆဲဖြစ်တဲ့ နာမည်ကျော် Brand များ google

 အောင်မြင်နေကြသော်လည်း ယှဉ်ပြိုင်မှုပြင်းထန်နေဆဲဖြစ်တဲ့ နာမည်ကျော် Brand များအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်.......

1. Pepsi Vs. Code
*******************
Code နဲ့ Pepsi တို့ဟာ အချိုရည်ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ ၎င်း Brand နှစ်ခုစလုံးဟာ ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာ နာမည်ကျော်ကြား လူသိများကြပါတယ်။ သို့သော်လည်း ထို Brand နှစ်ခုစလုံးဟာ ၎င်းတို့ရဲ့ ရောင်းအားတက်သထက်တက်စေရန်အတွက် အနုပညာရှင်တွေ အပြိုင်အဆိုင်ငှါးရမ်းပြီး သူ့ထက်ငါ ဦးအောင် ကြော်ငြာနေကြဆဲဖြစ်ပါတယ်။

1

 

2. Marvel Vs. DC
*******************
ဒီကုမ္ပဏီ နှစ်ခုစလုံးကတော့ အားလုံးသိကြတဲ့ အတိုင်း စူပါဟီးရိုး ကာတွန်းစာအုပ်တွေကို ထုတ်လုပ်ရောင်းချကြတာ ဖြစ်ပါတယ်။ ၎င်းကုမ္ပဏီနှစ်ခုစလုံးဟာ ကာတွန်းဇာတ်ကောင်တွေကို အပြိုင်အဆိုင် ရေးဆွဲလာကြတာဟာ အခုဆိုရင်တော့ နှစ်ပေါင်း(၈၀) နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ဇာတ်ကောင်တွေဟာ ကာတွန်းစာအုပ်တွေထဲမှာတင်မကဘဲ ဟောလိဝုဒ် ရုပ်ရှင်လောကမှာပါ အောင်မြင်နေကြတာကိုလည်း တွေ့ပါတယ်။ ဒါကြောင့် ယှဉ်ပြိုင်မှုတွေဟာ ပိုပြီးပြင်းထန်လာတာ ဖြစ်ပါတယ်။

2

 

Costume & Fashion (ဝတ်စုံနှင့်ဖက်ရှင်လုပ်ငန်းများ(၃၈၇)ခုကိုရှာရန်နှိပ်ပါ။)

3. Mcdonalds Vs. Burger King
*****************************
အသင့်စား အစားအစာတွေဖြစ်ကြတဲ့ Mcdonald’s နဲ့ Bugar King ဟာလည်း ပြိုင်ဖက်တွေပါပဲ။ ၎င်းတို့နှစ်ခုရဲ့ ထူးခြားချက်ကတော့ ဈေးနှုန်းချိုသာမှုထက် အရည်အသွေးကောင်းမွန်မှုကို ပိုပြီးဦးစားပေးတာကို တွေ့ရပါတယ်။ သို့သော်လည်း Mcdonald’s ဟာဆိုင်ခွဲပေါင်း ၁၄,၃၀၀ ကိုပိုင်ဆိုင်ထားပြီး Bugar King ကတော့ ၇,၄၀၀ ကိုသာဖွင့်လှစ်ထားနိုင်တာကြောင့် လတ်တလော အခြေအနေမှာတော့ Mcdonald’s ကအသာစီးရနေတယ်လို့ ဆိုရမှာပါ။

7

 

4.  MasterCard Vs. Visa Card
*****************************
အွန်လိုင်းငွေပေးချေရေး ဝန်ဆောင်မှု ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Master နဲ့ Visa ဟာလည်း ပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။ ၎င်း Card နှစ်ခုစလုံးဟာ နာမည်ကောင်းတွေ ကိုယ်စီရှိတာကြောင့် ဘယ်အရာက ပိုကောင်းသလဲဆိုတာ ပြောပြဖို့တော့ ခက်ခဲမယ်ထင်ပါတယ်။

4

 

5. Canon Vs. Nikon
*******************
ယခု Brand နှစ်ခုစလုံးဟာ အီလက်ထရွန်းနစ် ပစ္စည်းတွေထုတ်လုပ် ရောင်းချကြတာဖြစ်ပြီး ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ လက်ရှိမှာတော့ Canon ဟာ အနည်းငယ် ရောင်းအားပိုတက်နေပုံရပါတယ်။

5

 

6. Microsoft Vs. Apple 

************************
အားလုံးသိကြတဲ့အတိုင်း Microsoft နဲ့ Apple ကတော့ ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်ကြပါတယ်။ ၎င်းကုမ္ပဏီ နှစ်ခုစလုံးဟာ ပြိုင်ဖက်တွေ ဖြစ်ကြပေမယ့်လည်း ၎င်းတို့ကို စတင်တည်ထောင်ခဲ့တဲ့ Steve Jobs နဲ့ Bill Gates တို့ဟာ Steve မဆုံးခင်နောက်ဆုံးအချိန်အထိ အရမ်းကိုရင်းနှီးဖော်ရွေစွာ ပေါင်းသင်းဆက်ဆံ ခဲ့ကြတာကို တွေ့ရပါတယ်။

6

iPhone တစ်လုံးကို Smart ကျကျသုံးချင်တယ်ဆိုရင်

Source: LU NGE MEDIA

Read times
Rate this item
(0 votes)