-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ရည်မှန်းချက်တွေ လမ်းမပျောက်ချင်ရင် ဒါတွေလုပ်ပါ!

သင့်ရည်မှန်းချက်တွေ လမ်းမပျောက်ချင်ရင် ဒါတွေလုပ်ပါ! google.com

မြန်မာလူငယ်တွေကို မင်းရဲ့ ဘဝရည်မှန်းချက်က ဘာလဲလို့ မေးလိုက်ရင်တော်တော်များများက စိတ်ထဲမှာ ရေရေရာရာ မသိပါဘူး။

သင်ရော အဲ့ဒီလိုပဲလား?

 

အဲ့ဒီလိုပဲဆိုရင်တော့ စိတ်အားမငယ်ပါနဲ့။

ကျွန်တော်ကိုယ်တိုင်တောင် ၁၀ တန်းအောင်တဲ့ ထိ ရည်မှန်းချက်မရှိခဲ့ပါဘူး။

ကျွန်တော် ၁၀ တန်းတက်နေတုန်းက ကျွန်တော့် ရည်မှန်းချက်ဘာလဲလို့ မေးရင် ဖြေရအခက်ဆုံးပါပဲ။

ဘာလို့လဲဆိုတော့ ကျွန်တော်ဘာဖြစ်ချင်မှန်း ကျွန်တော်မသိခဲ့တာပါ။

ဒါပေမဲ့ ဆယ်တန်းကို အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ ခိုင်ခိုင်မာမာရှိနေခဲ့ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာက ကိုယ်စိတ်ဝင်စားတဲ့အရာ ဝါသနာပါတဲ့အရာကို ငယ်ငယ်ကတည်းက မိဘရဲ့ ကျပ်တည်းတဲ့ အခြေအနေကြောင့်၊

သို့မဟုတ် ပတ်ဝန်းကျင်ရဲ့ "မင်းအောင်မြင်မှာ မဟုတ်ပါဘူး ဖြစ်မှာမဟုတ်ဘူး"ဆိုတဲ့စကားတွေကြောင့်၊ အစိုးရရဲ့

ပညာရေးမထောက်ပံ့မှုတွေကြောင့် အကုန်လုံးရေစုန်မျှောခဲ့ရပါတယ်။

ကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အားပေးမယ့်သူ ထောက်ပံ့မယ့်သူ တွေ ရှားပါးခဲ့ပါတယ်။

ဆင်းရဲတဲ့မိသားစုက ကလေးက ဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးထွက်လဲ သူတက္ကသိုလ် ဆက်မတက်နိုင်မှန်းသိတော့ စာမကြိုးစားချင်တော့ပါဘူး။

ဒီလိုနဲ့ပဲ လူငယ်အချို့ရဲ့ ရည်မှန်းချက်တွေဆိုတာတွေလဲ ရေစုန်မျှောခဲ့ရတာပါ။ ဒါပေမဲ့ လူငယ်တိုင်းတော့ မဟုတ်ပါဘူး။

အဲ့လို ဆင်းဆင်းရဲရဲနဲ့ အောင်မြင်လာတဲ့ သူတွေလဲရှိပါတယ်။

သူများနိုင်ငံက လူငယ်တွေကို မေးရင်တော့ ငယ်ငယ်ကတည်းက ရည်မှန်းချက်ရှိကြတာများပါတယ်။

ဥပမာ-အမေရိကန်က ကလေးတွေဆို ငယ်ငယ်လေးကတည်းက Steve Jobs လိုဖြစ်ချင်တဲ့ သူရှိတယ်။

Mark Zuckerberg လိုဖြစ်ချင်တဲ့သူရှိတယ်။ Michael Jackson လို POP အကျော်အမော် ဖြစ်ချင်တဲ့ ကလေးတွေရှိတယ်။

သူတို့က သူတို့မျက်စိရှေ့မှာတင် သူတို့အားကျရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ သိပ္ပံပညာရှင်တွေ၊ အနုပညာရှင်တွေ အများကြီးရှိတဲ့အပြင်

ငယ်ငယ်ကတည်းက ကိုယ်ဝါသနာပါတာကို လုပ်ဖို့ မိဘတွေကလည်း အများအားဖြင့် အားပေးကြတယ်။

ရည်မှန်းချက်ဆိုတာ အကြမ်းအားဖြင့်(၂)မျိုးရှိပါတယ်။

ရေရှည်ရည်မှန်းချက်နဲ့ ရေတိုရည်မှန်းချက်ပါ။

ရေရှည်ရည်မှန်းချက်ကတော့ ဆရာဝန်ဖြစ်ချင်တယ်တို့၊ အင်ဂျင်နီယာဖြစ်ချင်တယ်တို့ပေါ့။

ရေတိုရည်မှန်းချက်ကတော့ အခုလောလောဆယ်ပစ်မှတ်ထား ထားတဲ့ ပန်းတိုင်ပေါ့။

အဲဒီတော့ ရေရှည်ရည်မှန်းချက်မရှိလဲ စိတ်မပူပါနဲ့။ နိုင်ငံရဲ့ အနေအထား ပတ်ဝန်းကျင်အနေအထားတွေကြောင့် ဖြစ်နေရတာပါ။

အဲဒီတော့ ပြုပြင်လို့ မရတဲ့ အရာတွေအတွက် စိတ်ညစ်မနေနဲ့တော့။

ပြုပြင်လို့ရတဲ့ အရာတွေကို အာရုံစိုက်ပြီး အောင်မြင်အောင် လုပ်ကြရအောင်ဗျာ။

အဲဒီရေရှည်ရည်မှန်းချက်ကြီးသင့်မှာ အခုမရှိလဲ သင်အောင်မြင်နိုင်ပါတယ်။

" ကျရှုံးတဲ့သူတွေက အဖြစ်အပျက်တွေ ဖြစ်ထွန်းလာတာကို စောင့်မျှော်ကြတယ်။

အောင်မြင်တဲ့သူတွေက အဖြစ်အပျက်တွေ ဖြစ်ထွန်းအောင် လုပ်ဆောင်ကြတယ်။" -Anonymous ရေတိုရည်မှန်းချက်ပဲထားပါ။

ဥပမာ-ကျွန်တော့်ရည်မှန်းချက်က ဘာလဲလို့ သင်ကျွန်တော့်ကို အခုမေးရင် ကျွန်တော့် ရည်မှန်းချက်က အခုစာလေးကို အကောင်းဆုံး အောင်အောင်မြင်မြင်ပြီးဆုံးအောင် ရေးဖို့ပါပဲ။

ဘယ်အလုပ်ကို လုပ်လုပ် ရည်မှန်းချက်ထားပါ။ ဥပမာ-သင်ဒီစာကို ဖတ်နေတယ်ဆိုပါစို့။

ဒီစာကို အာရုံစူးစိုက်စွာနဲ့ ဖတ်မယ်လို့ ရည်မှန်းချက်ထားလိုက်ပါ။

ရေတိုရည်မှန်းချက်ဆိုတာ ပစ္စုပ္ပန်တိုင်းက အရာရာကို အကောင်းဆုံးလုပ်ဖြစ်အောင်လုပ်ဖို့ ရည်မှန်းချက်ပါ။

သင့်ရဲ့ ရေရှည်ရည်မှန်းချက်ကို အခုမသိသေးလဲ လုံးဝစိတ်မပူပါနဲ့။

ဘာလို့လဲဆိုတော့ သင်အရာရာတိုင်းကို အကောင်းဆုံးတွေလုပ်နေတဲ့အတွက် တဖြည်းဖြည်းနဲ့ ဘာလုပ်လုပ်အောင်မြင်လာပါလိမ့်မယ်။

အဲဒီအခါကျရင် သင့်ရေရှည်ရည်မှန်းချက်ကလဲ တဖြေးဖြေးရုပ်လုံးပေါ်လာလိမ့်မယ်။

သင်အခု ဘာလုပ်နေလဲ အကောင်းဆုံးလုပ်လိုက်နော်။ English စာသင်တန်းတက်နေတာလား?

အဲဒီ သင်တန်းပြီးရင် သင် English စာကျွမ်းကျင်ရမယ်ဆိုပြီး စကြိုးစားလိုက်ပါတော့။

မနက်ဖြန်အင်တာဗျူးဖြေဖို့ရှိလား?

မနက်ဖြန်သင်အဲဒီ အင်တာဗျူးကို အောင်ကို အောင်ရမယ်ဆိုပြီး ရည်မှန်းချက်ထားလိုက်၊

အခုစာတစ်ပုဒ်ကျက်နေလား? သင်အဲဒီစာတစ်ပုဒ်ကို ရကိုရရမယ်လို့ ရည်မှန်းချက်ထားလိုက်၊

ပြီးရင်အောင်မြင်အောင်ကြိုးစား၊ ရည်မှန်းချက်လေးတွေ အောင်မြင်လာတိုင်း ကိုယ့်ကိုယ် ကို ချီးကျူးဖို့ မမေ့နဲ့။

သင်က တော်လို့အရည်အချင်းရှိလို့သာ အဲလို ရည်မှန်းချက်လေးတွေကို အောင်မြင်အောင်လုပ်နိုင်တာပါ။

အောင်မြင်လာတာလေးတွေ များလာရင် သင့်ကိုယ်သင်ယုံကြည်မှုက မထင်မှတ်ထားလောက်အောင်ကို မြင့်တက်လာလိမ့်မယ်။

ဘာလုပ်လုပ်အောင်မြင်လာလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်လာလိမ့်မယ်။

ကဲ ရေတိုရည်မှန်းချက်လေးတွေနဲ့ ရေရှည်ရည်မှန်းချက်ကြီးတစ်ခု တည်ဆောက်ကြစို့။

ကဲ အခုလောက်ဆို What's your ambition? ဆိုတဲ့မေးခွန်းအတွက် အရင်က အဖြေမရှိသေးရင်လဲ အခုရှိသွားလောက်ပြီပေါ့နော်။

ရည်မှန်းချက်ဆိုတာ စိတ်ထဲမှာပဲ ထားဖို့မဟုတ်ဘူးနော်။ အောင်မြင်အောင် ပြုလုပ်ဖို့ပါ။

အခုကစပြီး သင့်ရည်မှန်းချက်ကို အကောင်အထည်ဖေါ်လိုက်တော့နော်...။

Recommended for you-ဒီနေ့သင်ဘယ်​သူလဲ ဆိုတာ ပိုအရေးကြီးတယ်!

Credit; မိုးရှင်း(I.M.T)

Read times
Rate this item
(1 Vote)