-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၀၂၀ ခုနှစ်မှာ သုံးစွဲသူ(၄)ဘီလီယံထိ ရှိလာနိုင်တဲ့ Email

၂၀၂၀ ခုနှစ်မှာ သုံးစွဲသူ(၄)ဘီလီယံထိ ရှိလာနိုင်တဲ့ Email Google

ပထဆုံး Email ကိုတော့ လွန်ခဲ့တဲ့ (၄၈)နှစ်မှာစတင်ပို့ခဲ့ပြီး နောက်ပိုင်းမှာကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း Digital Marketing နည်းပညာတွေ တဟုန်ထိုးတိုးတက်လာပြီး Email Marketing ဆိုတဲ့ ကဏ္ဍတစ်ရပ်အနေနဲ့ Digital Marketing နယ်ပယ်ထဲမှာ ပါဝင်နေဆဲပါ။ Facebook, Instagram အစရှိတဲ့ Social Media Platform တွေက လူသုံးများလာတဲ့အတွက် Email ကိုတွင်တွင်ကျယ်ကျယ် အသုံးမပြုတော့ဘူး ထင်နေတတ်တာတွေကိုလည်း တွေ့ရပါတယ်။

အခုဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ Email ကို လက်ရှိမှာအသုံးပြုနေတဲ့သူအရေအတွက်နဲ့ နောက်ထပ် User တွေဘယ်လောက်ထိ Email ကိုအသုံးပြုလာနိုင်လဲဆိုတာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Worldwide အနေနဲ့ဆိုရင် Email Users 3.9 Billion ရှိနေပြီးတော့ တစ်ကမ္ဘာလုံးရဲ့ လူဦးရေ(၅၀)ရာခိုင်နှုန်းလောက်ကလဲ Email ကိုအသုံးပြုနေကြတယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်မှာဆိုရင်တော့ Email User က 4 Billion လောက်ရှိလာနိုင်မယ်လို့ ခန့်မှန်းနိုင်ပြီး ၂၀၂၃ ခုနှစ်မှာတော့(၃)ရာခိုင်နှုန်းတိုးပြီး User 4.3 Billion ထိရှိလာနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ US မှာဆိုရင်လဲ Email အသုံးပြုတဲ့ လူငယ်အရေအတွက်က 258 Million ရှိနေပြီးတော့ တစ်နိုင်ငံလုံး ရာခိုင်နှုန်းအရဆိုရင်တော့ (၇၆)ရာခိုင်နှုန်းရှိပါတယ်။

Read More>>>ဒီဂျစ်တယ်ကြော်ငြာလက်ကမ်းစာစောင်ပြုလုပ်ခြင်းရဲ့အကျိုးကျေးဇူးများ

၂၀၁၈ ခုနှစ်မှာတော့ လူတစ်ယောက်ကို ပျှမ်းမျှအနေနဲ့ Email အကောင့် (၂)ခုစီရှိကြတယ်လို့ သိရှိရပါတယ်။ နေ့စဉ်ပို့နေတဲ့ Email အစောင်ရေဟာဆိုရင်လည်း 263.6 Billion ရှိနေပြီးတော့ နောက်နှစ်မှာတော့ 306.4 Billion ထိရှိလာနိုင်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း Social Media Platform တွေလောက် Email ကို အသုံးသိပ်မများတော့ဘူး အထင်မြင်လွဲမှားတတ်နေတာက ယခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာတွေကို ကြည့်ရှုခြင်းအားဖြင့် သုံးသပ်နိုင်ပါတယ်။

Credit; SEO Myanmar

 

Read times
Rate this item
(1 Vote)