-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပြားေရးေတြ ဘာလို႔အရံႈးေပၚၾကရတာလဲ

စီးပြားေရးေတြ ဘာလို႔အရံႈးေပၚၾကရတာလဲ google.com

ရပ္ကြက္တစ္ခုမွာ ကုန္ပစၥည္းအေသးစားေလးေတြေရာင္းတဲ့ အိမ္ဆိုင္ေလးတစ္ဆိုင္ရွိတယ္။ အဲဒီရပ္ကြက္ တစ္ခုလံုးမွာ သူတစ္ေယာက္ပဲရွိတာ။ ရပ္ကြက္ထဲကလူေတြက ၀ယ္စရာရွိရင္ တစ္ခုတည္းေသာ ဒီဆိုင္ေလး ကေနပဲ၀ယ္ရတာဆိုေတာ့ ေရာင္းေကာင္းတယ္ေပါ့။ ေနာက္ေတာ့ အဲဒီရပ္ကြက္ထဲမွာ ၂၄နာရီဖြင့္တဲ့ convenience store ေတြလာဖြင့္တယ္။ ပထမ သံုးေလးလေလာက္မွာ အိမ္ဆိုင္ေလးရဲ႕ အျမတ္ေငြက်တယ္။ ဒုတိယသံုးေလးလေလာက္မွာ အရံႈးေပၚတဲ့လေတြ ေပၚေနတယ္။ တစ္ႏွစ္အၾကာမွာ အဲဒီအိမ္ဆိုင္ေလး ပိတ္လိုက္ရတယ္။

ကုန္ပစၥည္းခ်င္းအတူတူ ငါ့ပစၥည္းကို ဘာေၾကာင့္ ၀ယ္သင့္တာလဲဆိုတဲ့အေၾကာင္းျပခ်က္က ျပိဳင္ဆိုင္မႈစြမ္းရည္ (competitive advantage)။ ပိတ္လိုက္ရတဲ့အိမ္ဆိုင္ေလးရဲ႕ အေၾကာင္းကိုေျပာရင္ ေငြေၾကးအရင္းအႏွီးမရွိလို႔ လူအင္အားမရွိလို႔စသျဖင့္ အေၾကာင္းရင္းမ်ိဳးစံုေျပာႏုိင္တယ္။ ဒါေပမယ့္ ျခံဳေျပာလိုက္ရင္ တစ္ခုတည္းက ျပိဳင္ဆုိင္မႈစြမ္းရည္ဆံုးရံႈးသြားလို႔။

 ပထမသူေရာင္းေကာင္းေနတာက သူ႔ျပိဳင္ဆိုင္မႈစြမ္းရည္ကို တစ္ရပ္ကြက္လံုးမွာ တစ္ခုတည္းရွိတယ္ဆိုတဲ့ အခ်က္အေပၚမူတည္ျပီးတည္ေဆာက္ထားလို႔။ ျပိဳင္ဘက္ေတြေပၚလာတဲ့အခ်ိန္မွာ ဒီျပိဳင္ဆိုင္မႈစြမ္းရည္က အလကားျဖစ္သြားျပီ။ သံုးစားလို႔မရေတာ့ဘူး။ အဲဒီအခ်ိန္မွာ ဒီသေဘာကိုအျမန္သံုးသပ္မိျပီး ျပိဳင္ဆိုင္မႈစြမ္းရည္အသစ္တည္ေဆာက္မယ္ဆိုရင္ ဆက္လက္ယွဥ္ျပိဳင္ႏိုင္မယ္။ မဟုတ္ရင္ေတာ့ ေစ်းကြက္ထဲကေန ထြက္ခြာရလိမ့္မယ္။

For Your Job-click here

သီတင္းကၽြတ္အခ်ိန္မွာ သတိထားမိတဲ့အခ်က္က ျပည္တြင္းျဖစ္မီးပံုးေတြ၊ ကေလးကစားစရာေတြ မျမင္ရသေလာက္ျဖစ္သြားျပီး တရုတ္လုပ္မီးပံုးေတြ ကစားစရာေတြက အစားထိုး၀င္လာတယ္ဆိုတာပဲ။ ေခတ္နဲ႔မညီေတာ့လို႔ နည္းပညာမရွိလို႔ ဘာညာေျပာလို႔ရေပမယ့္ တကယ္တမ္းက ျပိဳင္ဆိုင္မႈစြမ္းရည္ ေပ်ာက္ဆံုးသြားလို႔ပဲ။ စ်းႏႈန္းအားျဖင့္ေရာ အရည္အေသြးအားျဖင့္ေရာ တီထြင္ဆန္းသစ္မႈခ်င္းေရာ ကြာေနတဲ့ပစၥည္းႏွစ္ခုကို ကိုယ္သာဆိုရင္ေရာ ဘယ္ဟာကိုေရြးမလဲ။

ျပည္တြင္းျဖစ္ကို အားေပးပါေျပာလို႔ ရေပမယ့္ ျပည္တြင္းျဖစ္ကလည္း သိပ္မကြာတဲ့ အရည္အေသြး ေတာ့ရွိေနသင့္တာေပါ့။ တကယ္ဆို ေစ်းကြက္ကို လက္ဦးမႈရယူႏုိင္ျပီးသားျဖစ္တဲ့သူေတြ က်ရံႈးကုန္တာဟာ ၀မ္းနည္းစရာေကာင္းပါတယ္။ ေစ်းကြက္ကို ယူျပီးသားျဖစ္ေပမယ့္ ျပိဳင္ဆိုင္မႈစြမ္းရည္ေတြ အသစ္မဖန္တီး ႏုိင္တာေၾကာင့္ ကိုယ္သိျပီးသားေစ်းကြက္ကို သူမ်ားကို ေပးလုိက္ရတာပဲ။ အေပၚက အိမ္ဆိုင္ဥပမာမွာေရာ၊ ျပည္တြင္းျဖစ္မီးပံုးေစ်းကြက္မွာေရာ ဒီသေဘာအတုိင္းပဲ။


ျမန္မာႏုိင္ငံက စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ သဘာ၀က လုပ္လက္စ လုပ္ေနက်ဟာေတြကိုပဲ ဆက္လုပ္ ခ်င္ၾကတယ္။ အသစ္ဖန္တီးဖို႔၊ ဗ်ဴဟာ ျပန္သံုးသပ္ဖို႔ စတာေတြအတြက္ အခ်ိန္မေပးခ်င္ၾကဘူး။ ဟိုးအရင္ ကတည္းက ေစ်းကြက္ထဲမွာရွိေနတဲ့ျပည္တြင္းျဖစ္ပစၥည္းေတြဆိုရင္ ဆန္းသစ္တဲ့အျမင္ အရည္အေသြးေတြနဲ႔ ထြက္လာတယ္ဆိုတာ အေတာ္ရွားရွားပဲ။

ျပိဳင္ဆိုင္မႈစြမ္းရည္ကိုထိန္းသိမ္းဖို႔အတြက္ အၾကမ္းဖ်င္းလုပ္ေဆာင္ႏုိင္တာ (၄) နည္းရွိပါတယ္။


၁။ ကုန္ထုတ္လုပ္မႈကို တိုးတက္ေအာင္လုပ္ပါ(efficiency)
၂။ အရည္အေသြးကို ေကာင္းမြန္ေအာင္လုပ္ပါ (quality)
၃။ အသစ္ဖန္တီးပါ (innovation) 
၄။ ၀ယ္ယူသူကို ဂရုတစိုက္နဲ႔ အေလးထားပါ (customer responsiveness)

အဲဒါဆိုရင္ေတာ့ ကိုယ့္ရဲ႕ ယွဥ္ျပိဳင္စြမ္းရည္ကို ထိန္းသိမ္းႏုိင္ပါလိမ့္မယ္။ ေတြ႔ရသေလာက္ အားအနည္းဆံုး ကေတာ့ အသစ္ဖန္တီးမႈေတြပဲ။ ကိုယ့္ႏုိင္ငံက လုပ္ငန္းရွင္ေတြ၊ ျမန္မာမႈပညာရွင္ေတြ ေစ်းကြက္ထဲကေန ထြက္ခြာသြားၾကရတာကို ဆက္မျမင္ခ်င္ပါဘူး။

Credit ; Thurein Hlaing Win

(Unicode Version)

ရပ်ကွက်တစ်ခုမှာ ကုန်ပစ္စည်းအသေးစားလေးတွေရောင်းတဲ့ အိမ်ဆိုင်လေးတစ်ဆိုင်ရှိတယ်။ အဲဒီရပ်ကွက် တစ်ခုလုံးမှာ သူတစ်ယောက်ပဲရှိတာ။ ရပ်ကွက်ထဲကလူတွေက ၀ယ်စရာရှိရင် တစ်ခုတည်းသော ဒီဆိုင်လေး ကနေပဲဝယ်ရတာဆိုတော့ ရောင်းကောင်းတယ်ပေါ့။ နောက်တော့ အဲဒီရပ်ကွက်ထဲမှာ ၂၄နာရီဖွင့်တဲ့ convenience store တွေလာဖွင့်တယ်။ ပထမ သုံးလေးလလောက်မှာ အိမ်ဆိုင်လေးရဲ့ အမြတ်ငွေကျတယ်။ ဒုတိယသုံးလေးလလောက်မှာ အရှုံးပေါ်တဲ့လတွေ ပေါ်နေတယ်။ တစ်နှစ်အကြာမှာ အဲဒီအိမ်ဆိုင်လေး ပိတ်လိုက်ရတယ်။
ကုန်ပစ္စည်းချင်းအတူတူ ငါ့ပစ္စည်းကို ဘာကြောင့် ၀ယ်သင့်တာလဲဆိုတဲ့အကြောင်းပြချက်က ပြိုင်ဆိုင်မှုစွမ်းရည် (competitive advantage)။ ပိတ်လိုက်ရတဲ့အိမ်ဆိုင်လေးရဲ့ အကြောင်းကိုပြောရင် ငွေကြေးအရင်းအနှီးမရှိလို့ လူအင်အားမရှိလို့စသဖြင့် အကြောင်းရင်းမျိုးစုံပြောနိုင်တယ်။ ဒါပေမယ့် ခြုံပြောလိုက်ရင် တစ်ခုတည်းက ပြိုင်ဆိုင်မှုစွမ်းရည်ဆုံးရှုံးသွားလို့။
ပထမသူရောင်းကောင်းနေတာက သူ့ပြိုင်ဆိုင်မှုစွမ်းရည်ကို တစ်ရပ်ကွက်လုံးမှာ တစ်ခုတည်းရှိတယ်ဆိုတဲ့ အချက်အပေါ်မူတည်ပြီးတည်ဆောက်ထားလို့။ ပြိုင်ဘက်တွေပေါ်လာတဲ့အချိန်မှာ ဒီပြိုင်ဆိုင်မှုစွမ်းရည်က အလကားဖြစ်သွားပြီ။ သုံးစားလို့မရတော့ဘူး။ အဲဒီအချိန်မှာ ဒီသဘောကိုအမြန်သုံးသပ်မိပြီး ပြိုင်ဆိုင်မှုစွမ်းရည်အသစ်တည်ဆောက်မယ်ဆိုရင် ဆက်လက်ယှဉ်ပြိုင်နိုင်မယ်။ မဟုတ်ရင်တော့ စျေးကွက်ထဲကနေ ထွက်ခွာရလိမ့်မယ်။
သီတင်းကျွတ်အချိန်မှာ သတိထားမိတဲ့အချက်က ပြည်တွင်းဖြစ်မီးပုံးတွေ၊ ကလေးကစားစရာတွေ မမြင်ရသလောက်ဖြစ်သွားပြီး တရုတ်လုပ်မီးပုံးတွေ ကစားစရာတွေက အစားထိုးဝင်လာတယ်ဆိုတာပဲ။ ခေတ်နဲ့မညီတော့လို့ နည်းပညာမရှိလို့ ဘာညာပြောလို့ရပေမယ့် တကယ်တမ်းက ပြိုင်ဆိုင်မှုစွမ်းရည် ပျောက်ဆုံးသွားလို့ပဲ။ စျးနှုန်းအားဖြင့်ရော အရည်အသွေးအားဖြင့်ရော တီထွင်ဆန်းသစ်မှုချင်းရော ကွာနေတဲ့ပစ္စည်းနှစ်ခုကို ကိုယ်သာဆိုရင်ရော ဘယ်ဟာကိုရွေးမလဲ။
ပြည်တွင်းဖြစ်ကို အားပေးပါပြောလို့ ရပေမယ့် ပြည်တွင်းဖြစ်ကလည်း သိပ်မကွာတဲ့ အရည်အသွေး တော့ရှိနေသင့်တာပေါ့။ တကယ်ဆို စျေးကွက်ကို လက်ဦးမှုရယူနိုင်ပြီးသားဖြစ်တဲ့သူတွေ ကျရှုံးကုန်တာဟာ ၀မ်းနည်းစရာကောင်းပါတယ်။ စျေးကွက်ကို ယူပြီးသားဖြစ်ပေမယ့် ပြိုင်ဆိုင်မှုစွမ်းရည်တွေ အသစ်မဖန်တီး နိုင်တာကြောင့် ကိုယ်သိပြီးသားစျေးကွက်ကို သူများကို ပေးလိုက်ရတာပဲ။ အပေါ်က အိမ်ဆိုင်ဥပမာမှာရော၊ ပြည်တွင်းဖြစ်မီးပုံးစျေးကွက်မှာရော ဒီသဘောအတိုင်းပဲ။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သဘာဝက လုပ်လက်စ လုပ်နေကျဟာတွေကိုပဲ ဆက်လုပ် ချင်ကြတယ်။ အသစ်ဖန်တီးဖို့၊ ဗျူဟာ ပြန်သုံးသပ်ဖို့ စတာတွေအတွက် အချိန်မပေးချင်ကြဘူး။ ဟိုးအရင် ကတည်းက စျေးကွက်ထဲမှာရှိနေတဲ့ပြည်တွင်းဖြစ်ပစ္စည်းတွေဆိုရင် ဆန်းသစ်တဲ့အမြင် အရည်အသွေးတွေနဲ့ ထွက်လာတယ်ဆိုတာ အတော်ရှားရှားပဲ။
ပြိုင်ဆိုင်မှုစွမ်းရည်ကိုထိန်းသိမ်းဖို့အတွက် အကြမ်းဖျင်းလုပ်ဆောင်နိုင်တာ (၄) နည်းရှိပါတယ်။
၁။ ကုန်ထုတ်လုပ်မှုကို တိုးတက်အောင်လုပ်ပါ(efficiency)
၂။ အရည်အသွေးကို ကောင်းမွန်အောင်လုပ်ပါ (quality)
၃။ အသစ်ဖန်တီးပါ (innovation)
၄။ ၀ယ်ယူသူကို ဂရုတစိုက်နဲ့ အလေးထားပါ (customer responsiveness)
အဲဒါဆိုရင်တော့ ကိုယ့်ရဲ့ ယှဉ်ပြိုင်စွမ်းရည်ကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ တွေ့ရသလောက် အားအနည်းဆုံး ကတော့ အသစ်ဖန်တီးမှုတွေပဲ။ ကိုယ့်နိုင်ငံက လုပ်ငန်းရှင်တွေ၊ မြန်မာမှုပညာရှင်တွေ စျေးကွက်ထဲကနေ ထွက်ခွာသွားကြရတာကို ဆက်မမြင်ချင်ပါဘူး။
Credit ; Thurein Hlaing Win

Read times
Rate this item
(2 votes)