-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေၾကာ္ျငာ ကုမၸဏီမ်ားက ဝန္ထမ္းမ်ားအား ကိုရုိနာ ( ဝူဟန္ ) ဗိုင္းရပ္စ္ မွ အျပင္း အထန္ ကာကြယ္

ေၾကာ္ျငာ ကုမၸဏီမ်ားက ဝန္ထမ္းမ်ားအား ကိုရုိနာ ( ဝူဟန္ ) ဗိုင္းရပ္စ္ မွ အျပင္း အထန္ ကာကြယ္ google

ကမၻာတစ္ဝွမ္းတြင္ အေက်ာ္ၾကားဆုံး ေၾကာ္ျငာကြန္ယက္ ကုမၸဏီမ်ား ျဖစ္သည့္ WPP ႏွင့္ InterPublic Group (IPG) တို႔ အပါအ၀င္ ေၾကာ္ျငာကြန္ယက္ ကုမၸဏီအားလုံးနီးပါး သည္ Coronavirus (ကိုရုိနာ ဗိုင္းရပ္စ္) ျဖစ္ပြားစဥ္ကာလအတြင္း လူေပါင္း ၁၀၀ ေက်ာ္ ေသဆုံးခဲ့ေသာ တ႐ုတ္ႏိုင္ငံသို႔မသြားရန္ ၄င္းတို႕၏ ၀န္ထမ္း မ်ားအား ေတာင္းဆိုခဲ့သည္။

 

 

Coronavirus (ကိုရုိနာ ဗိုင္းရပ္စ္)သည္ တ႐ုတ္ႏွစ္သစ္ကူးကာလ တြင္ ျဖစ္ပြားမႈ စတင္ခဲ့ေလသည္။

 

တရုတ္နွစ္သစ္ကူး ကာလတြင္ ပိတ္ရက္မ်ားရွိသျဖင့္ ဝန္ထမ္းအမ်ားစုသည္ မိမိအိမ္သို႕ ျပန္ျခင္း ျပည္ပ အလည္အပတ္သြားျခင္းမ်ား ျပဳလုပ္ၾကပါတယ္။ တခ်ိဳ႕ကုမၸဏီေတြက တရုတ္နွစ္သစ္ကူး ကို ရက္ရွည္ပိတ္ေပးၾကတယ္။ အဲ့ေတာ့ တခ်ိဳ႕ ျပည္ပ မွာ အလုပ္လုပ္ေနၾကတဲ့ တရုတ္နိုင္ငံသားေတြနဲ႕ လူအမ်ားစုက တရုတ္နွစ္သစ္ကူးဆို တရုတ္နိုင္ငံကို အမ်ားဆုံး သြားေရာက္ၾကပါတယ္။

 


ေၾကာ္ျငာ ကုမၸဏီ WPP က သူတို႕၏ ဝန္ထမ္းမ်ားအား ယခု တရုတ္ႏွစ္သစ္ကူးအတြက္ အားလပ္ရက္ေပးထားသည့္ အခ်ိန္တြင္ တရုတ္နိုင္ငံသို႔ မသြားရန္ အၾကံျပဳ ေတာင္းဆိုစာ ထုတ္ျပန္ခဲ့သည္။
အေၾကာင္းမွာ ယခု တစ္ကမၻာလုံးကို ေၾကာက္ရြံ႕တုန္လႈပ္သြားေစတဲ့ ေဆးမရွိေသးတဲ့ Coronavirus (ကိုရုိနာ ဗိုင္းရပ္စ္) သည္ တရုတ္နိုင္ငံ ဝူဟန္ျမိဳ႕မွ စတင္ေပၚေပါက္လာျခင္း ျဖစ္ျပီး တရုတ္နိုင္ငံ တြင္ လူအမ်ား ကူးစက္ေနျပီး ထို ဗိုင္းရပ္စ္ ေၾကာင့္ တရုတ္နိုင္ငံမွာ လူေပါင္း ၁၀၀ ေက်ာ္ ေသဆုံးသြားျပီလို႕သတင္းအခိုင္အမာ ထြက္ေပၚ လာတဲ့ အတြက္ ပဲ ျဖစ္ပါတယ္။

 

 

“ ဒီအခ်ိန္မွာ ဒီလို ခရီးသြား ကန႔္သတ္ခ်က္ဟာ တ႐ုတ္ နဲ႔ ေဟာင္ေကာင္တို႔ နဲ႕ပဲ သက္ဆိုင္တယ္။ အၿမဲတမ္းလိုပဲ ဒီဆုံးျဖတ္ခ်က္ဟာ ၀န္ထမ္းေတြကို လုံျခံဳေစဖို႕ပဲ ဆုံးျဖတ္ခဲ့တာပါ။ တခ်ိဳ႕ မျဖစ္မေန သြားရမယ့္ ကိစၥေတြ ရွိတာ ကို က်ြန္ေတာ္ တို႕ နားလည္ပါတယ္။

ထို႔ေၾကာင့္ လက္ရွိ ကန႔္သတ္ခ်က္သည္ အခ်ိဳ႕ေသာကိစၥရပ္မ်ား (ဥပမာ စီးပြားေရးအရအေရးပါေသာခရီးသြားလာျခင္း) ထိုကဲ့သို႕အေရးၾကီး ကိစၥရပ္မ်ိဳးဆို ခြင့္ျပဳေပးပါသည္။ 

အကယ္၍ တရုတ္နိုင္ငံသို႔ ခရီးသြားရန္ အေရးႀကီးေသာ စီးပြားေရးလုပ္ငန္းအေၾကာင္းျပခ်က္ ရွိပါက ထိုအေၾကာင္းျပခ်က္ကို IPG ႐ုံးသို႔ ခြင့္ျပဳခ်က္တစ္ခု ႏွင့္ အတူ စာျဖင့္ အေၾကာင္းၾကားေပးရမည္။ ” ဟု IPG မွ ေျပာခြင့္ရပုဂၢိဳလ္တစ္ဦး က ရွင္းျပခဲ့သည္။

 

နာမည္ေက်ာ္ အမ်ားအျပား အသုံးျပဳျပီး ရုိက္ကူးထားတဲ့ Adidas ရဲ႕ေၾကာ္ျငာသစ္

 

Havas ၏ ေျပာေရးဆိုခြင့္ရွိသူမွ “ ထို Coronavirus (ကိုရုိနာ ဗိုင္းရပ္စ္)ေရာဂါ ျဖစ္ပြားမႈ တိုးတက္လာတာနဲ႔အမွ် ကြၽန္ေတာ္တို႔က အနီးကပ္ေစာင့္ၾကည့္ေနပါတယ္။ ခရီးသြားလာေရး မူဝါဒကို တိတိက်က် အေကာင္အထည္ေဖာ္ႏိုင္ျခင္း မရွိေသးေပမယ့္ ၀န္ထမ္းေတြကို ေဒသႏၲရအစိုးရႏွင့္ WHO မွ အႀကံျပဳခ်က္မ်ားကို လိုက္နာရန္ အၾကံေပး ေျပာဆိုမႈမ်ား ထိထိ ေရာက္ေရာက္ ျဖစ္ေအာင္ကို ၾကိဳးစား လုပ္ေဆာင္ေနပါတယ္" လို႕ ေျပာၾကားခဲ့ပါတယ္။

 

ထို Coronavirus (ကိုရုိနာ ဗိုင္းရပ္စ္) ေရာဂါကူးစက္ခံရသူအေရအတြက္မွာ တျဖည္းျဖည္းျမင့္တက္လာ လ်က္ရွိျပီး ယခု ကမာၻ တစ္ဝွမ္းတြင္ လူေပါင္း ၆၀၆၅ ဦး ကူးစက္ခံေနရတယ္လို႕သိရပါတယ္။

 

<<<unicode>>>

 

ကြော်ငြာ ကုမ္ပဏီများက ဝန်ထမ်းများအား ကိုရိုနာ ( ဝူဟန် ) ဗိုင်းရပ်စ် မှ အပြင်း အထန် ကာကွယ်

===============================================================

 

ကမ္ဘာတစ်ဝှမ်းတွင် အကျော်ကြားဆုံး ကြော်ငြာကွန်ယက် ကုမ္ပဏီများ ဖြစ်သည့် WPP နှင့် InterPublic Group (IPG) တို့ အပါအဝင် ကြော်ငြာကွန်ယက် ကုမ္ပဏီအားလုံးနီးပါး သည် Coronavirus (ကိုရိုနာ ဗိုင်းရပ်စ်) ဖြစ်ပွားစဉ်ကာလအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သော တရုတ်နိုင်ငံသို့မသွားရန် ၎င်းတို့၏ ဝန်ထမ်း များအား တောင်းဆိုခဲ့သည်။

 

Coronavirus (ကိုရိုနာ ဗိုင်းရပ်စ်)သည် တရုတ်နှစ်သစ်ကူးကာလ တွင် ဖြစ်ပွားမှု စတင်ခဲ့လေသည်။

 

တရုတ်နှစ်သစ်ကူး ကာလတွင် ပိတ်ရက်များရှိသဖြင့် ဝန်ထမ်းအများစုသည် မိမိအိမ်သို့ ပြန်ခြင်း ပြည်ပ အလည်အပတ်သွားခြင်းများ ပြုလုပ်ကြပါတယ်။ တချို့ကုမ္ပဏီတွေက တရုတ်နှစ်သစ်ကူး ကို ရက်ရှည်ပိတ်ပေးကြတယ်။ အဲ့တော့ တချို့ ပြည်ပ မှာ အလုပ်လုပ်နေကြတဲ့ တရုတ်နိုင်ငံသားတွေနဲ့ လူအများစုက တရုတ်နှစ်သစ်ကူးဆို တရုတ်နိုင်ငံကို အများဆုံး သွားရောက်ကြပါတယ်။

 


ကြော်ငြာ ကုမ္ပဏီ WPP က သူတို့၏ ဝန်ထမ်းများအား ယခု တရုတ်နှစ်သစ်ကူးအတွက် အားလပ်ရက်ပေးထားသည့် အချိန်တွင် တရုတ်နိုင်ငံသို့ မသွားရန် အကြံပြု တောင်းဆိုစာ ထုတ်ပြန်ခဲ့သည်။


အကြောင်းမှာ ယခု တစ်ကမ္ဘာလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေတဲ့ ဆေးမရှိသေးတဲ့ Coronavirus (ကိုရိုနာ ဗိုင်းရပ်စ်) သည် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ တွင် လူအများ ကူးစက်နေပြီး ထို ဗိုင်းရပ်စ် ကြောင့် တရုတ်နိုင်ငံမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးသွားပြီလို့သတင်းအခိုင်အမာ ထွက်ပေါ် လာတဲ့ အတွက် ပဲ ဖြစ်ပါတယ်။

 

North Carolina မှ ကြောင်ဆိုးကြီး ကြော်ငြာ

 

“ ဒီအချိန်မှာ ဒီလို ခရီးသွား ကန့်သတ်ချက်ဟာ တရုတ် နဲ့ ဟောင်ကောင်တို့ နဲ့ပဲ သက်ဆိုင်တယ်။ အမြဲတမ်းလိုပဲ ဒီဆုံးဖြတ်ချက်ဟာ ဝန်ထမ်းတွေကို လုံခြုံစေဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ။ တချို့ မဖြစ်မနေ သွားရမယ့် ကိစ္စတွေ ရှိတာ ကို ကျွန်တော် တို့ နားလည်ပါတယ်။

ထို့ကြောင့် လက်ရှိ ကန့်သတ်ချက်သည် အချို့သောကိစ္စရပ်များ (ဥပမာ စီးပွားရေးအရအရေးပါသောခရီးသွားလာခြင်း) ထိုကဲ့သို့အရေးကြီး ကိစ္စရပ်မျိုးဆို ခွင့်ပြုပေးပါသည်။

အကယ်၍ တရုတ်နိုင်ငံသို့ ခရီးသွားရန် အရေးကြီးသော စီးပွားရေးလုပ်ငန်းအကြောင်းပြချက် ရှိပါက ထိုအကြောင်းပြချက်ကို IPG ရုံးသို့ ခွင့်ပြုချက်တစ်ခု နှင့် အတူ စာဖြင့် အကြောင်းကြားပေးရမည်။ ” ဟုIPG မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး က ရှင်းပြခဲ့သည်။

 

 

Havas ၏ ပြောရေးဆိုခွင့်ရှိသူမှ “ ထို Coronavirus (ကိုရိုနာ ဗိုင်းရပ်စ်)ရောဂါ ဖြစ်ပွားမှု တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့က အနီးကပ်စောင့်ကြည့်နေပါတယ်။ ခရီးသွားလာရေး မူဝါဒကို တိတိကျကျ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေမယ့် ဝန်ထမ်းတွေကို ဒေသန္တရအစိုးရနှင့် WHO မှ အကြံပြုချက်များကို လိုက်နာရန် အကြံပေး ပြောဆိုမှုများ ထိထိ ရောက်ရောက် ဖြစ်အောင်ကို ကြိုးစား လုပ်ဆောင်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

ထို Coronavirus (ကိုရိုနာ ဗိုင်းရပ်စ်) ရောဂါကူးစက်ခံရသူအရေအတွက်မှာ တဖြည်းဖြည်းမြင့်တက်လာ လျက်ရှိပြီး ယခု ကမ္ဘာ တစ်ဝှမ်းတွင် လူပေါင်း ၆၀၆၅ ဦး ကူးစက်ခံနေရတယ်လို့သိရပါတယ်။

 

Source: The Drum

Myanmar Advertising Directory 

Read times
Rate this item
(0 votes)