ယနေ့ခေတ်မှာ လုပ်ငန်းမျိုးစုံကို စတင်လုပ်ဆောင်သူတွေက များစွာရှိပါတယ်။
ဒါပေမဲ့ အောင်မြင်တဲ့သူတွေက နည်းလှပါတယ်။ အခု သူတို့ ဘယ်လိုအချက်တွေကြောင့် အောင်မြင်နေတယ်ဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။
၁။ အလုပ်အတွက် အချိန်ကောင်းကိုရွေးချယ် တက်ရပါမယ်
သင်ဟာ လုပ်ငန်းတစ်ခုကို စလုပ်မယ်ဆိုရင် အချိန်အခါကောင်းကို စောင့်ပြီး လုပ်ကိုင်သင့်ပါတယ်။ သင့်လုပ်ငန်း တည်ထောင်ဖို့အတွက် အပြိုင်အဆိုင်များနေလား ဆိုတာ သတိပြုသင့်ပါတယ်။ အဲ့ဒါကိုကြည့်ပြီး သိပ်ပြီး မြန်မြန်ဆန်ဆန် မလှုပ်ရှားသင့်ပါဘူး။ မိမိ ရောက်နေတဲ့ နေရာမှာပဲမပျော်မွေ့ပဲ ထပ်ထပ်ပြီး လုပ်ဆောင်သင့်ပါတယ်။
၂။ ကိုယ့်နည်းကိုယ့်ဟန် ရှိဖို့လိုပါတယ်
ယနေ့ခေတ် Startup သမားအများစုဟာ မိမိအလုပ်ကို သူများလို လိုက်လုပ်ချင်ကြပါတယ်။ ဒါဟာ အမှားတစ်ခုပါပဲ။ သင် အနေနဲ့ သူများနဲ့ တစ်မူထူးခြားတဲ့ အရည်သွေးနဲ့ ဆွဲဆောင်နိုင်မယ်ဆိုရင် တိုးတက်လာမှာ ဖြစ်ပါတယ်။ ယနေ့လို IT ခေတ်ကြီးထဲမှာ Customer တွေက ဆန်းဆန်းလေးတွေပဲ အသုံးပြုလာကြလို့ပါ။
၃။ လှုမှုဆက်ဆံရေးမှာ ကျွမ်းကျင်ပါးနပ်ရပါမယ်
လုပ်ငန်းအတွက် လူမှုဆက်ဆံရေးဟာ များစွာအထောက်အကူပြုပါတယ်။ သင့်ဝန်ထမ်းတွေအနေဖြင့် Customer Service ကိုကောင်းစွာ အသုံးချမယ်ဆိုရင် အမြဲတမ်း Customerရော၊ Customer အသစ်ရော ရရှိမှာ ပဲဖြစ်ပါတယ်။
၎။ ငွေကြေး အခြေနေကို ပြောင်းလဲနိုင်ရပါမယ်
လုပ်ငန်းတစ်ခုအတွက် ငွေကြေးအခြေနေဟာ အရေးပါဆုံးပါ။ သင့်အနေနဲ့ ပိုက်ဆံများများကို တစ်နေရာထဲမှာမမြှပ်နှံပဲ နေရာမျိုးစုံမှာ မြှပ်နှံသင့်ပါတယ်။
၅။ ခေတ်ရေစီးကြောင်းကို လိုက်နိုင်ရပါမယ်
လုပ်ငန်းရှင်တွေ အနေနဲ့ ခေတ်ရေစီးကြောင်း ကိုအမြဲ လိုက်ပါနေရပါမယ်။ ခေတ်ရေစီးကြောင်းနဲ့ လိုက်အောင် တီထွင်နိုင်ခြင်း၊ အရာရာကို လုပ်ဆောင်နိုင်တဲ့ အမြင်ရှိခြင်း၊ ခေတ်နဲ့အညီ လုပ်ဆောင်နိုင်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။
Startup လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ဆောင်တဲ့ အချက်လေးတွေကို ဖတ်ရှုပြီး သင့်လုပ်ငန်းကို အောင်မြင်အောင် ဖန်တီးလိုက်ပါ။
Source; Myanmar for Professionals