-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာပြည်မှာ လုပ်ကိုင်သင့်တဲ့ လုပ်ငန်း (၁၀)ခု

မြန်မာပြည်မှာ လုပ်ကိုင်သင့်တဲ့ လုပ်ငန်း (၁၀)ခု google.com

အခုမှ စတင်ပြီး ဘာစီးပွားရေး လုပ်ရင် ကောင်းမလဲ စဉ်းစားနေသူတွေအတွက် အကြံကောင်းတခု ဖြစ်စေဖို့ ရည်ရွှယ်ပါတယ်ကိုယ်တိုင်လည်း လုပ်ချင်မိတဲ့ လုပ်ငန်းတွေပါ။

အနိမ့်ဆုံး ကျပ်(၅)သိန်းလောက်ကနေ

စတင်နိင်ပါတယ်။ အများနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တာမို့ စားသုံးသူ နည်းမှာလည်း မပူရပါ။ သို့သော် ကိုယ့်ဖက်က ကောင်းမွန်နေဖို့ လိုပါတယ်။

ချက်ချင်းအောင်မြင်ရမယ် မဟုက်ပေမယ့် ကြိုးစားရင် ကြိုးစားသလောက် အကျိုးအမြတ်ရနိင်တဲ့ လုပ်ငန်းတွေပါ။

1.Importation and Exportation

ပို့ကုန် သွင်းကုန် လုပ်ငန်းတွေက မြန်မာပြည်တွက် သိပ်မစိမ်းလှပါဘူး။ လုပ်နေကျ လုပ်နေမြဲ လုပ်ငန်းတွေပါ။

ဒါကြောင့် အခုမှ လုပ်ငန်း စတင်မယ့်သူတွေအနေနဲ ယဉ်ပြိုင်နိင်ဖို့ မလွယ်ဖူး ယူဆမိကြမှာပါ။ သို့သော် လက်ရှိ မြန်မာပို့ကုန် အများစုဟာ ကုန်ကြမ်းတွေပါ။

ကုန်ချောအနေနဲ ပို့နိင်မူ အားနည်းချိန်မှာ ဝင်သင့်ပါတယ်။ သွင်းကုန်းအများစုဟာလည်း အခြေခံအဆောက်အဦးတွက် ရည်ရွယ်တာတွေပါ။

လိုအပ်ချက်များနေတဲ့ နိင်ငံဖြစ်တဲ့ အပြင် လိုတာ အကုန် နိင်ငံခြားတင်သွင်းနေရတာမို့ တနိင်တပိုင်တောင် လုပ်သင့်ပါတယ်။

2.processed and Packaged foods

အစားအသောက်တွေကို ထုပ်ပိုးပြင်ဆင် ရောင်းချတဲ့ လုပ်ငန်းဟာလည်း အကောင်းဆုံး တစ်ခုပါ။

လူဆိုတာ အစာစားတဲ့ အမျိုးမို့ လှပသပ်ရပ်တဲ့ အစားအသောက်ကောင်းဆို သဘောကျ နှစ်ခြိုက်ကြပါတယ်။

လက်ရှိအချိန်ထိ လုပ်လို့ အကောင်းဆုံး လုပ်ငန်း ဖြစ်နေတလို သန့်ရှင်းသပ်ရပ်တဲ့ ဘယ်အစားအသောက်မဆို လူကြိုက်များပါတယ်။

3.Security Services

၂၀၁၁လောက်ကမှ စခဲ့တဲ့ လုပ်ငန်းဖြစ်မယ်။ မြန်မာပြည်မှာ ကုပ္မဏီတွေ လုပ်ငန်းတွေမှာ ညစောင့်နဲ Security မှားနေကြတာ များတယ်။
တကယ်လို့ သင်သာ ရဲ စစ်တပ်က ထွက်တဲ့သူဆို ကုမ္ဗဏီတစ်ခု ထောင်ပြီး ကိုယ်ရံတော်လို လုံခြုံရေး လုပ်ငန်း လုပ်သင့်တယ်။ တရုတ်မှာတော့ အတော်ခေတ်စားတာဗျ။

4.Real Estate

မြန်မာပြည်မှာ ငွေရပေါက်အကောင်းဆုံးက အိမ်ခြံမြေလုပ်ငန်းပါ။ အနှိမ့်ဆုံး ပွဲစားလုပ်အုန်း။အဌားဆို အိမ်လခ တလစာ ရမယ်။ အရောင်းဆို 5% ရမယ်။

စကားပြောရုံနဲ ပိုက်ဆံရမယ့် အလုပ်မျိုး။ အိမ်ရှေ့ဆိုင်းဘုက်လေးတင် ဖုန်းနှစ်လုံးလောက် ရှိရင်ကို အလုပ်ဖြစ်နေပြီ။

5.Transportation Services

သယ်ယူပို့ဆောင်ရေး လုပ်ငန်းကတော့ မြန်မာနိင်ငံအတွက် မရှိမဖြစ်ပါပဲ။ အစီုးရက ပို့ကုန် သုံးဆိုတော့ ပိုပြီး အရေးပါလာမှာပဲ။

ခရီးသည်ပို့ဆောင်ရေးတွေလည်း အလွန်အလုပ်ဖြစ်တယ်။ သူတို့ မေးရင်တော့ မမြတ်ဖူး ပြောမယ်။ပြီးရင် အသစ်တွေ တစ်စီးပြီး တစ်စီး ဝယ်တိုးချဲ့ကြတာ။

ပို့ဆောင်ရေးလောကမှာ မမြတ်ဖူးဆိုတာ နည်းပါတယ်။ အခုဆို နယ်စပ်ကုန်သွယ်ရေးက အားကောင်းတာမို့ ကုန်စည်ပို့ဆောင်ရေး ကားတွေ ထောင်ပြီး လုပ်မယ်ဆို အလုပ်ဖြစ်ပါတယ်။

6.Fast food/supermarket Franchise

အမြန်လုပ်အစားအစာလုပ်ငန်းတွေက ငွေဝင်ကောင်းတဲ့ လုပ်ငန်းတွေပါ။ ကနဦး အစားအသောက်သင်တန်းတွေ တက်ပြီး နှစ်သက်ရာက လမ်းဘေးကနေ စလို့ ရပါတယ်။

ရန်ကုန်လိုမြို့ပြမှာ သင်ဘာရောင်းရောင်း စားမယ့် သူတွေ တပုံကြီးပါ။ သန့်ရှင်းလတ်ဆတ်မယ်။ အပြုံးချိုမယ် ပြီးတော့ FB ပေါ်တင်တတ်ရင် ကြော်ငြာခတောင်မကုန်ပဲ အဆင်ပြေတဲ့ လုပ်ငန်းပါ။

7.Cloth Making

အထည်ချူပ်ဆိုတာမျိုး ကို တပိုင်တနိင် လုပ်လို့ ရပါတယ်။ မြန်မာနိင်ငံက အလှုပေါတဲ့ နေရာ ။ မရိုးရအောင် ချူပ်ရပါလိမ့်မယ်။ တစ်ယောက်ထဲ လုပ်မယ်ဆိုရင် နေစရိတ်စားစရိတ် ဖူလုံတယ်။

ဝန်ထမ်းလေးငါးယောက်နဲ လုပ်မယ်ဆို တလတလ ဝင်ငွေ မဆိုးပါ။ အသိတစ်ယောက် လုပ်နေတာ ကောင်းပါတယ်။

8.Educational Consultancy services

ဘယ်တော့မှ မကုန်ဆုံးနိင်မယ့် ဝင်ငွေ ရလမ်းကြောင်းကြီးပါ။ နိင်ငံခြားမှာ ကျောင်းတက်ချင်သူတွေ တပုံကြီး။ သူတို့အတွက် လမ်းညွန်လုပ်ငန်းဟာလည်း အတော်ကို ဝင်ငွေကောင်းတဲ့ လုပ်ငန်းပါ။

အများစုက နိင်ငံခြားမှာ ကျောင်းတက်ချင်ကြတာ။ အင်တာနက် ခေါက်ရမှာတော့ ပျင်းကြတယ်။ အဲ ပြည်တွင်းကျောင်းတွေကို အဲလို ဝန်ဆောင်မူပေးတာ မရှိသေးဖူး။ လုပ်ကြည့်သင့်တယ်။

9.Travel Consultancy

ခရီးသွားလုပ်ငန်းကတော့ တကယ့် ဇိမ်လုပ်ငန်းလို့ ပြောရင် မယုံမရှိပါနဲ။ ခရီးသွားတွေ သုံးတဲ့ ငွေ ထက်ဝက်နီးပါး ကိုယ်လက်ထဲ ရောက်တယ်။ မြန်မာနိင်ငံမှာ လုပ်ငန်း ၂၀၀ကျော် ရှိပါတယ်။

မနှစ်က ၄ သန်းလောက် လာတာကို မနိင်ပါဖူး။ ဒီနှစ် ထပ်တိုးမယ် မှန်းထားတော့ ကဲ အချိန်မဆွဲပဲ ဝင်ပါ။ ကုပ္မဏီ ထောင်ခက ငါးသိန်းပဲ ကျတာပါ။

10.Survey and Data Collection

အခုမှ အတော်ခေတ်စားလာတဲ့ လုပ်ငန်းပါ။ နည်းပါသေးတယ်။ မြန်မာနိင်ငံဟာ ဒေတာအချက်အလတ် နည်းတဲ့ နိင်ငံမို့ ဒီလိုလုပ်ငန်းဟာလည်း အောင်မြင်နိင်တဲ အမျိုးအစားပါ။

နိင်ငံတကာ ကုမ္ဗဏီတွေဟာ လာပြီးရင်းနှီးမြုပ်နှံရင် ဒေတာအချက်အလတ်တွေ လိုပါတယ်။ ဒီလို လိုအပ်ချက်ကို ဖြည့်ပေးဖို့ အကောင်းဆုံးပါ။ ဦးနှောက်စားပေမယ့် ဒေါ်လာရမယ့် လုပ်ငန်းဗျ။
NGO အတော်များများမှာ ဒါတွေရှိပေမယ့် စီးပွားရေးအတွက် ဒေတာအချက်အလက်ရှာပေးတဲ့ လုပ်ငန်းတွေ လက်ဆယ်ချောင်းတောင် မပြည့်သေးဖူး။

Read-စီးပွားရေးလုပ်တော့မယ်သူတွေအတွက် မေ့မထားသင့်တဲ့ အချက်(၃)ချက်

Credit; Salai htun htun ( စီးပွားရှင် )

 

Read times
Rate this item
(2 votes)