-->
×

Warning

JUser: :_load: Unable to load user with ID: 29


နည်းပညာ ပိုင်းဆိုင်ရာတိုးတက် လာခြင်းက ကြော်ငြာပိုင်းဆိုင်ရာ ကိစ္စ ရပ်များကို အဆိပ်အတောက် ဖြစ်စေ သလော

နည်းပညာ ပိုင်းဆိုင်ရာတိုးတက် လာခြင်းက ကြော်ငြာပိုင်းဆိုင်ရာ ကိစ္စ ရပ်များကို အဆိပ်အတောက် ဖြစ်စေ သလော google

ပြီးခဲ့တဲ့ နှစ်က လုပ်ငန်းစုတွေဟာ မိုဘိုင်းဖုန်းဆိုင်ရာကြော်ငြာကိစ္စရပ် များတွင် ဒေါ်လာ သန်းပေါင်း ၉၉ ဘီလီယံ အသုံးပြု ခဲ့တယ်လို့ရပါတယ်။

 

အရင် ကဆို လသာတဲ့ ညတွေမှာ ကလေးတွေအပြင်ထွက် ဆော့ကစား ကြတယ်။ လူကြီးတွေကလည်း အိမ်ပြင်ထွက် စကားပြော ကြ အသိမိတ်ဆွေတွေနဲ့ ဆွေးနွေး ကြ ပေါ့။

မိုဘိုင်းဖုန်းတွေရဲ့နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနှင့် အမျှ Facebook , Youtube , Twitter , Instagram Snapchat စတဲ့ နေရာတွေမှာသာ လူတွေက အချိန်ကို ကုန်ဆုံးကြတယ် မိသားစု ထမင်းဝိုင်းတွေမှာတောင် စကားမပြော နိုင်ကျ တော့ဘူး/ထမင်းစား ရဖို့ ထက် ဖုန်း Screen ကို ကြည့်ဖို့ ကို သာ အားသန်နေကြတယ်။

 

လူတွေက နည်းပညာရဲ့ လက်အောက်ကို ရောက်နေပါတယ်။ ထိုနည်းပညာ တွေက လူတွေကို စက်ရုပ် တစ်ရုပ်လို ဖြစ်သွားစေသလိုပါပဲ။ လူတွေက ဖုန်းတွေ နည်းပညာကိရိယာ တွေ အောက်မှာ လုံးဝ ကျရှုံးသွားတာပဲဖြစ်ပါတယ်။

 

Apple နဲ့ Google တို့ပူးပေါင်းပြီး လူသားတွေ သတိပြုမိ သတိမူမိ စေနိုင်ဖို့ Social Networking Time ( လူမှုမီဒီယာ ) အသုံးပြုချိန် ပမာဏ၊ Others ( အခြား) အသုံးပြုချိန်ပမာဏ ၊ Entertainment ( ဖျော်ဖြေရေး) ကြည့်ရှုချိန်ပမာဏ တို့ကို ခွဲခြားပြသပေးတဲ့ Screen Time ဆိုတဲ့အရာလေးဖန်တီးလိုက်ပါတယ်။

 

အမေရိကန်သမ္မတ Donald Trump ရဲ့ ၂၀၁၆ နိုင်ငံရေးကြော်ငြာ Campaign က အကျော်ကြားဆုံးဖြစ်

 

၁၄လတိတိ လေ့လာမှုတစ်ခုအရ အမေရိကန်နိုင်ငံသား ၂၄၄၄ ယောက်မှ ၎င်းတို့ Mobile Phone တွေကို အသုံးချရာတွင် ၆၄ ရာခိုင်နှုန်းသောလူတွေဟာ ဖုန်း application ကို တစ်နေ့လျှင် ၄ နာရီခန့်မျှ အသုံးပြုပြီး ၅ နာရီကို စာဖတ်ခြင်းဖြင့်ကုန်ဆုံးတယ်လို့သိရပါတယ်။

Hearts & Science မှ အရာရှိဖြစ်သူ Renee Cassard က ယနေ့ခေတ်မှာ Mobile ဖုန်းများနဲ့ Digital နည်းပညာကို လူတိုင်းနီးပါး အသုံးပြုကြတယ် အကယ်၍ သင်ကသာ Digital Marketing ကိုကောင်းမွန်စွာ လုပ်ကိုင်နိုင်မယ်ဆိုရင် သင့်အနေနဲ့ သူများတွေထက် ပိုပီး အောင်မြင်မယ် လို့ ပြောကြားခဲ့ပါတယ်။

 

ကြော်ငြာပိုင်းဆိုင်ရာနယ်ပယ်နဲ့ပတ်သက်လို့ ၎င်းတို့ထိတ်လန့်ကြောက်ရွံ့နေတဲ့အရာမှာ အထင်ကရ နေရာပိုင်းဆိုင်ရာ ကိုယ်ပိုင်ဥပဒေ ဖြင့် ငြိမှာဆိုးပြီး ၎င်းတို့ ပစ်မှတ်ထားထားသော သူများထံသို့ မရောက်မှာ ပဲစိုးရိမ်နေကြတာဖြစ်ပါတယ်။

အကယ်၍ လူတွေကသာ Mobile ဖုန်း အသုံးမပြုတော့ဘူးဆိုရင် Digital Marketing နည်းပညာတွေကလည်း အသုံးဝင်တော့မှာ မဟုတ်ပါဘူး

ထိုကိစ္စအကုန်လုံး ကို ချုံငုံ သုံးသပ်ကြည့်မယ်ဆိုရင် ယခင်သမားရိုးကျ ကြော်ငြာနည်းလမ်းတွေကို Digital Advertising ဆိုတဲ့ နည်းပညာပိုင်းဆိုင်ရာကြော်ငြာတွေက အဆိပ်အတောက်ကို ဖြစ်စေပါတယ်

 

 

<<<zawgyi>>>

 


=====================================




 


 


 

Messenger marketing ၏ အသုံးဝင်သည့်အချက်များ

 


 




 


 

Myanmar Advertising Directory

Read times
Rate this item
(0 votes)