Apple ရဲ့ flagship ဟန်းဆက်ဖြစ်တဲ့ iPhone X ဟာ ကမ္ဘာ့အရောင်းရဆုံး စမတ်ဖုန်းနေရာကို ဖေဖေါ်ဝါရီလက မိတ်ဆက်ခဲ့တဲ့
Samsung Galaxy S9+ ထံ
လွှဲပြောင်းပေးခဲ့ ရတယ်လို့ Counter point Research ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်၊၊
iPhone X ဟာ ဧပြီလမှာ Apple ရဲ့ အရောင်းရဆုံး မော်ဒယ်အဖြစ် ရပ်တည်ခဲ့ပြီး
ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ၂.၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်၊၊
iPhone 8 Plus ကလည်း iPhone X နဲ့ အလွန်နီးစပ်ခဲ့ပြီး ဈေးကွက်ရဲ့ ၂.၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြန်ပါတယ်၊၊
သူတို့ရဲ့နောက်မှာ iPhone 8 က ၂.၂ ရာခိုင်နှုန်းနဲ့ ရပ်တည်ခဲ့ပါတယ်၊၊
ဒါပေမဲ့ Apple ရဲ့ 2017 ဟန်းဆက် သုံးမျိုးစလုံးဟာ ဈေးကွက်ရဲ့ ၂.၆ ရာခိုင်နှုန်းစီ ပိုင်ဆိုင်တဲ့ Galaxy S9+ နဲ့ S9 နောက်မှာသာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်၊၊
Recommended for you-Shop.com.mm ကို ၀ယ်ယူလိုက်တဲ့ Alibaba
Source; Internet
Myanmar Advertising Directory
ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...၊၊