-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘာပဲလိုလို ရန်ကုန်လမ်းညွှန်လို့ လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့အကြောင်း

ဘာပဲလိုလို ရန်ကုန်လမ်းညွှန်လို့ လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့အကြောင်း google

ရန်ကုန်လမ်းညွှန်ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော နံပါတ်တစ် လမ်းညွှန်စာအုပ် ဖြစ်ပါတယ်။ ဘာပဲလိုလိုလို့ ဆိုလိုက်တာနဲ့ လူတွေဟာ ရန်ကုန်လမ်းညွှန်ကို မျက်လုံးထဲ ပြေးမြင်တဲ့အထိ အောင်မြင်မှု ရနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုခုရဲ့ ဖုန်းနံပါတ်ကို သိချင်ရင်ပဲ ဖြစ်ဖြစ်၊ တစ်နေရာရာရဲ့ လိပ်စာကို လိုချင်ရင်ပဲဖြစ်ဖြစ် မိမိသိလိုတဲ့ အချက်အလက်တွေကို အလျှင်မြန်ဆုံး ရှာဖွေ ရရှိနိုင်တာကြောင့် ကုမ္ပဏီတိုင်း၊ အဖွဲ့အစည်းတိုင်း၊ ရုံးတိုင်းလိုလို ရန်ကုန်လမ်းညွှန်ကို လက်စွဲအဖြစ် ထားရှိကြပါတယ်။


ကြော်ငြာကဏ္ဍထဲမှာ အအောင်မြင်ဆုံး လမ်းညွှန်တစ်ခု ဖြစ်ပြီး လေ့လာဆန်းစစ်ချက်များ အရဆိုရင် ရန်ကုန်လမ်းညွှန်ကို သိတဲ့သူဟာ လူဦးရေ ၃.၅ မီလီယံ ရှိနေပါတယ်။ လမ်းညွှန်ကို သုံးစွဲတဲ့သူတွေက ၁.၃ မီလီယံ ရှိပြီး လမ်းညွှန်ထဲမှာပါတဲ့ ကြော်ငြာတွေကို သိရှိသူဟာ ၂.၃ မီလီယံ ရှိနေပါတယ်။


ရန်ကုန်လမ်းညွှန်ကို ၁၉၉၂ ခုနှစ်ကတည်းက အုပ်ရေ ၇၀,၀၀၀ နဲ့ စတင် ထုတ်ဝေခဲ့ပြီး အခုဆိုရင် ၂၇ နှစ် ကြာမြင့်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သုံးစွဲသူ အများဆုံး လမ်းညွှန်တစ်ခုအဖြစ် ယနေ့အချိန်ထိ ရပ်တည်နေပါတယ်။

ရန်ကုန်လမ်းညွှန်မှာ သင့်လုပ်ငန်းကို အခမဲ့ ထည့်သွင်းလို့ ရတယ်ဆိုတာ သိပါသလား


နည်းပညာတွေ တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ဒီဂျစ်တယ်ခေတ်မှာ စာအုပ်နဲ့တင် ရပ်မနေပဲ အသုံးပြုသူတွေအတွက် အချက်အလက်တွေ လွယ်ကူ လျှင်မြန်စွာနဲ့ ရှာဖွေလို့ရအောင် ၂၀၀၁ ခုနှစ်မှာ ၀က်ဆိုဒ်ကိုလည်း လွှင့်တင်ခဲ့ပါတယ်။ ဒီဝက်ဆိုဒ်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ခေတ်ရှေ့ပြေး ၀က်ဆိုဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အက်ပလီကေးရှင်းကို ထပ်မံ ထုတ်လုပ်ခဲ့ပါသေးတယ်။


ရန်ကုန်လမ်းညွှန်ရဲ့ ကြော်ငြာဈေးနှုန်းတွေကတော့ အနည်းဆုံး ၄၈,၀၀၀ ကျပ်ကနေ စတင်ပြီး အများဆုံး သိန်း ၄၀ ကျော်အထိ အရွယ်အစား၊ ကာလာ၊ ဒီဇိုင်း မျိုးစုံ ရှိပါတယ်။ မိမိလုပ်ငန်းနဲ့ အဆင်ပြေ ကိုက်ညီတဲ့ ကြော်ငြာအမျိုးအစားတွေကို ရွေးချယ်လို့ ရနိုင်ပါတယ်။


အခြား ကြော်ငြာချန်နယ်တွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ လမ်းညွှန်စာအုပ်ထဲမှာ ကြော်ငြာထည့်လိုက်တာနဲ့ ၀က်ဆိုဒ်နဲ့ App တွေမှာပါ သင့်ရဲ့ စီးပွားရေးလုပ်ငန်း ကြော်ငြာတွေကို လူတွေက မြင်နေမှာ ဖြစ်ပါတယ်။


ကြော်ငြာကိစ္စနဲ့ ပတ်သတ်ပြီး အသေးစိတ် ဆက်သွယ် မေးမြန်းလိုတယ်ဆိုရင် Sale Team - 09448001662 ကို ဆက်သွယ်လို့ ရပါတယ်။


ရန်ကုန်လမ်းညွှန်ဝက်ဆိုဒ်မှာ သင်သိချင်တဲ့ အကြောင်းအရာတွေနဲ့ သတင်းအချက်အလက်တွေကို အခုပဲ ရှာဖွေလိုက်ပါ။
http://www.yangondirectory.com/en/


Myanmar Advertising Directory

Read times
Rate this item
(5 votes)