-->
×

Warning

JUser: :_load: Unable to load user with ID: 29


Influencer တစ်ယောက်မှာ တွေ့ရတဲ့ ထူးခြားချက် (၅) မျိုး

လူအများပေါ် ဩဇာလွှမ်းမိုးသူတွေကို လူမှုကွန်ရက်ခေတ်မှာ Influencer လို့ ခေါ်နေကြပါတယ်။ တကယ်တော့ လူမှုကွန်ရက်မသုံးဘဲနဲ့လည်း Influencer လို့ ဆိုနိုင်သူတွေ ရှိပါတယ်။

 

ဒီလူတွေဟာ နယ်ပယ်နဲ့ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ဩဇာဟာ လူပေါင်းများစွာပေါ် သက်ရောက်မှုရှိပါတယ်။ တကယ်တော့ Influencer တစ်ယောက်ဟာ သာမန်လူတွေထက် ပိုပြီး စည်းစနစ်ကျတဲ့ အရည်အသွေးတစ်ချို့ကို မွေးယူထားသူ ဖြစ်ပါတယ်။

 

(၁) ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရပ်တည်တယ်

သူတို့ဟာ အချက်အလက်တွေပေါ် မူတည်ပြီး ကိုယ့်ရဲ့ အမြင်ကို ဂရုတစိုက် တည်ဆောက်ပါတယ်။ တစ်ခြားသူတွေရဲ့ အတွေးအမြင်တွေ လွှမ်းမိုးခံတာမျိုး မဟုတ်ပါဘူး။ သူတို့သိတဲ့ အရာတွေကိုပဲ သူတို့ လက်ကိုင်ပြုတာ ဖြစ်ပါတယ်။

 

(၂) စိန်ခေါ်မှုတွေနဲ့ နေထိုင်တယ်

ဩဇာလွှမ်းမိုးမှု ရှိသူတွေဟာ စိန်ခေါ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ What IF နဲ့ Why NOT ဆိုတဲ့ မေးခွန်း ၂ ခုကို ဆက်တိုက်မေးခွန်းထုတ်နေသူတွေပါ။

 

(၃) စကားပြောကောင်းတယ်

Influencer တစ်ယောက် စကားတက်ပြောရင် လူတွေအားလုံးဟာ စိတ်အားထက်သန်နိုးကြားလာကြပါတယ်။ သူ့စကားကို ကြားတိုင်း လူတွေဟာ အတွေးအမြင်သစ်တွေ ပွင့်လန်းလာသလို မတူကွဲပြားတဲ့ စိတ်ကူးနဲ့ လုပ်ရပ်သစ်တွေပါ လုပ်ဆောင်လာကြပါတယ်။

 

(၄) လူမှုဆက်ဆံရေး ချဲ့ထွင်တယ်

ဩဇာလွှမ်းမိုးမှု ရှိတဲ့လူတွေဟာ သူတို့ရဲ့ အသိုင်းအဝိုင်းကို ကြီးအောင် ခိုင်အောင် အမြဲကြိုးစားကြပါတယ်။ သူတို့ရဲ့ Network ထဲမှာ ရှိတဲ့သူတွေကို အကြံဉာဏ်တွေ မျှဝေတယ် ၊ လုပ်နည်း လုပ်ဟန်တွေကို ပံ့ပိုးပေးတယ်။ လူတွေအချင်းချင်း အကြား သိရှိသင့်တာတွေကို ချိတ်ဆက်ပေးခြင်းအားဖြင့် သူ့ရဲ့ နေရာကို တည်ဆောက်တာပါ။

 

(၅) အရေးပါတဲ့အရာတွေပေါ်ပဲ အာရုံစိုက်တယ်

 အရေးမပါတဲ့ အရာတွေပေါ် အချိန်ကုန်မခံဘူး။ သဘောထား မတိုက်ဆိုင်မှုကို ကြိုဆိုပေမယ့် တကယ့်အနှစ်သာရက ဘာလဲ ၊ ပြဿနာရဲ့ အရင်းအမြစ်က ဘယ်လိုပုံစံလဲဆိုတာ သိရဖို့ စိတ်ကို စူးစိုက်ထားပါတယ်။ ပြဿနာတစ်ခုခု ကြုံတိုင်း သူတို့ဟာ စိတ်လိုက်မာန်ပါ တန်ပြန်တာထက် အစီအစဉ်တကျ တုန့်ပြန်တတ်တဲ့ အကျင့်ရှိပြီး ဒီအကျင့်ကပဲ သူတို့ကို လူတွေ လေးစား အားကိုးလာစေတာ ဖြစ်ပါတယ်။

 

Kwee

Read times
Rate this item
(0 votes)