-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်သော စီးပွားရေးလုပ်ငန်းစတင်ရန်

အောင်မြင်သော စီးပွားရေးလုပ်ငန်းစတင်ရန် Google

သင်ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင် တော့မည်ဆိုလျှင် သင့်ပတ်ဝန်းကျင် သင့်အသိုင်းအဝိုင်းထံမှ များပြားလှသော အကြံပေးချက်များကြားရပါလိမ့်မယ်။

ထို့ပြင် စာအုပ်တွေ၊ ဆောင်းပါးတွေ မှတစ်ဆင့်လည်း အကြံဉာဏ်ပေးချက် တွေကိုတွေ့ရပါလိမ့်မယ်။ အမှန်အတိုင်းပြောရရင်တော့ ထိုသို့ အကြံဉာဏ်ပေးတဲ့သူတွေဟာ များသောအားဖြင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ကောင်းကောင်းမွန်မွန် လည်ပတ်ဖို့တစ်ခါမှ မလုပ်ဖူးသူတွေဖြစ် ပါတယ်။

များပြားလှသော အကြံပြုချက်များကြားမှာ သင့်အတွေးများ စတင်ရှုပ်ထွေးပြီး အမှားများပြုလုပ်မိနိုင်ပါတယ်။ တကယ်ဆိုရင်တော့ အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ဖို့ရိုးရှင်းလှပါတယ်။
ဒါပေမယ့် အောက်ပါအခြေခံအချက်များကိုတော့ သင်သိထားဖို့လိုပါလိမ့်မယ်။


၁။ အသေးစိတ်အစီအစဉ်ဖြင့်စတင်ပါ

Plan မရှိတဲ့ Business တစ်ခုဟာ ကျရှုံးဖို့ ရာခိုင်နှုန်းများပါတယ်။ အဲဒီအတွက်ကြောင့် သင်ဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်တည်ထောင်တော့မယ် ဆိုရင်တော့ Business Plan တစ်ခုကို ဆွဲထားဖို့လိုပါလိမ့်မယ်။ Vision, Mission, Objective တွေကို သေချာချမှတ်ပြီး ဈေးကွက်အတွင်းမှ သင့်လုပ်ငန်းအတွက် အခွင့်အလမ်းများကို ထုတ်ဖော်သတ်မှတ်တတ်ရပါမယ်။ ထို့ပြင် သင့်လုပ်ငန်း၏အောင်မြင်မှုများကို တိုင်းတာရန်အတွက် measurable goals များကို ချမှတ်ထားပြီး Project Deadline များကိုလည်း ချမှတ်ထားရန် လိုပါလိမ့်မယ်။ ကြိုတင်ပြင်ဆင်သူဟာ တိုက်ပွဲတစ်ဝက် အောင်မြင်ပြီးသူဟူသော စကားနှင့်အညီ ကိုယ်ပိုင်လုပ်ငန်းအတွက် အသေးစိတ်အစီအစဉ် ဆွဲထားတဲ့ သူဟာလည်း စီးပွားရေးကို တစ်ဝက်အောင်မြင်ပြီးသူ တစ်ယောက် ဟုယူဆ၍ ရပါတယ်။


၂။ စီးပွားရေးကွန်ယက်ချဲ့ထွင်ပါ

စီးပွားရေးတစ်ခုမှာ Professional Networking ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ စီးပွားရေးတစ်ခုဟာ ကိုယ့်ကုမ္ပဏီ အတွင်းချည်းပဲ ကောင်းနေလို့မရပါဘူး။ လုပ်ငန်း တ်ဝန်းကျင်တွင်ရှိသော stakeholders များ၊ Customers များ၊ Suppliers များနှင့်ခိုင်မာတဲ့ Relationship တစ်ခုကို တည် ဆောက်ထားဖို့လိုပါမယ်။ ထိုသို့တည်ဆောက်ခြင်းအားဖြင့် သင်၏ ကုမ္ပဏီကိုတိုးတက်ရန် အထောက်အကူပေး ရုံသာမက လုပ်ငန်းအောင်မြင်မှုကိုပါ ကြာရှည်တည်တံ့စေရန် အထောက်အကူ ပေးပါလိမ့်မယ်။

ဒီဂျစ်တယ်စီးပွားရေး ကမ္ဘာသစ်ဆီသို့
၃။ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပါ

ကုမ္ပဏီတစ်ခုမှာ အရေးအကြီးဆုံးက Customer မဟုတ်ပါဘူး။ အဓိကအရေး အကြီးဆုံးက Employee ဖြစ်ပါတယ်။ ထိုကိစ္စရပ်က ရိုးရှင်းပါတယ်။ လုပ်ငန်းတစ်ခုမှာ ၀န်ထမ်းကောင်း ရှိဘဲ ဘာမှလုပ်လို့ မရပါဘူး။ ၀န်ထမ်းများအလုပ်အတွင်း စိတ်ချမ်းသာပျော်ရွင်မှ စွမ်းဆောင်ရည်များ မြှင့်တင်နိုင်ပြီး ၀ယ်သူ Customer များလည်း စိတ်ချမ်းသာရမှာ ဖြစ်ပါတယ်။ ထို့ပြင် လိုအပ်သလို ၀န်ထမ်းများကို Capacity Building လုပ်ပေးခြင်း၊ Trainee ပေးခြင်း၊ Happy Hours ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်း အားဖြင့် ၀န်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သလို ပျော်ရွှင်အောင်မြင်သော လုပ်ငန်းတစ်ခုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။


၎။ ဈေးကွက်ရေစီးကြောင်းများကို လေ့လာပါ

ကိုယ်ပိုင်စီးပွားရေး လုပ်ပြီဆိုတာနှင့် တစ်ပြိုင်နက် မိမိလုပ်ငန်းအတွင်း တစ်နေ့တာ ဖြစ်ပျက်နေတာများကိုပဲ ကြည့်နေလို့ မရပါဘူး။ ကိုယ်ပိုင်လုပ်ငန်း ရှင်များအနေနဲ့ ဈေးကွက်အတွင်း ဖြစ်ပေါ်ပြောင်းလဲနေသေ ရေစီးကြောင်းများကို အမြဲတစေဂရုစိုက် လေ့လာရပါမယ်။ ထိုသို့ လေ့လာခြင်းအားဖြင့် မိမိစီးပွား ရေးကို ထိခိုက်စေသော အပြောင်းအလဲများကို ကြိုတင်ဖယ်ရှားပြီး အမြတ်အစွန်း ပိုမိုကျန်စေနိုင်မည့် ဈေးကွက် အပြောင်းအလဲများကိုလည်း အချိန်နှင့် တပြေးညီနားလည် သဘောပေါက်ကာ ဖမ်းယူဆုပ်ကိုင်နိုင်မည် ဖြစ်ပါတယ်။


Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)