-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကုန်ပစ္စည်းလူသိများလာအောင် ပွဲအခမ်းအနားတွေလုပ်ပြီးကြော်ငြာမယ်ဆိုရင်

သင့်ကုန်ပစ္စည်းလူသိများလာအောင် ပွဲအခမ်းအနားတွေလုပ်ပြီးကြော်ငြာမယ်ဆိုရင် Google


မိမိရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို လူတွေပိုမိုသိရှိလာအောင် လုပ်ဆောင်တဲ့နေရာမှာ ပွဲအခမ်းအနားတွေကျင်းပပြီး ကြော်ငြာတာမျိုး၊ Promotion တွေပေးပြီးကြော်ငြာတာမျိုးတွေပြုလုပ်ကြပါတယ်။

ဒီလိုနည်းလမ်းနဲ့ မိမိရဲ့ကုန်ပစ္စည်းကို လူသိများအောင်လုပ်ဆောင်ဖို့အတွက် ပွဲအခမ်းအနားတွေပြုလုပ်မယ်ဆိုရင် လိုအပ်မယ့်အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ပွဲတစ်ခုလုံးကို ခြုံငုံဖော်ပြနိုင်မယ့်ဆောင်ပုဒ်တစ်ခု။

ပရိတ်သတ်တွေ သေချာအာရုံစိုက်စရာမလိုဘဲ သင့်ကုန်ပစ္စည်းကို နားလည်လွယ်၊ မှတ်မိလွယ်မယ့် ဆောင်ပုဒ်တစ်ခုရှိသင့်ပါတယ်။ သင့်လုပ်ငန်းကြော်ငြာပွဲနဲ့ပတ်သက်တဲ့ marketing, promotion လက်ကမ်းစာစောင်၊ သတင်းစာကြော်ငြာ၊ အွန်လိုင်း Social Media Marketing နေရာတိုင်းမှာ တူညီတဲ့ဆောင်ပုဒ်ကိုသာ အသုံးပြုသင့်ပါတယ်။

၂။ ပရိတ်သတ်ကို သိအောင်လုပ်ပါ။

သင့်လုပ်ငန်းကြော်ငြာအတွက်ကျင်းပတဲ့ပွဲကို ပရိတ်သတ်တွေသိအောင်လုပ်ဆောင်သင့်ပါတယ်။ ပရိတ်သတ်တွေသိပြီဆိုရင် အလုပ်တစ်ဝက်ပြီးမြောက်သလိုပါပဲ။ ပွဲရဲ့အဓိကရည်ရွယ်ချက်က ဘာလဲ၊ ဘယ်သူတွေ တက်ရောက်စေလိုသလဲ၊ သူတို့ဘာတွေလိုအပ်မလဲ၊ လိုချင်မလဲ စသဖြင့် အချက်အလက်တွေရှိရင် မိမိကျင်းပတဲ့ပွဲကို ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ပွဲဘယ်လိုကောင်းအောင် စီစဉ်၊ စီစဉ် မှန်ကန်တဲ့ ပရိတ်သတ်များ မရောက်ရှိလာနိုင်ရင် အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။

Read More>>> ထိရောက်ဆန်းသစ်တဲ့ လက်ကမ်းကြော်ငြာတစ်စောင်ဘယ်လိုဖန်တီးမလဲ

၃။ လူအများကိုစွဲဆောင်နိုင်တဲ့ ရုပ်ပုံများအသုံးပြုခြင်း။

ပွဲကြော်ငြာတဲ့အခါ လူအများစိတ်ဝင်စားမယ့် ရုပ်ပုံများအသုံးပြုခြင်းဟာ အလွန်အရေးကြီးပါတယ်။ နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်ရာ ပုံတစ်ပုံ ဆိုသလိုပါပဲ စိတ်ဝင်စားမှု မြင့်တက်စေမယ့် ရုပ်ပုံများကို အသုံးပြုသင့်ပါတယ်။ ရုပ်ပုံများကိုလည်း ကျွမ်းကျင်တဲ့ graphics designers များကို ရေးဆွဲစေသင့်ပါတယ်။ ပွဲနမူနာ ဗီဒီယိုများ အသုံးပြုပြီးတော့လည်း ပရိတ်သတ်များကို စွဲဆောင်နိုင်ပါတယ်။

၎။ Feedback တောင်းပါ

ပွဲကြီးပြီးသွားတဲ့အခါ Ground မှာ ရခဲ့တဲ့ Survey အပြင်ပွဲအကြောင်း အွန်လိုင်းပေါ် ပြန်တင်ပြီးတော့ Feedback လေးတွေလည်း ပြန်တောင်းသင့်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ Customer တွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ကိုယ့်လုပ်ငန်းအကြောင်း တင်ပြနိုင်ရုံသာမက Customer တွေရဲ့ အသံတွေကို ပြန်ကြားနိုင်ပါလိမ့်မယ်။

ကိုယ်စီစဉ်လိုက်တဲ့လုပ်ငန်းကြော်ငြာပွဲအခမ်းအနားဟာ အစီအစဉ်တကျနဲ့ Customer တွေရဲ့ Expectation နဲ့လည်း ကိုက်ညီမယ်ဆိုရင် ကိုယ့်ရဲ့ Brand Image ဟာ အတိုင်းအတာတစ်ခုအထိ လူပိုသိလာမှာဖြစ်သလို ကိုယ့်ရဲ့ Customer တွေရဲ့ ယုံကြည်မှုကိုလည်း ပိုရလာနိုင်ရုံသာမက Non user တွေကိုလည်း အတိုင်းအတာတစ်ခုအထိ ဆွဲဆောင်လာနိုင်ပါလိမ့်မယ်။

Source; Myanmar Event Hub

 

Read times
Rate this item
(1 Vote)