-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပန်းချီနှင့် ပန်းယွန်း အထိမ်းအမှတ် ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် (၂)မျိုး ရောင်းချပေးမည်

မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊
မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းချီနှင့် ပန်းယွန်း အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နတ်တော်လဆန်း (၄)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
 
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဒီဇင်ဘာ (၁၈)ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
 
Image may contain: text that says 'ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် THE REPUBLIC OF THE UNION OF MYANMAR 2 0 K 200 ပန်းချီ ၂၀၀ ကျပ် အလျား 30 mm အနံ 42 mm K200'
 
No photo description available.
 
MDN
 
Myanmar Advertising Guide
Read times
Rate this item
(0 votes)