-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google မှာ ကြော်ငာရွေးချယ်ပြသနိုင်မယ့်နည်းစနစ်များ

Google မှာ ကြော်ငာရွေးချယ်ပြသနိုင်မယ့်နည်းစနစ်များ Google

အားလုံးသိကြတဲ့အတိုင်း အွန်လိုင်းမှာကြော်ငြာခြင်းဟာ သမားရိုးကျကြော်ငြာနဲ့မတူဘဲ ကိုယ့်ကြော်ငြာကိုမြင်စေချင်တဲ့လူတွေ၊ တနည်းအားဖြင့် ကိုယ့် customerဖြစ်လာနိုင်တဲ့လူတွေကို ရွေးချယ်ပြသလို့ရတာပဲဖြစ်ပါတယ်။

အဲ့တော့အွန်လိုင်းမှာ ဘယ်လိုကြော်ငြာကြမလဲ??အွန်လိုင်းမှာ ကြော်ငြာတာတွေက အမျိုးမျိုးရှိကြပါတယ်။ အဲ့ထဲမှာမှ အခုကျွန်တော်ပြောပြပေးသွားမှာက Google platform မှာ ကိုယ် target ထားတဲ့လူတွေဆီ ရောက်အောင်သုံးတဲ့နည်းလမ်းအမျိုးမျိုးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

vCPM လို့ခေါ်တဲ့ cost-per-thousand viewable impressions

နာမည်အတိုင်း အကြိမ်ရေတစ်ထောင်ပြပီးတိုင်း၊ ပြပီးတိုင်းပိုက်ဆံဖြတ်တဲ့နည်းနဲ့ ပြသပေးတာဖြစ်ပါတယ်။ ဒီနည်းက ကိုယ့်ကြော်ငြာကို ပြသတဲ့ အကြိမ်အရေအတွက် (သို့) ကြော်ငြာကို လူတွေမြင်တဲ့အကြိမ်အရေအတွက်ပေါ်ကို အဓိကထားပါတယ်။ အဲ့တော့ vCPM ကို ကိုယ့်လုပ်ငန်းလူသိများအောင်ကြော်ငြာတဲ့နေရာမှာ လုပ်ငန်းရှင်တွေအနေနဲ့ရွေးချယ်သင့်ပါတယ်။

CPC လို့ခေါ်တဲ့ cost-per-click

သူက ကိုယ့်ကြော်ငြာကို စိတ်ဝင်စားလို့နှိပ်ကြည့်တဲ့ click အရေတွက်ပေါ်မူတည်ပြီး ပိုက်ဆံပေးကြော်ငြာရတာပါ။ သူ့ကိုသုံးရတဲ့ရည်ရွယ်ချက်က အကယ်လို့သင့်မှာ ဝက်ဆိုဒ်ရှိရင် အဲ့ဝက်ဆိုဒ်ကိုလူများများဝင်ရောက်ကြည့်ရှုဖို့ ကြော်ငြာပေါ်မှာ link ထည့်ပီး ပြသရတာဖြစ်ပါတယ်။

CPA လို့ခေါ်တဲ့ cost per acquisition

ဒီနည်းကကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့တော့ သုံးတဲ့လူမရှိသလောက်ပါပဲ။ သူကအကုန်ကျအရမ်းများသလို လုပ်ငန်းရဲ့ထင်ပေါ်ကျော်ကြားမှုနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနည်းစနစ်က အမှန်တကယ် customer ဖြစ်လာတာ (လူတွေကကိုယ့်ကြော်ငြာကိုမြင်ပီး လုပ်ဆောင်မှုတစ်ခုခု- ဥပမာ- Order ခလုတ်ကို နှိပ်လိုက်တာ(သို့) Subscribe လုပ်လိုက်တာ၊ Signups လုပ်တာ) တွေကို အဓိကထားပီးကြော်ငြာရလို့ဖြစ်ပါတယ်။ အဲဒါကြောင့်ကိုယ်သာ လုပ်ငန်းရှင်ဆို ကျွန်တော်ပြောပြတဲ့ တစ်ခုခုလုပ်ငန်းအတွက်လိုနေပြီဆို ဒီ CPA method နဲ့ကြော်ငြာဖို့လိုပါတယ်။

Read More>>> Business မှာ Hashtag အသုံးပြုခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

Source; KanAung Media

 

Read times
Rate this item
(1 Vote)