-->
×

Warning

JUser: :_load: Unable to load user with ID: 29


တောင်ကိုရီးယား အကြီးမားဆုံးနို့ထွက်ပစ္စည်းbrand ကြော်ငြာအမှားအတွက် ဝန်ချတောင်းပန်

တောင်ကိုရီးယား အကြီးမားဆုံးနို့ထွက်ပစ္စည်းbrand ကြော်ငြာအမှားအတွက် ဝန်ချတောင်းပန်

အမျိုးသမီးတွေကို နွားမတွေလို သရုပ်ဖော်ထားတဲ့ ကြော်ငြာတစ်ခုအတွက် တောင်ကိုရီးယားရဲ့ အကြီးမားဆုံး နို့ထွက်ပစ္စည်းအမှတ်တံဆိပ်က ဝန်ချတောင်းပန်ခဲ့ရပါတယ်။

Seoul Milk ၏ ဗီဒီယိုတွင် လယ်ကွင်းထဲတွင် အမျိုးသမီးတစ်စုကို အမျိုးသားတစ်ဦးက ဗီဒီယိုချောင်းရိုက်ခဲ့ပြီး အမျိုးသမီးတွေ နွာမးများအဖြစ် ပြောင်းလဲသွားပုံကို ပြသထားပါတယ်။

ဗီဒီယိုကို အောက်မှာ ဖော်ပြပေးထားပါတယ်။

လူအများတို့ရဲ့ ပြစ်တင်ဝေဖန် တုံ့ပြန်မှုကို ရင်ဆိုင်ရပြီးနောက် ကုမ္ပဏီက YouTube မှ ပရိုမိုးရှင်းဗီဒီယိုကို ဖယ်ရှားခဲ့သော်လည်း အင်တာနက်အသုံးပြုသူများ ဒေါင်းယူထားပြီး အင်တာနက်မှာ ပြန်တင်ပြီး ဝေဖန်ကြတဲ့အတွက် ပျံ့နှံ့သွားပါတယ်။

သူတစ်ပါး မသိအောင် ခိုးကြောင်ခိုးှက် ဗီဒီယိုချောင်းရိုက်တဲ့အကျင့်ဆိုးကို တင်ပြထားတာအတွက်လည်း အကြီးအကျယ် ဝေဖန်ခံရပါတယ်။ စပိုင်ကင်မရာ ပြစ်မှု spy cam crime မြောက်တဲ့လုပ်ရပ် ဖြစ်ပါတယ်။

Molka လို့ ပြောဆိုသုံးနှုန်းတဲ့ ဝေါဟာရက လျှို့ဝှက်ကင်မရာကို ဆိုလိုပြီး တောင်ကိုရီးယားမှာ အထူးသဖြင့် အမျိုးသမီးများအတွက် ပြဿနာဖြစ်နေပါတယ်။

"ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က ပြသခဲ့တဲ့ နွားနို့ကြော်ငြာကြောင့် စိတ်မသက်မသာခံစားရတဲ့သူတိုင်းကို ကျွန်ုပ်တို့ စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်" လို့ Seoul Dairy Cooperative ရဲ့ မိခင်ကုမ္ပဏီ Seoul Dairy Cooperative က အွန်လိုင်းပေါ်တွင် တင်ထားသည့် စာတွင် တောင်းပန်ပြောကြားထားပါတယ်။


"ကျွန်ုပ်တို့သည် ဤကိစ္စကို အလေးအနက်ထား လက်ခံစဉ်းစားမှာ ဖြစ်ပါတယ်။ ဌာနတွင်း ပြန်လည်သုံးသပ်မှုကို လုပ်ဆောင်ပြီး နောင်တွင် အလားတူ ဖြစ်ရပ်များ မဖြစ်ပွားစေရန် အထူးဂရုပြုဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့ ဦးညွှတ်၍ အနူးအညွှတ်တောင်းပန်အပ်ပါသည်" လို့ ပြောကြားထားပါတယ်။

အခုအမှားက Seoul Milk ရဲ့ ဒုတိယအကြိမ်မြောက် အမှားအယွင်းကြော်ငြာ ဖြစ်ပါတယ်။ ယခင်အမှားအယွင်းကြော်ငြာမှာ အဝတ်အစားမပါတဲ့ မော်ဒယ်တွေ ဒိန်ချဉ် ဖြန်းပက်တာကို ပြသပါတယ်။ ကြော်ငြာမှာ ပါဝင်တဲ့ မော်ဒယ်တွေ၊ ကြော်ငြာကို ဖန်တီးတဲ့ Seoul Milk ရဲ့ မားကက်တင်းဌာနမှူးတို့ကို မဖွယ်မရာပြသမှုဖြင့် ဒဏ်ရိုက်ခံရပါတယ်။

ဗီဒီယိုမှာ ကျေးလက်ဒေသတစ်လျှောက် လှည့်လည်သွားလာနေတဲ့ ကင်မရာတစ်လုံးနှင့် အမျိုးသားတစ်ဦးနှင့် စဖွင့်ထားပါတယ်။

"နောက်ဆုံးတော့ သူတို့ကို သန့်ရှင်းသန့်ပြန့်တဲ့ နေရာမှာ ကင်မရာနဲ့ အမိဖမ်းနိုင်ခဲ့တယ်" ဟု အမျိုးသား တစ်ဦး နောက်ခံအသံက ပြောဆိုပါတယ်။

အဲဒီနောက်မှာတော့ ချုံပုတ်ထဲမှာ ပုန်းလျှိုးကွယ်လျှိုးဖြင့် အမျိုးသားက စမ်းချောင်းကနေ ရေသောက်ပြီး ယောဂကျင့်တဲ့ အမျိုးသမီးတစ်စုကို ခိုးကြောင်းခိုးဝှက်ဖြင့် ဗီဒီယို ချောင်းရိုက်ပါတယ်။

အမျိုးသားက သစ်ကိုင်းတစ်ကိုင်းကို မတော်တဆ နင်းမိတဲ့အခါ အမျိုးသမီးတွေ အထိတ်တလန့် ဖြစ်ကုန်ကြပြီး ရုတ်တရက် နွားမတွေ ဖြစ်သွားကြပါတယ်။

"ရေသန့်၊ အော်ဂဲနစ်အစာ၊ ၁၀၀% သန့်စင်သော Seoul Milk။ Cheongyang ၏ သာယာသောသဘာဝရှိ အော်ဂဲနစ်မွေးမြူရေးခြံမှ အော်ဂဲနစ်နို့" ဟူသော စကားလုံးဖြင့် ကြော်ငြာကို အဆုံးသတ်ထားပါတယ်။

Read times
Rate this item
(0 votes)