-->
×
Warning
JUser: :_load: Unable to load user with ID: 29
Smart Phone Brand ကုမ္ပဏီများအကြောင်း
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းတစ်ခုဖြစ်တဲ့ Time Out ကသက်ရောက်မှုရှိ
ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့ဖြစ်ပွားနေမှုကို အကြောင်းပြု၍ Time Out က off-the-cuff ထုတ်ပြန်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။နိုင်ငံများစွာတွင် ခရီးသွားလာခွင့်ပိတ်ပင်ထားမှုကို ကျော်လွန်၍ Time Out ခရီးသွားလုပ်ငန်းသည် Time Inဟု အမည်ပြောင်းလဲ ခဲ့ပါတယ်။
နယူးယောက်နဲ့လန်ဒန်ထုတ်ဝေမှုနှစ်ခုစလုံးရဲ့ ပုံနှိပ်မဂ္ဂဇင်းနှင့်ဝက်ဘ်ဆိုက်တို့တွင် ယခုအခါ 'social distancing' မူဝါဒ၏အကျိုးဆက်များကို အသိအမှတ်ပြုသည့် အမှတ်တံဆိပ်အသစ် ပေါ်ပေါက်လာပါပြီ။
နယူးယောက်မြို့တွင် မနက်ဖြန်မှ စတင်ကာ ရောဂါကူးစက်မှုများ မြင့်တက်လာမှာကို စိုးရိမ်သဖြင့် စားသောက်ဆိုင်များ၊ အရက်ဆိုင်များနဲ့ အခြားနေရာများအားလုံးကို ပိတ်သွားမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပင် ဥရောပက ခရီးသွားလာခြင်းကိုတားမြစ်လိုက်ပြီး UKနဲ့ အိုင်ယာလန်နိုင်ငံတို့ပါ ပါဝင်လာကြပါတယ်။
၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု
Time In rebrand ၏အယ်ဒီတာဖြစ်သူ Will Gleason က နောက်ကွယ်အကြောင်းအရင်း ကိုရှင်းပြတာကတော့“ ဒီအဖြစ်အပျက်အသစ်ကို အသိအမှတ်ပြုဖို့ ကျွန်ုပ်တို့ရဲ့Logoကို ယာယီပြောင်းလိုက်ပါတယ်။ဒါပေမယ့်စိတ်ချပါ၊Time Out နယူးယောက်သည် ခင်ဗျားတို့ရဲ့ အကောင်းဆုံးသောမြို့တွေကိုရှာဖွေတွေ့ရှိဖို့ အတူတူရှိပြီး Time Out ဖြစ်ဖြစ် Time Inဖြစ်ဖြစ် ဆက်လက်ကူညီသွားကြမှာပါ။Time Outသည် ပြည်ပခရီးစဉ်တွေပြည်တွင်းပို့ဆောင်ရေးတွေလုပ်ဆောင်ရာမှ ပြည်တွင်းဝန်ဆောင်မှုဖြစ်သွားတာက အရမ်းတော့လွယ်ကူ မနေပါဘူး။
"ကျွန်တော်တို့ ဖြစ်လာမယ့်အကြောင်းအရာတွေအများစုကိုသိပါတယ်။ ကျွန်တော်တို့ချစ်ရင် လုပ်ငန်းသေးသေးလေးဖြစ်ဖြစ် ဒီအချိန်ကနာကျင်ရပါတယ်။ဒါကြောင့် ကျွန်တော်တို့ ဆက်လက်ကြော်ငြာသွားမယ် အဲ့တာကိုလုပ်လို့ရတဲ့အထိ ဒါကြောင့်ကျွန်တော်တို့ ရှိနေသမျှ ကာလပတ်လုံး တာဝန်ရှိသူအဖြစ် ကျွန်တော်တို့ဆက်လက်စောင့်ရှောက်သွားမှာပါ။ တိုက်ခန်းတွေမှာ ပုံမှန်ထက်အချိန်ပိုပေးတဲ့ သူများအတွက် Guideများက streaming
ဝန်ဆောင်မှုများ မှလက်ရှိရရှိနိုင်သည့် leaderboardဝင်ရုပ်ရှင်များအထိ၊ အိမ်၌ ပျော်စရာကောင်းတဲ့အရာများပေးမှာဖြစ်တဲ့အတွက် အကောင်းဆုံးဝယ်ယူခြင်းနှင့်ဖြန့်ဝေခြင်း
ဝန်ဆောင်မှုများကိုလည်း မြို့ထဲမှာပေးဖို့ ကြိုးစားသွားကြမှာပါ။"လို့ပြောသွားပါတယ်။
Time Out သည် မကြာမီရက်များအတွင်း ဖြစ်ပွားမှု၏အကျိုးသက်ရောက်မှုများကို စတင်ခံစားရပါတယ်။ Lisbon နဲ့ US ရှိ Time Out Markets ငါးခုတွင် မပိတ်ခင်ခြေလျင်များကျဆင်းမှုက သိသာထင်ရှားပါတယ်။ထုတ်ဝေမှုများတွင် ကြော်ငြာလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများရှိကြောင်းကိုလည်းဖော်ပြထားပါသေးတယ်။
ဤဆောင်းပါးသည် ကမ္ဘာ၊Time Out ၊ကိုရိုနာဗိုင်းရပ်စ်၊Rebrand နှင့် ဈေးကွက်ရှာဖွေရေးများကို ရည်ညွှန်းထားခြင်းဖြစ်ပါသည်။
Reference Source: The Drum
Myanmar Advertising Directory
Read times
Rate this item
(0 votes)